Episode -2 / Unicode

3.5K 203 6
                                    

Episode 2

🍁လမ်းခွဲ🍁
🍁
🍁
🍁

" ကျွန်တော် နေမကောင်းဘူး"

ည ၁၀ နာရီထိုးမှ ဝင်လာသောဖုန်းစိမ်းနှင့် ကွဲအက်အက်အသံတိုးတိုးလေးက
နှလုံးသားကို မီးပြင်းပြင်းနှင့်အထိုးခံလိုက်ရသည့်အတိုင်း။

ထိုအသံကို သူစဥ်းစားကြည့်စရာ မလိုခဲ့။

" ဆရာဝန်ကို ဖုန်းဆက်ခေါ်သင့်တယ်လို့ ကိုယ်...အာ ငါထင်တယ် "

အကျိုးအကြောင်းကို ထောက်ပြမိတော့ စိတ်တိုသွားသည့် အသက်ရှူသံပြင်းပြင်းကို သဲ့သဲ့ကြားလိုက်ရသည်။
ကျွန်တော့်ခြေလှမ်းတွေ၏လှုပ်ရှားချင်စိတ်ကို အသိစိတ်တို့နှင့် ဖိနှိပ်ထားလိုက်တော့

" မလာဘူးလား? ဟုတ်ပြီ အဲ့ဒါဆိုလဲ ဘေဘီ့ကိုခေါ်ရုံပေါ့"

" ခဏ .."

ရုတ်တရက်တားလိုက်ပြီးမှ ဘာပြောရမှန်းမသိဖြစ်သွားသည်။

" ဘာလဲ ? ဘာပြောမလို့လဲ?"

တစ်ဖက်က စိတ်မရှည်စွာပြောလာသည်ကို ကျွန်​တော်ငြိမ်ပြီးနားထောင်နေမိဆဲ။

ဟုတ်ပါရဲ့။ ကျွန်တော်ဘာလို့တားလိုက်မိတာလဲ?

" ကျစ်!...ကျွန်တော် ပြောတာကို မကြားဘူးလား "

" ကိုယ့်...ညီမလေးကို ညကြီးအပြင်မထွက်စေချင်ဘူး"

ပြောလိုက်မိတာက ရူးကြောင်ကြောင်စကားလုံးများ။
ကျွန်တော့်ကိုယ်ကျွန်တော် နားလည်ဖို့ တော်တော်လေးခက်နေပြီ။
ညီမလေးနဲ့သူက ကျွန်တော့်ကိုအသိပေးပြီးတွဲနေတဲ့ ချစ်သူတွေ။ပြီးတော့ အသက်ပြည့်ပြီးသား စဥ်းစားတတ်တဲ့အရွယ်ရောက်နေသူတွေ။
ထပ်ပြီးတော့ကား ....

ကျွန်တော်တို့မောင်နှမတွေမှာ တစ်ယောက်နှင့်တစ်ယောက် ထိန်းချုပ်တားဆီးခြင်းတို့မရှိ။
ကိုယ့်သဘောနှင့်ကိုယ် နေထိုင်ခွင့် ၊ လုပ်ပိုင်ခွင့် အပြည့်အဝရထားကြသူတွေသာ ဖြစ်သည်။

ထို့ကြောင့် ကျွန်တော့်စကား၏အဓိပ္ပါယ်ဟာ အတော်လေးရယ်စရာကောင်းသည့် ရူးကြောင်ကြောင်ပုံစံမျိုးဖြစ်သွားသည်။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Hikayelerin yaşadığı yer. Şimdi keşfedin