Episode 17
🍁လမ်းခွဲ🍁
🍁
🍁
🍁ယနေ့ အလုပ်ကနေ ခွင့်ယူလိုက်သည်။သို့သော် မနက်အစောထပြီး လန်းဆန်းသွားအောင်ရေချိုးဖြစ်သည်။ထို့နောက် ခဲရောင်တီရှပ်တစ်ထည်နှင့်ဂျင်းပြာဖျော့ဖျော့ဘောင်းဘီကိုဝတ်ပြီး မရောက်ဖြစ်တာကြာသောအပင်အိုဆီ ထွက်လာခဲ့လိုက်သည်။
မမြင်ရတာကြာလို့ပဲလား မသိ။
အပင်အိုဟာ အရင်ကထက်ပိုပြီး ရင့်ရော်သွားသည်ဟုထင်မိလိုက်သည်။ထုံးစံအတိုင်း ခုံတန်းမှာထိုင်ပြီး ဘေးလွယ်အိတ်ထဲမှ စာအုပ်နဲ့ဘောပင်ကိုထုတ်ယူကာ အတွေးကွန်ရက်ကိုဖြန့်ကျက်လိုက်သည်။ကိုယ်ဟာ ခုံတန်းလေး ဖြစ်ချင်တယ်....
အထီးကျန်ခြောက်သွေ့နေတဲ့အပင်အိုကို မြင်နိုင်တဲ့နေရာက ခုံတန်းလေးမဟုတ်ဘဲ
လှပတဲ့ ရေကန်လေးဘေးက အေးမြတဲ့
သစ်ပင်ရိပ်အောက်မှာတည်ရှိနေတဲ့
ခုံတန်းလေး....ဖြူလွှသောစာရွက်သားပေါ်တွင် မှင်ပြာပြာတို့အရောင်ခြယ်သွားသလို အမာရွတ်များသည့်ရင်အုံမှာလည်း တစ်ဖန်နာကျင်မှုများ ပြန်လည်မွေးဖွားလို့လာသည်။မွန်းကျပ်သွားသောနှလုံးသားကြောင့် ခေါင်းကိုခပ်မော့မော့ထားကာ မျက်လုံးမှိတ်လျက်အသက်ကို ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။စိတ်ရဲ့အောင့်မျက်မှုအနည်းငယ်လျော့ပါးသွားချိန်မှ ပြတ်တောက်နေသောကဗျာတစ်ပုဒ်ကို ထပ်ပြီးဆက်နွယ်သည်။
မင်း အဆင်မပြေတဲ့အခါ...
ဒါမှ မဟုတ်.. ဝမ်းနည်းတဲ့အခါ
လာခဲ့ပေါ့...
မင်းငိုချင်ရင်လည်း...အဆင်ပြေပါတယ်
ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ဘူးလေ
ကိုယ်ကလွဲလို့....
မင်းကို နှစ်သိမ့်စကားတို့မဆိုနိုင်ပေမယ့်
နားတော့ထောင်ပေးနိုင်ပါတယ်
မင်း ရဲ့ ရင်ထဲက စကားတွေကိုပေါ့
ဒါ့ကြောင့်...လွတ်လပ်စွာ ရင်ဖွင့်လိုက်ပါ...
ကိုယ့်ရဲ့ စိတ်ဝိညာဉ် ဖြစ်တဲ့ ကန် လေးရဲ့
နံဘေးမှာ....ကိုယ့်ရဲ့ ချစ်ခြင်းတွေ....
ဝေဖြာနေတဲ့ အပင်အောက်က...ကိုယ့်
နှလုံးသား ခုံတန်းလေးမှာပေါ့....
မင်းရဲ့ ဝေဒနာတွေကို...ထပ်တူမခံစားပေးနိုင်ပေမယ့်
သက်သာသွားအောင် အေးချမ်းမှုဖြင့်
ဆောင်ကြဉ်း ပေးပါ့မယ်......
ဝေဒနာတွေသက်သာသွားလို့...နှုတ်မဆက်ပဲ.. ထွက်ခွာသွားလို့လည်း ရပါတယ်....
သတိရတဲ့အခါ...
တစ်ခေါက်လောက်တော့ လာခဲ့ပေးပေါ့...
အဆင်ပြေကြောင်းလေး ဖြစ်ဖြစ်...
ပြောလှည့်ပါ.....
မလာလို့လည်း...ဖြစ်ပါတယ်
မျှော်နေရုံပဲတတ်နိုင်တဲ့ ရှင်သန်မှုမျိုးနဲ့
ဖြစ်တည်လာရသူမလို့. ....စိတ်မကောင်းတော့
ဖြစ်မိမယ် ထင်တယ်....
မေ့မသွားပါစေနဲ့လို့လည်း
ဆုတောင်းတယ်.....
တစ်နေ့နေ့ တစ်ချိန်ချိန်
မိသားစုဘဝအဖြစ်နဲ့လည်း လာခဲ့လို့ရပါတယ်
မင်းဘဝလေး...အေးချမ်းနေတာကို...
မြင်ချင်သေးလို့....
မင်းအတွက် တစ်ခဏ
ခိုနားလှည့်စရာ နေရာလေးအဖြစ်....ကိုယ့်ကို မင်း diaryလေးထဲ... ပါဝင်ခွင့်ပြုပေးစေချင်သေးတယ်..
မဖြစ်နိုင် ပေမယ်ပေါ့
ပြောလည်းပြောပြချင်ပါသေးတယ်....မင်းအတွက်
တစ်ခဏ ပေမယ့် ကိုယ့်အတွက် တစ်ဘဝ
ဖြစ်ခဲ့ကြောင်း...မင်း မလာဖြစ်တဲ့ နေ့တွေမှာ...... ရူးမတတ် မျှော်နေခဲ့တဲ့ အကြောင်း
ပြန်မှ လာပါ့ မလားလို့ တွေးရင်း..ငိုခဲ့တဲ့
ကိုယ့်မျက်ရည်တွေအကြောင်း....
မင်းကို အများကြီးပြောပြချင်သေးတာ...
BẠN ĐANG ĐỌC
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
Lãng mạnTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)