Episode -15 / Unicode

1.3K 76 6
                                    

Episode 15

🍁လမ်းခွဲ🍁
🍁
🍁
🍁

အတိတ် ( ၁၂ ) သို့ ( နောက်ဆုံးလမ်းခွဲ )

' ကျွန်တော်တို့ တွေ့ကြရအောင် '
ဆိုသော message တစ်စောင်နဲ့ မရောက်တာကြာသော တိုက်ခန်းတစ်ခုကို ကျွန်တော်ရောက်ရှိလာခဲ့သည်။ အခန်း password ကိုရိုက်နှိပ်လိုက်စဥ် လက်ဖျားတွေအေးစက်လာပြီး ကျွန်တော့်နှလုံးခုန်သံတွေဟာ ကသောင်းကနင်းဖြစ်လို့နေ၏။ဒါဟာ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်နေလို့များလား?

အခန်းတံခါးပွင့်သည်နှင့် လက်ထဲကအထုပ်တချို့ကိုဆွဲကာ ကျွန်တော့်ခြေလှမ်းတွေက မီးဖိုခန်းဘက်ကိုအရင်ဦးတည်ဖြစ်သည်။ ထိုနေရာရောက်တော့ ထင်သည့်အတိုင်း စားစရာဟူ၍ အသီးတစ်လုံးတောင်မတွေ့ရ။

" ရောက်လာပြီလား ခူး "

" တက္ကသိုလ်ကျောင်းသားတစ်ယောက်တောင်ဖြစ်နေပြီ ။ အခုထိ ပစ်စလက်ခတ်နေတုန်းလား ဂျူရိပ် "

ငေါက်လိုက်တာမဟုတ်ပေမဲ့ အခုထိတစ်ယောက်တည်းနေဖို့စိတ်မချစရာဖြစ်နေနေသေးသည်မို့ အားမလိုအားမရပြောလိုက်မိသည်။

ပါလာသောစားစရာပစ္စည်းများကို နေရာတကျထားပြီးသည်အထိ သူ့ထံမှနောက်ထပ်စကားလုံးထွက်မလာခဲ့။ကျွန်တော်သည်လည်း ထပ်ပြီးစကားမဆိုမိ။

အားလုံးပြီးစီးချိန်တွင် ဆိုဖာခုံပေါ်ကမှိုင်တွေနေသည့် သူထံသွားကာ နဖူးကိုလက်တစ်ဖက်ဖြင့်စမ်းလိုက်သည်။

" ဒီတစ်ခါတော့ နေကောင်းသားပဲ ။ ဒါဆို တွေ့ချင်တာက "

သူနှင့်ခပ်လှမ်းလှမ်းနေရာတွင်ဝင်ထိုင်လိုက်ရင်း ကျွန်တော်စကားစပေးလိုက်သည်။သို့သော် ဘာစကားမှပြန်ဖြေလာခြင်းမရှိဘဲ တွေတွေလေးပြန်ကြည့်လာသည့်မျက်ဝန်းရိုင်းတွေကြောင့် ကျွန်တော့်ရင်ဟာလှိုက်ခနဲ။

မကြည့်နဲ့!! အဲ့လိုအကြည့်တွေနဲ့ ကိုယ့်ကိုမကြည့်စမ်းနဲ့ အရိပ်ကလေး!!ကိုယ်...ကိုယ်ပြေးချင်တယ်!မင်းနဲ့ဝေးရာကို ကိုယ်ထွက်ပြေးချင်တယ်! မဟုတ်ရင် ကိုယ်အမေ့ကို ထပ်ပြီးအားနာရလိမ့်မယ်လေ!

" ခူး.. "

ပုံမှန်ခေါ်နေကျကဲ့သို့ မဟုတ်ဘဲ ခပ်လေးလေးခေါ်လိုက်ခြင်းက တစ်ခုခုပြောဖို့ခက်ခဲနေသလို။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Where stories live. Discover now