Part 1

15.2K 720 14
                                    

!!

ဝုန်း****

ကျယ်လောင်လွန်းသည့် ပေါက်ကွဲသံနှင့်အတူ အခန်းတွင်း၌ရှိနေသည့် လူတစ်ယောက်သည် ပစ်လဲကျသွား၏။ သူ့ခန္ဓာကိုယ်သည် စွမ်းအင်ပေါက်ကွဲမှုကြောင့် မခံမရပ် နိုင်လောက်အောင် နာကျင်နေတဲ့ခံစားချက်နဲ့အတူ အနည်းငယ်တုန်ယင်လို့နေသည်။

ထိုသူသည် ထိခိုက်မှုကြောင့် ပါးစပ်ကနေ သွေးတစ်ပွက် အန်လာခဲ့၏။ ပေါက်ကွဲမှုဒဏ်ကြောင့် စုတ်ပြတ်သတ်နေတဲ့ ခန္ဓာကိုယ်ကို အားယူပြီး ထဖို့ သူ ကြိုးစားလိုက်သည်။

သို့သော် အခုအချိန်မှာ သူ့အနေဖြင့်၊ လက်ချောင်း တစ်ချောင်းတောင် မြှောက်ဖို့ရာ မဖြစ်နိုင်။ အခန်းအတွင်း၌ ရဲရဲနီနေသည့် သွေးတွေဟာ စမ်းချောင်းသဖွယ် စီးဆင်းနေကာ အခန်းထွက်ပေါက် အဝနားတွင် ရေအိုင်ကဲ့သို့ စုပုံနေသည်။

နာကျင်မှုတွေကို အံတုလို့ ထိုသူ မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သော်ငှား ပြန်လဲကျသွားပြန်သည်။ ထိုအချိန် ဘာမှ မမြင်ရလောက်သည်အထိ မှောင်မည်းနေတဲ့ အခန်းထဲမှာ မျက်စိစူးလောက်သည့် အလင်းတစ်ခုဖြစ်ပေါ် လာလေသည်။

ထို့နောက်တော့ လဲကျသွားတဲ့လူငယ်လေးရဲ့ နှုတ်ခမ်းဖျားမှာ ကျေနပ်သွားတဲ့ အပြုံးတစ်ခုနဲ့အတူ စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကိုယ် မင်းဆီ ပြန်လာခဲ့မယ်။ ကလေးငယ်"

ထိုစကားကို ပြောပြီးနောက် ထိုလူရဲ့ အသက်ရှူသံသည် တဖြေးဖြေးဆိတ်ငြိမ်လာခဲ့ပြီး အဆုံး၌ ရပ်တန့်သွားခဲ့သည်။ ခဏအကြာမှာ အလင်းတန်းကြီးလည်း ပျောက်ကွယ်လို့သွား၏။

..................

တဆစ်ဆစ် နာကျင်နေတဲ့ ခံစားချက်နဲ့အတူ ရိပေါ် နိုးလာခဲ့သည်။ တစ်ကိုယ်လုံးကို အရိုးကျေသည်အထိ ရိုက်ခံထားရသကဲ့သို့ နာကျင်မှုက အတိုင်းမသိလွှမ်းခြုံထားတာကြောင့် ခုချက်ချင်း ပြန်သေသွားချင်စိတ်ပင် ပေါက်လာခဲ့သည်။

ရိပေါ်.. သူ ရောက်နေတဲ့နေရာကို ကြည့်လိုက် တော့ ရင်းနှီးလွန်းတဲ့ အခန်းအပြင်အဆင်တွေကို တွေ့လိုက်ရတယ်။ သူ့ မသေခင်တုန်းက နေထိုင်ခဲ့တဲ့ အခန်းထဲကို ရောက်နေကြောင်း သိလိုက်တဲ့အခါ စိတ်သက်သာရသွားသလို၊ လေးလံလွန်းတဲ့ သက်ပြင်းတစ်ခုကို ချလိုက်မိသည်။

The 7th Prince (Yizhan)Where stories live. Discover now