!!
ရှောင်းမင်က သူ့ရှေ့က ရိပေါ်ကို အေးစက်စွာကြည့်ရင်း ရှောင်ကျန့်ခံစားခဲ့ရတဲ့ နာကျင်မှုတွေ အကြောင်း ပြောပြသည်။
"အဲ့နေ့က ကျွန်တော်နဲ့ ရှောင်ဟန် တို့ကျောင်းက ပြန်ရောက်တော့ အိမ်တော်မှာ အစေခံတွေက မျက်နှာပျက်ပျက်နဲ့ လာကြိုကြတယ်၊ အစကတော့ ဘာဖြစ်မှန်းမသိခဲ့ပေမယ့် အိမ်တော်ထဲ ဝင်လေ .. မြင်ရတာတွေက သွေးပျက်စရာ ဖြစ်လာလေပဲ၊ ကြမ်းပြင်မှာ သွေးစတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ အိမ်အဝင်ဝမှာတင် သွေးနံ့တွေကို ခံစားခဲ့ရတယ်"
ဝူမင် ရဲ့ ပထမဆုံး ပြောလာတဲ့ စကားနဲ့တင် ရိပေါ်ရဲ့ မျက်နှာက ဖြူလျော့သွားသည်။
"အစေခံတွေကို မေးကြည့်တော့၊ အဲ့သွေးတွေက....၊ ရှောင်ကျန့်က ကောကို တစ်ချိန်လုံး ခေါ်နေခဲ့တယ်လို့ ပြောတယ်"
ရှောင်းမင်ဟာ တချို့စကားတွေကို ထုတ်ပြောဖို့အထိ မခံစားနိုင်သေးဘူး။ သူ့ မျက်လုံးထဲ ပေါ်လာတဲ့ မြင်ကွင်းတွေကြောင့် သူ့မှာ မငိုမိအောင် ထိန်းနေရတယ်။
ကြားနေရတဲ့ ရိပေါ်မှာလည်း နှလုံးသားကို တစ်စုံတစ်ခုဆီကနေ ဖြစ်ညှစ်ခံလိုက်ရသလိုမျိုး နာကျင်နေရသည်။
" ကော ဘယ်လောက်ပဲ သူ့ကို နှိပ်စက်ခဲ့ နှိပ်စက်ခဲ့၊ ရှောင်ကျန့်က ကောကို မမုန်းခဲ့ဘူး။ မြိုတော် Z ကို အပို့မခံရခင်အထိ သူက အိမ်ရှေ့စံကို အစ်ကိုတစ်ယောက်လို တွယ်တာနေခဲ့တာ "
" တကယ်တော့ အဲ့နေ့က ကျွန်တော်တို့ ပြန်ရောက်ချိန်က နောက်ကျနေပြီ။ အစေခံတစ်ယောက်က ရှောင်ကျန့် ဆေရုံရောက်နေပြီး အရေးပေါ်ဖြစ်နေတယ်လို့ လာပြောတယ် ။ ကြားကြားခြင်းပဲ ကျတော် နဲ့ ရှောင်းဟန်နှစ်ယောက်လုံး ဆေးရုံကို ပြေးခဲ့တယ်။ ကျွန်တော်တို့ ဟိုရောက်တော့ ရှောင်ကျန့်က တော်တော်လေး သွေးထွက်လွန်နေပြီ။ ဆရာဝန်တွေက ချက်ချင်းပဲ သူ့ကို အရေးပေါ်ခန်းထဲ ပို့ရတဲ့အထိ သူ့ ဒဏ်ရာက ပြင်းထန်နေခဲ့တာ။ ကော သိလား၊ တစ်ကိုယ်လုံး သွေးတွေနဲ့ ရွှဲနေတဲ့ ကလေးလေးကလေ.. သတိလစ်နေတာတောင် အိမ်ရှေ့စံကို ခေါ်နေခဲ့တုန်းပဲ ၊ သေရေးရှင်ရေး ဖြစ်နေတာတောင် ဝမ် ဆိုတာကို ပါးစပ်ဖျားကနေ ချမသွားဘူး။ "
YOU ARE READING
The 7th Prince (Yizhan)