!!"မဖြစ်နိုင်တာတွေ မပြောနဲ့!!"
ရိပေါ်မျက်နှာကို တည့်တည့် ကြည့်ပြီး ရှောင်ကျန့် အော်ချလိုက်သည်။
အိမ်ရှေ့စံက *ဟုတ်လား?* ဆိုတဲ့ မျက်နှာပေးနဲ့ ရွဲ့ပြလာတယ်။ ရိပေါ်အနေနဲ့လည်း သိပြီးသား၊ beta ကနေ omega ကိုပြောင်းဖို့ဆိုတာ သဘာဝနည်းအရ မဖြစ်နိုင်ပေ။
ဒါပေမယ့် သဘာဝနည်း မဟုတ်ရင်တော့၊ hak..! မကြာတော့ပါဘူး။
"ကော..တော်ရအောင်"
ဝူမင် လက်ပြပြီး တားလိုက်သည်။
ဟိုမှာ ရှောင်းပိုင်က သတိလစ်နေပြီ။ ရိပေါ်သာ ဒီတိုင်း ဆက်လုပ်နေမယ်ဆိုရင် သူလည်း သတိလစ်သွားနိုင်တယ်။ ရှောင်းပိုင်လိုပဲ ဝူမင်ကပါ ဘာမှမဖြစ်တဲ့ ရှောင်ကျန့်ကို ကြည့်ပြီး အားကျမိတယ်။ နောက်ပြီး ဝမ်းလည်းသာတယ်။ သူ့ညီလေး ဘာမှနာကျင်မှုမရှိတာမို့ ။
" Hotel ပြန်ရောက်ရင် ရှောင်းဟန်ကို ဆေးရုံခေါ်သွားပေးလိုက်ပါဦး၊ အထိန်းတော်ကြီး"
"အ-အမိန့်အတိုင်းပါ"
ရှေ့ခန်းမှာထိုင်နေတဲ့ ဦးလေးဝေခမျာ၊ အသက်ကလည်းကြီး၊ အိမ်ရှေ့စံ ညွှန်ကြားတာတွေကိုလည်း တသွေမသိမ်း လိုက်လုပ်ရသေး၊ ဒါ့အပြင် ခုနက ဖိအားကိုလည်း ချွေးစေး ထွက်လာတဲ့အထိ ကြိတ်မှိတ် ခံစားလိုက်ရသည်။
"ဦးလေးဝေလည်း ပြန်ရောက်ရင် အနားယူလိုက်ပါ၊ ကျွန်တော်တို့ ဒီမြို့တော်မှာ တစ်ရက်လောက် ထပ်နေပြီးမှ ပြန်ကြတာပေါ့"
"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံ"
ဦးလေးဝေက စိတ်သက်သာရာ ရသွားတာမို့ နားထင်က ချွေးတွေကို သုတ်လိုက်သည်။ အဲ့ဒီ့နောက် သူက မင်းသား(၂) အတွက်၊ အခန်းကြိုတင်ပြင်ဆင်ပေးထားဖို့ အနီးစပ်ဆုံးနဲ့ အကောင်းဆုံး ဆေးရုံတစ်ခုကို လှမ်းချိတ်လိုက်တော့တယ်။
ဝူမင်ရဲ့ ရင်ဘက်ဟာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေကာ သူ့မျက်လုံးကလည်း မျက်ရည်စတွေနဲ့ ပြည့်လျှံနေသည်။
ထိုင်ခုံပေါ်မှာ မင်းသားတစ်ပါးလို ခန့်ခန့်ညားညား ထိုင်နိုင်ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ဝူမင့်ကို ကြည့်ပြီး အားကျန့်စိတ်ထဲ မကောင်း။ သူ ဝူမင့်ကို ထိန်းကိုင်ပေးလိုက်တယ်။
YOU ARE READING
The 7th Prince (Yizhan)