25.3

1K 80 4
                                    

!!

အခြေအနေတွေ ပြန် တည်ငြိမ်လာတဲ့နောက် ... ဘာမှ မဖြစ်ခဲ့သလို ပြုမူနေတဲ့ အစ်ကို သုံးယောက်ကို ကြည့်ပြီး ရှောင်ကျန့် စိတ်ထဲ တွေးနေတာရှိတယ်။

*ဒီကိစ္စက ဖုံးကွယ်ထားလိုက်တာ အကောင်းဆုံးပါပဲ။ ဘာတွေဖြစ်နေတယ်ဆိုတာ ငါကိုယ်တိုင်လည်း မသိသလို ကောတို့လည်း သေချာမသိဘူးဆိုမှတော့ အစမဖော်ဘဲ မြှုပ်ပစ်လိုက်တာကပဲ ငါတို့အားလုံးအတွက် အန္တရာယ်ကင်းစေလိမ့်မယ်*

"အားကျန့်.."

"ဗျ-ဗျာ? မင်ကော"

"ကောတို့တွေ ဒီညထဲမှာပဲ မြို့တော် Y ဆီ ပြန်မယ်လို့ ဆုံးဖြတ်ထားတယ်..။ မပြန်ခင် မင်း လုပ်ချင်တာ ဖြစ်ဖြစ်၊ လုပ်ဖို့ ကျန်နေသေးတာ ဖြစ်ဖြစ်  ရှိလား"

"မရှိပါဘူး ဘာဖြစ်လို့ မေးတာလဲ"

ဘာအကြောင်းကြောင့် မေးတာလဲ။ ရှောင်ကျန့် သိချင်မိ၏။ ဒီမြို့တော်မှာ သူ့အနေနဲ့ လုပ်စရာရော လုပ်ချင်တာရော ဘာမှမရှိဘူးဆိုတာ မင်ကောလည်း သိနေရဲ့သားနဲ့။

"ဒီလိုပါပဲ... မြို့တော် Y ဆီ ပြန်ရောက်ရင် မင်းအနေနဲ့ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရဖို့က နည်းသွားမှာလေ..။ အဲ့တာကြောင့် ကြိုပြီး လုပ်ချင်တာတွေ လုပ်လို့ရအောင် ကောက ကလေးလေးကို သတိပေးတာပါ"

"အော.. "

ပြောပြီးသည်နဲ့ ရှောင်ကျန့် အကြည့်တွေက တိတ်ဆိတ်နေတဲ့ ရိပေါ်ဆီကို ဒိုင်းခနဲ ရောက်သွားခဲ့သည်။

အခန်းထောင့်မှာ တစ်ယောက်တည်း စဉ်းစားခန်းဝင်နေတဲ့ ရိပေါ်ကို ရှောင်ကျန့် စိုက်ကြည့်နေမိတယ်။

ပိုင်းရှောင်ဟန်ဟာ သူ့ညီနဲ့ ပတ်သတ်ပြီး တစ်ခုခုက ထူးဆန်းသထက် ထူးဆန်းလာတယ်လို့ ခံစားနေရတာကြောင့် သူ အားကျန့်ကို အချိန်ပြည့် စောင့်ကြည့်နေမိတယ်။ 

ရုတ်တရက်ဆိုသလို...။

ရိပေါ်ကို ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း သွေးရောင် ပြောင်းသွားတဲ့ ရှောင်ကျန့် မျက်လုံးတွေကို မြင်လိုက်ရသည်။

ရှောင်းပိုင် လေအေးတွေကို ပင့်သက်ရှူမိလိုက်သကဲ့သို့ သူ့အဆုတ်တစ်ခုလုံး အေးခဲသွားတော့မလို ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကလည်း အေးခဲသွားခဲ့သည်။

The 7th Prince (Yizhan)Where stories live. Discover now