!!
အလာတုန်းက တိတ်ဆိတ်နေခဲ့တဲ့ လေယာဉ်ဟာ အခုဆိုရင် ညီနှစ်ယောက်ရဲ့ အသံတွေဖြင့် ဆူညံနေတော့သည်။
ရိပေါ်က စကားသိပ်မပြောဘဲ သူ့ညီတွေပြောတာကိုပဲ နားထောင်နေသည်။ မင်းသား (၂) ပိုင်းရှောင်ဟန်က နဂိုထဲက စကားများသူပီပီ မရပ်မနားပြောနေကာ ရိပေါ်နဲ့အတူ ဝူမင်ကလည်း မငြီးမငြူကို နားထောင်ပေးနေကြသည်။
ဝူမင်က တခါတလေမှ စကား ဝင်ပြောတတ်ပြီး ကျန်တဲ့အချိန်မှာတော့ တိတ်ဆိတ်နေတတ်တယ်။ သူလည်း ရိပေါ်လိုပဲ အတွေးထဲ နစ်နေရတာကို ခုံမင်တတ်သူမို့ပင် ။
ရှောင်းဟန် စကားတွေ ပြောနေရင်း ရုတ်တရက် အငယ်ဆုံးလေး အကြောင်းကိုတွေးမိပြီး တိတ်သွား၏။
တောက်လျှောက်စကားတွေ ပြောလာတဲ့ညီဖြစ်သူက တိတ်သွားတာမို့ ရိပေါ်ပြုံးလိုက်ပြီး
"ဘာဖြစ်လို့လဲ"
"အစ်ကိုကြီး အငယ်ဆုံးလေးက အဆင်ပြေမယ် ထင်လားဟင်၊ ဝမ်ဖေးက သူ့ကို ..."
ရှောင်းဟန်က ပြောလက်စ စကားကို ရပ်လိုက်တာကြောင့် ရိပေါ်မျက်နှာက အေးစက်သွားသည်။
ဝမ်ယွီဖေးက ရှောင်ကျန့်ကို ဘာဖြစ်လဲ!
ရိပေါ် ဆက်သိချင်မိ၏။တစ်ဖက်မှာလည်း ရှောင်းဟန်က မျက်နှာအမူအရာ ပြောင်းလဲသွားတဲ့ ရိပေါ်ကြောင့် သူမှားသွားပြီဟု မှတ်ကာ ပြန်တောင်းပန်သည်။
"တောင်းပန်ပါတယ်၊ ကောက ကျန့်ကျန့်အကြောင်းပြောတာကို မကြိုက်ဘူးဆိုတာ ကျွန်တော်မေ့သွားလို့ပါ"
နှစ်တွေကြာနေပြီ။ မင်းသား (၂) နဲ့ (၃) က ရှောင်ကျန့်နဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ မြို့တော် Y ကနေ ထွက်သွားခဲ့တာမို့ သူတို့တွေ မတွေ့ဖြစ်တာ (၆) နှစ်နီးပါး ရှိနေပြီ။ ဒါတောင် ရှောင်ကျန့်နဲ့ ပတ်သတ်ပြီး ရိပေါ်ရဲ့ စိတ်ထားကို သူတို့ မမေ့ကြသေးဘူး။
ရိပေါ်ရားး မင်း ဒီကလေးတွေကို ဘယ်လိုလုပ်ခဲ့မိပြီလဲ!
ကိုယ့်ကိုကိုယ်စိတ်တိုလာတဲ့အခါ ရိပေါ်ရဲ့ မျက်ဆံအနက်တွေက အနီရောင် မီး တောက်အသွင် ပြောင်းလဲသွားသည်။
YOU ARE READING
The 7th Prince (Yizhan)