!!!
"ဦးလေး"
"ဟုတ်ကဲ့ အိမ်ရှေ့စံ"
ရိပေါ် မပြောခင် ဘေးပတ်လည်ကို တစ်ချက်စစ်လိုက်တယ်..။
"အိမ်တော်ကို အသစ်ဝင်လာတဲ့ အစေခံတွေများ ရှိလား" - လွန်ခဲ့တဲ့ ၃ ရက်လောက်က သူနဲ့ မိဖုရားဝမ်တို့ ဖုန်းပြောပြီးတဲ့နောက်ပိုင်း ၊ နန်းတော်ထဲမှာ အနည်းငယ် ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာကို လျှို့ဝှက်အဖွဲ့သားတစ်ချို့ဆီကနေ သူသတင်းရထားသည်။
ဟက်* ပြင်ဆင်နေပြီပေါ့လေ..။ ကြိုက်သလောက် အုတ်တံတိုင်း ကာလို့ရတယ် ယွီဖေး..။ ကျွန်တော်က တစ်လွှာချင်းစီ ပြန်ခွာချပစ်မှာမလို့.. ခင်ဗျားကို ပြင်ဆင်ဖို့ အချိန်အပြည့်အဝ ပေးထားဦးမယ်..။
"အင်းး.. ဟိုတစ်နေ့ကတော့ နန်းတော်ရဲ့ အမိန့်နဲ့ နောက်ထပ် အစေခံ လေးယောက် အိမ်တော်ထဲ ရောက်လာသေးတယ်."
"ကျွန်တော် ဘာလို့ မသိရတာလဲ"
"အိမ်ရှေ့စံရဲ့ အခန်းထဲမှာ ဘုရင့်တံဆိပ်တုံးပါတဲ့ စာရွက်လေးရွက်ကို ဦးလေး အဲ့နေ့ကပဲ ထည့်ပေးထားပါတယ်"
ရိပေါ် မှတ်မိသည်။ သူ ဖတ်ဖို့ မအားတာကြောင့် ဖွင့်မဖတ်ဘဲ ဒီတိုင်းထားထားတဲ့ စာရွက်တွေ..။ အစေခံအသစ်နဲ့ပတ်သတ်တာတွေမှန်း မသိလို့ မဖတ်မိလိုက်တာ..။ ကျစ်*
"ဟူးး ကျွန်တော် မဖတ်မိသေးတာပါ..ဒါနဲ့ ကလေးတွေရော"
"... အားကျန့်ကို ပြောတာလား?" - အိမ်တော်ထိန်းရဲ့ အမေးကြောင့် ရိပေါ် ကြောင်သွားတယ်.။
"မဟုတ်ဘူးလေ ဦးလေး။ ညီ ၃ ယောက်လုံးကို ပြောတာ"
"၃ ယောက်လုံးအပြင်ထွက်သွားပါတယ်" - စစ်ဆေးဖို့အတွက် သွားတာမှန်း ရိပေါ် သိလိုက်သည်။
"သွားလို့ရပြီ.. ခဏနေကျရင် ကျွန်တော် အပြင်သွားဖို့ရှိတာမို့ ပြင်ပေးထားပါဦး"
"ကောင်းပါပြီ အိမ်ရှေ့စံ"
အိမ်တော်ထိန်းကြီး ထွက်သွားပြီး ဘယ်လောက်မှ မကြာလိုက်၊ ရိပေါ်ဆီ ဖုန်းဝင်လာသည်။
"ကော အားကျန့်ရဲ့ ဆေးစစ်ချက်အဖြေ ထွက်လာပြီ"
"အင်း ဘာတဲ့လဲ" - ရိပေါ်မှာ စိုးရိမ်စိတ် မရှိ..။ သူ့အသံက ရေကန်မျက်နှာပြင်လိုပဲ တည်ငြိမ်နေသည်။
YOU ARE READING
The 7th Prince (Yizhan)