!!!
ရှောင်ကျန့်ကို ကုတင်ပေါ်မှာ နေရာတကျ ထားပြီးတဲ့နောက် ရိပေါ် ကိုယ့်အခန်းကိုယ် ပြန်လာခဲ့လိုက်သည်။ ပြောစရာရှိလို့ သွားခဲ့ပေမယ့် တစ်ခုမှ မပြောဖြစ်ခဲ့...။ သို့သော်လည်း အချည်းနှီးလည်း မဖြစ်ခဲ့ချေ။
သူ တံခါးဘောင်ကို မှီပြီး ထိုင်ချလိုက်သည်။ တင်းကြပ်နေတဲ့ စိတ်နဲ့ နာကျင်နေတဲ့ နှလုံးသားကို ဖြေလျှော့စေဖို့ သူ မျက်လုံးများ မှိတ်လို့ထား၏။
ၑ ပြန်ရှင်သန်လာတည်းက ကျွန်တော် ခင်ဗျားကိုပဲ ကြည့်နေခဲ့တာ.. ခင်ဗျားအနားကို ရောက်ချင်လွန်းလို့ ရှောင်ကျန့်ရဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်ရှုပ်ခဲ့တာ ၑ - အော်ဟစ်သံတွေကို ရိပေါ် ပြန်ကြားဘောင်နေမိသည်။
"ပြန်ရှင်သန်လာတည်းက တဲ့လား..။ ကိုယ် ပြန်ရှင်လာတာကို မင်း ဘယ်လိုများ သိနေတာလဲ.. ရှောင်- ကျစ်* ဘေဘီ.."
သူ့မျက်ခုံများဟာ တွန့်ကျိုးနေလျက်။ ရိပေါ်ဟာ ဒီရှုပ်ထွေးပြီး လေးလံလွန်းတဲ့ ခံစားချက်တွေကို ပျောက်ကင်းစေဖို့ ဘာလုပ်ရင်ကောင်းမလဲ မသိနိုင်ဖြစ်နေသည်။
"fuck!"
အပြစ်ရှိသလို ခံစားချက်ကြောင့် သူ့ကိုယ်သူ ကျိန်ဆဲလိုက်တယ်..။ အခု ဘာဆက်လုပ်သင့်လဲ။ ကိစ္စတွေက တော်တော်လေး ရှုပ်ထွေးလွန်းနေတာမို့ သူ နားမလည်နိုင်တော့ဘူး..။
"တစ်စုံတစ်ယောက်ဆီမှာ အဖြေတွေရှိနေရင် ကောင်းမယ်.. ဟက်*" - သူ့စကားနဲ့သူ ရယ်မိသည်။ ဘယ်သူ့ကို မျှော်လင့်နေသေးတာလဲ.. အရာအားလုံးက သူ့ကြောင့်ပဲ စတင်ခဲ့တာ မဟုတ်ဘူးလား။ တကယ်ဆို သူကတောင် အဖြစ်အပျက်အားလုံးရဲ့အဖြေကို ပေးရဦးမှာ။
သူ မတ်တပ် ထရပ်လိုက်တယ်..။ ဘာတွေပဲဖြစ်ဖြစ် လုပ်စရာရှိတာကိုတော့ သူ ဆက်လုပ်ရမည်။ သူ ခြံဝန်းထဲ ဆင်းလာခဲ့လိုက်ပြီး မြေကွက်လပ်တစ်ခုကို ရှာကြည့်လိုက်တယ်..။
အိမ်နောက်မှာ ပန်းခင်းအကြီးကြီး တစ်ခုရှိတယ်..။ ဘေးမှာ အိမ်ရှေ့စံ စီးဖို့အတွက် private လေယာဉ်ထားဖို့ နေရာတစ်ခု။ အိမ်ရဲ့ အရှေ့မှာတော့ ပန်းပင်အနည်းငယ်ကို စိုက်ထားသည့် မြေကွက်လေး တစ်ခုရှိသည်။ (ရှောင်ကျန့်စိုက်ခဲ့ပြီး သူပျိုးထောင်ပေးခဲ့တဲ့ပန်းပင်တို့ ရှိတဲ့နေရာလေးပါ)
YOU ARE READING
The 7th Prince (Yizhan)