Part 19

2.6K 282 2
                                    

!!

နောက်ဆုံးတော့ ရိပေါ်တို့ M city ကို ရောက်လာခဲ့ပြီ။ ရိပေါ် အခု အိမ်တော်ထိန်းကြီးရဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ ဟော််တယ်လ်မှာ တည်းနေပြီး M city ရဲ့ ညဘက်မြို့ပြအလှကို ခံစားနေသည်။

M city ......။

city လေးခုအနက် M city က သဘာဝအလှအပတွေနဲ့ နာမည်ကြီးသည်။ တခြား မြို့တော်တွေမှာ မရှိနိုင်တဲ့ သဘာဝအလှတွေက M city မှာတော့ ပေါများလွန်းသည်။

ရိပေါ်က မိုးမျှော် ဟော်တယ်လ်မှာ တည်းနေတာကြောင့် ညဘက်မီးရောင်စုံလင်ပြီး လှပနေတဲ့ မြို့ပြအလှကို အပေါ်စီးကနေမြင်နေရသည်။

city လေးခုလုံးက အချိတ်အဆက်ရှိသည်။ Y city က ကြော်ငြာအတွက် Z city က အနုပညာရှင်တွေကို ငှားရပြီး M city က မြို့ပြအလှနဲ့သဘာဝအလှကို အသုံးချရသည်။ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေအတွက် ဖော်စပ်ဖို့ ကုန်ကြမ်းကတော့ K city ကရသည်။ မြို့တော်တွေက တစ်ခုနဲ့တစ်ခုမှီခိုနေရတာဖြစ်သည့်အပြင် တစ်ခုပြိုလဲသွားတာကိုလည်း ကျန်တဲ့မြို့တော်တွေက ဒီတိုင်းကြည့်မနေနိုင်ပေ။

ရိပေါ် လက်ထဲကဝိုင်ခွက်ကို ချလိုက်ပြီး မြို့အလှကို ဓာတ်ပုံရိုက်နေလိုက်သည်။ ရှောင်ကျန့် အကောင့်ထဲမှာ ဒီလိုမြို့အလှနဲ့ပတ်သတ်တဲ့ ပုံတွေ တင်ထားတာတွေ့ဖူးတာကြောင့် သူရှောင်ကျန့်ကို ပေးဖို့ စိတ်ကူးမိတယ်။

ရိပေါ် လေး ငါးဆယ်ပုံလောက် ရိုက်ပြီးမှ စိတ်ကျေနပ်သွားသည်။

ထို့နောက် မင်းသမီးနျန်နျန် နဲ့တွေ့ဖို့ ထွက်လာခဲ့လိုက်၏။

ရိပေါ်တို့ တွေ့ဖို့အတွက် နေရာတွေကအစ အချိန်တွေအထိ ဝမ်မိဖုရားကြီးက စီစဉ်ပေးထားတာဖြစ်ပြီး သူတို့ကတော့ အသင့်တွေ့ရုံပဲ။

ရိပေါ် ချိန်းထားတဲ့နေရာကို ရောက်တော့ ထိုနေရာက ထိပ်တန်းစားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး လူအနည်းငယ်ရှင်းနေသည်။

သူ့ မျက်နှာမှာ တစ်ဖက်မဲ့ အပြုံးပေါ်လာပြီး ဆိုင်ထဲဝင်လာလိုက်သည်။

The 7th Prince (Yizhan)Where stories live. Discover now