!!
"Woahh---"
ရှောင်ကျန့်ရဲ့ မျက်လုံးတွေဟာ ကျွတ်ကျ မလိုဖြစ်သွားကာ ရှောင်ဖုန်းကိုယ်ပေါ်မှာအငြိမ်မနေဘဲ သူစတင် ရုန်းနေတော့သည်။ သူက အခုရှောင်ဖုန်းရဲ့ ပုခုံးပေါ်မှာ ရှိနေတာဖြစ်ပြီး သူတို့ဖြတ်သွားခဲ့တဲ့ အတန်းထဲက လူတွေရဲ့ဓာတ်ပုံရိုက်ခြင်းကို ခံနေရသည်။ ရှောင်ကျန့်မျက်နှာက ခရမ်းချဉ်သီးတောင် ထိုင်ငိုသွားရမယ့်အထိ နီရဲနေတယ် ။
နားရွက်ဖျားလေးတွေဟာ ရဲတောက်နေတာကြောင့် မကြာခင်ပဲ မီးပွင့်သွားတော့မယ့် အနေအထားမှာ ရှိနေသည်။
ရှောင်ကျန့် ရုန်းနေသော်လည်းရှောင်ဖုန်းက အတင်းကိုင်ထားတာမို့ အလကားသာ။ beta တစ်ယောက် ရဲ့အားက alpha တစ်ယောက်ရဲ့ အားကိုယှဉ်နိုင်မှာတဲ့လား။
ရှောင်ကျန့်သူ့လက်တွေနဲ့ ရှောင်ဖုန်းကို ထုရိုက်ပြီး သတ်ပစ် လိုက်ချင်သော်လည်း ရှောင်ဖုန်းက သူ့ကိုကူညီဖို့ကြိုးးစားနေတာမှန်း သိတာကြောင့် မလုပ်နိုင်ပြန်ဘူး။
"ခင်များ ကူညီမယ်ဆိုရင်တောင် အနည်းဆုံးအချိန်အခါကို ကြည့်လေ။ ခုချက်ချင်း ကျွန်တော့်ကို အောက်ပြန်ချပေး"
ရှောင်ကျန့်ရဲ့ ဒေါသတကြီး ပြောသံကို ကြားတော့ ရှောင်ဖုန်းက ပြန်လွှတ်ပေးလိုက်တယ်။ ထို့နောက် သူမဟုတ်သလို အပြစ်ကင်းစင်တဲ့အပြုံးနဲ့ ပြုံးပြသည်။
"ဆောရီး ဆောရီး ကိုယ်က မင်းအဲ့လောက်ထိဖြစ်သွားမယ် မထင်လို့ပါ ။ နောက်ပြီး ကိုယ်ပြောတာသာ နားထောင်ခဲ့ရင် ဒီလို လုပ်မှာ မဟုတ်ပါဘူး"
ရှောင်ကျန့် တွန့်ကျေသွားတဲ့ ကျောင်းအင်္ကျီကို ခါလိုက်ပြီး ရှောင်ဖုန်းကို ဒေါသတကြီးကြည့်ကာ လှည့်ထွက်ခဲ့လိုက်၏။
..................
ညနေရောက်တော့ ဆရာတွေက စာသင်နေတာကိုရပ်လိုက်ပြီး အားကစားကွင်းထဲမှာ စုဝေးခိုင်းသည်။ ရှောင်ကျန့်ရဲ့ စိတ်အခြေအနေတွေက မနက်ထဲကမကောင်းတာမို့ အခုလို သူစာထဲအာရုံစိုက်နေချိန်မှာ တစ်ယောက်ယောက်ကရပ်ခိုင်းလိုက်တာက သူ့ကို ပိုစိုးစေသည်။
YOU ARE READING
The 7th Prince (Yizhan)