!!
ရှောင်ကျန့် ဘာလို့ အမှောင်ကိုဒီလောက်ကြောက်ရလဲ ဆိုတာကျန်းချန်း နားမလညါနိုင်ဖြစ်မိသည်။ ဒါက အနိုင်ကျင့်ခံရတာရဲ့ နောက်ဆက်တွဲတွေလား?။
အခန်းထဲမှာ လေးလံတဲ့ လေထုဖြတ်ပြေးသွားသည်။ ကျန်းချန် ဒေါသထွက်နေပုံပဲ။
သူ ရှောင်ကျန့်အနားဆီ သွားကာ အသိလွတ်နေသေးတဲ့ ရှောင်ကျန့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူ ရှောင်ကျန့်ကို အတူတူနေကြဖို့နဲ့ ပတ်သတ်ပြီးနားပူနားဆာလုပ်မိတာ မှန်သွားတယ်လို့ ပြောရမယ်။ တစ်ယောက်တည်းလွှတ်ထားတာနဲ့ယှဉ်ရင် နှစ်ယောက်အတူရှိတာက အခြေအနေအမျိုးမျိုးမှာ အဆင်ပြေစေနိုင်သည်လေ။
ရှောင်ကျန့် နေမကောင်းဘူးဆိုတာကို မနက်ကဓာတ်ပုံကို ကြည့်ပြီးတည်းက သူရိပ်မိခဲ့ပေမယ့် အဲ့လောက်ကြီး မသေချာခဲ့သေးဘူး။ မုရှောင်ဖုန်းဆိုတဲ့ စီနီယာတစ်ယောက်က ရှောင်ကျန့်ကို အခန်းဆီ တွဲကူပြီး ပို့ပေးခဲ့တယ်ဆိုတဲ့ သီတင်းတက်လာမှသာ ရှောင်ကျန့် အခြေအနေကစိုးရိမ်စရာ ကောင်းမှန်း သူသိခဲ့ရတာ။
သိသိခြင်း အိမ်တော်ကနေ အမြန်ပြေးထွက်လာခဲ့ပေမယ့် သူနည်းနည်းနောက်ကျသွားတာတော့ အမှန်ပဲ။ ဒါပေမယ့်လည်း ရှောင်ကျန့် စိတ်က ပြန်ငြိမ်ကျသွားပြီဖြစ်လို့ ကျန်းချန်အနေနဲ့ စိတ်ထဲက အပူလုံးကြီးကို ချလို့ရသွားပါပြီ။
သူသာ ဒီ့ထက်ပိုပြီးနောက်ကျသွာရင် ဘဟ်လိုဖြစ်မလဲဆိုတာကတော့ ...။
ထိုအတွေးနဲ့တင် ကျန်းချန်မျက်နှာဟာ မဲမှောင်သွားသည်။"ရှောင်ကျန့် ဆေးသောက်ပြီးပြီလား"
"..."
ဟုတ်သားပဲ။ ဒီအခြေအနေနဲ့ဆို သူ ဘယ်လိုလုပ်သောက်ဖြစ်ဦးမှာလဲ။
ကျန်းချန်ဟာ သူ့ကိုယ်သူ ကူကယ်ရာမဲ့စွာ တုံးအနေတဲ့ လူတစ်ယောက်လို ခံစားလိုက်ရ၏။
"တစ်ခုခု စားပြီးပြီလား ကျန့်ကျန့်"
"..."
ရှောင်ကျန့် ခေါင်းခါပြလာသည်။ ကျန်းချန် သက်ပြင်းချလိုက်ကာ ရှောင်ကျန့် ခေါင်းကို ဖွဖွလေး ပွတ်သပ်လိုက်ပြီး
YOU ARE READING
The 7th Prince (Yizhan)