!!
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဟိန်းထွက်လာတဲ့ ရိပေါ်ရဲ့ ဒေါသသံကြောင့် အထိန်းတော်ကြီးနဲ့အတူ သူ့နောက်က ကပ်ပါလာတဲ့ ကောင်မလေးပင် တုန်ယင်သွားကာ ချွေးစေးတွေထွက်လာခဲ့သည်။
အိမ်တော်ထိန်းကြီးကလည်း သူ့ရဲ့ပေါ့ဆမှုကြောင့် မျက်နှာ အတော်လေးပျက်နေပြီး ဟောက်ရွှမ်းကလည်း ရိပေါ်ကို ဘာဆက်လုပ်မလဲဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်နေတယ်။
အခြေအနေတွေက နေရခက်တဲ့အနေအထားမှာ ရှိနေပြီး ရိပေါ်ရဲ့ အေးစက်စက် အရှိန်အဝါအောက်မှာ ကျရောက်နေသည့်တိုင် ရှင်းချန်ဆိုသည့် တစ်ယောက်ကတော့ စိတ်မပါတဲ့ လေသံနဲ့ ပြန်ဖြေလာသည်။
"မိဖုရားကြီးက အိမ်ရှေ့စံဆီ လွှတ်လိုက်လို့ပါ ။ နောက်ပြီး ဒါလေးလဲ ပေးခိုင်းလိုက်လို့ လာပေးတာ၊ ကျွန်တော်မျိုးလည်း အကြောင်းမရှိရင် ဒီနေရာကို မလာချင်ပါဘူး။ "
"မင်းခန္ဓာကိုယ်က ရွံစရာအနံ့ကို ပြန်သိမ်းလိုက်ဦး ရှောင်ရှင်းချန်။ နောက်တစ်ခါ ဘာအကြောင်းပဲရှိရှိ ငါ့အိမ်တော်ထဲ ခြေဖျားတောင် လှည့်မလာနဲ့။ ဒါ ငါ့အမိန့်ပဲ!"
ရိပေါ်ဟာ ရှင်းချန်အပေါ် မှာ သီးသန့်ကြီး မုန်းနေတာမျိုး မရှိဘူး။ သူ့ စိတ်ထဲမှာတော့ ရှောင်ရှင်းချန်က ရိပေါ်ရဲ့ယွီဖေးတို့ကြားမှာ ကစားခံလိုက်ရတဲ့ အရုပ်တစ်ခုလို့ပဲ ထင်မှတ်ထားသည်။
သို့သောငှား ရှောင်ရှင်းချန်။
ဝမ်ရိပေါ်ကို ကြည့်နေတဲ့ ရှင်းချန်ရဲ့ အကြည့်တွေထဲမှာ စက်ဆုပ်မှု၊ မုန်းတီးမှု နဲ့ မကျေနိုင်တဲ့ လက်စားချေချင်စိတ်တွေ ပါဝင်လို့နေတယ်။
"ရှင်းချန် နားလည်ပါပြီ။"
သူ့အနေနဲ့ ရိပေါ်အဲ့အမိန့်ထုတ်လိုက်တာ ပိုတောင်ဝမ်းသာသေးတယ်။ခနအကြာ၊ အခြေအနေတွေပြန်တည်ငြိမ်သွားတဲ့အခါ ရှောင်ရှင်းချန် ဆီက ထွက်နေတဲ့ pheromone နံ့တွေ ပြန်ပျောက်ကွယ်သွားခဲ့ပြီး ဝမ်ဟောက်ရွှမ်းလည်း အသက်ရှူချောင်သလိုလိုရှိလာခဲ့သည်။
ရိပေါ် ရှောင်ရှင်းချန်လက်ထဲက ဟာကိုကြည့်လိုက်တော့ အဖြူရောင်ကတ်ပြားလေးတစ်ပြား။ ရွှေဝါရောင် လိုင်းလေးသုံးခုဖောက်ထားပြီး ထိုကတ်ပြားဆီကနေ အမွှေးနံ့လေးတစ်ခု ထွက်နေသည်။
YOU ARE READING
The 7th Prince (Yizhan)