!!
ရှောင်ကျန့် ခုံတွေစုထားတဲ့နေရာကိုသွားလိုက်ပြီး ထိပ်ဆုံးကခုံကိုသယ်လိုက်သည်။ ခုံတွေကများလွန်းတာကြောင့် တစ်ယောက်ကို ဆယ်ခုံနှုန်းသယ်ခိုင်းထားတာဖြစ်ပြီး အားကြီးတဲ့ Alpha တွေက တစ်ခါသယ်ရင်ငါးခုံနှုန်းသယ်ကြသည်။ Alpha တွေက သူတို့ သယ်ရမယ့် အရေအတွက်ပြီးသွားတဲ့အခါ အခြားသူတွေကို လိုက်ကူညီပေးကြတယ် ။
ရှောင်ကျန့်ကတော့ နှစ်ခုံသာသယ်ပြီး အေးအေးဆေးဆေးလေးလုပ်နေလိုက်သည်။ သူ သယ်ထားတဲဲ့ခုံတွေကို အားကစားကွင်းထဲ သွားထားတော့ ဖေးက အခြားလူတွေကို လုပ်ဆောင်ရမဲ့ကိစ္စတွေ ညွှန်ပေးနေသည်။ သူမက ရှောင်ကျန့်လာတာမြင်လိုက်တော့ သူမပြောနေတာတွေကို ရပ်လိုက်ပြီး ရှောင်ကျန့်အပေါ်ကို အာရုံစိုက်လာသည်။
ရှောင်ကျန့် နေရခက်စွာပဲ သူ့မျက်နှာကြီးရဲလာသည်။ ဒါကိုသတိထားမိသွားတဲ့ သူမက အနားရောက်ချလာပြီး
"ကျောင်းသား ရှောင်ကျန့် နေမကောင်းရင်လည်း မလုပ်ဘဲ သွားနားလို့ရတယ်"
သူမ ဘာပြောတာလဲ ???
ရှောင်ကျန့် နားမလည်တာကြောင့် သူမကို ကြောင်အစွာ ကြည့်နေလိုက်သည်။နေပါဦး နေမကောင်းတာ...?
ရှောင်ကျန့် သူ့ကိုယ်သူ ပြန်စစ်လိုက်တော့နေကောင်းပါတယ် ။ ထို့ကြောင့်
"နေမကောင်းတာမျိုး မရှိပါဘူး"
"နင့်မျက်နှာက နီနေတယ် ။မလုပ်နိုင်ရင် ထားခဲ့လိုက် ငါ့အဖွဲ့ထဲက တစ်ယောက် လုပ်သွားလိမ့်မယ်"
သူတို့ ကျောင်းသားခေါင်းဆောင်က ရှောင်ကျန့်ကို ထိုသို့ပြောလိုက်တာကြောင့် ဘေးနားက ရေသောက်ရင်း ဖြတ်လျှောက်တဲ့ကောင်လေးခမျာ ရေသီးသွားရသည်။
ရှောင်ကျန့်လည်း သူမစကားကြောင့် ပုံမှန်ထက်ပိုပြီး နေရခက်လာတယ်ဆိုတာ သိလိုက်သည်။ ထို့ကြောင့်
"ရပါတယ် ငါပဲလုပ်လိုက်ပါ့မယ် ကျောင်းသားခေါင်းဆောင် ခွင့်ပြုပါဦး"
ရှောင်ကျန့် ထွက်သွားပြီးသည့်တိုင်အောင် ဖေးက ခံစားချက် မရှိတဲ့ မျက်နှာနဲ့ ရပ်ကြည့်နေသေးသည်။ ရှောင်ကျန့် ခုံတွေနေရာချပြီး ပြန်ထွက်သွားသည်အထိ သူမကရပ်ကြည့်နေတာဖြစ်ပြီး တခြားသူတွေပြောစရာဖြစ်အောင် လုပ်နေသလို ဖြစ်နေသည်။
YOU ARE READING
The 7th Prince (Yizhan)