!!
City တစ်ခုနဲ့ တစ်ခုက အလွန်ဝေးသည်။ K city နဲ့ Y city တို့က အဝေးဆုံးဖြစ်ပြီး ကြားမှာကြာချိန် တစ်ပတ်နီးပါးရှိသည်။ ဒီလို နည်းပညာခေတ်ကြီးမှာတောင် ဒီလောက်ထိဝေးကွာကြသည်။ Y city နဲ့ K city ကြားမှာ M city ရှိနေပြီး Z city ကတော့ M city မရောက်ခင်မှာ ရှိနေတာဖြစ်သည်။
ရိပေါ် အထိန်းတော်ကြီးကိုအမိန့်ပေးလိုက်ပြီး ညီတော်နှစ်ယောက်ကိုခေါ်ဖို့ လူလွှတ်လိုက်တယ်။
မင်းသား (၂) နဲ့ မင်းသား (၃) နှစ်ယောက်လုံးက ရိပေါ် နဲ့ဆို တစ်နှစ်ငယ်ကြပြီး အသက် 19 နှစ်တွေဖြစ်သည်။ စွမ်းအားပိုင်းနဲ့ ပညာရေးပိုင်းမှာလည်း ရိပေါ် ပြီးရင် သူတို့နှစ်ဦးက နေရာယူလျက်ရှိကာ ပညာသင်သွားနေတဲ့ တစ်လျှောက်လုံးမှာလည်း ဝမ်နိုင်ငံအတွက် ဂုဏ်တက်စေခဲ့သည့် ညီတော်နှစ်ပါးပင်။
မင်းသား (၂) ရဲ့ အစွမ်းက တစ်ဖက်လူရဲ့စိတ်ကို ထိန်းချုပ်နိုင်တာဖြစ်ပြီး မင်းသား (၃) ကတော့ လူတွေကို ပြန်လည်အားဖြည့်ပေးနိုင်သည်။
ဟောက်ရွှမ်းက ပြန်လည်ရှင်သန်စေတာ ဖြစ်ပြီး မင်းသား (၃) က ပြန်လည်အားဖြည့်ပေးတာမျိုး။ သူတို့နှစ်ယောက်ကြား ကွာခြားမှုကြီးရှိပေမယ့် နှစ်ယောက်လုံးရဲ့ အစွမ်းတွေက ရှားပါးစွမ်းအင် မျိုးစိတ်ထဲမှာပါဝင်နေပြီး alpha တွေကြားမှာလည်း နာမည်ကြီးတဲ့ အစွမ်းမျိုးဖြစ်တယ်။
ဒါပေမယ့် အစွမ်းတွေအားလုံးထဲမှာမှ အရှားပါးဆုံးကတော့ ရေစွမ်းအင်ဖြစ်သည်။
ဘိုးဘေးလက်ထက်ထဲက ရေစွမ်းအင်ရှိတဲ့သူတွေဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာကြပြီး အခုဆို တစ်ယောက်တစ်လေတောင် ရှာတွေ့ဖို့ အလွန်ခဲယဉ်းသွားသည် အထိ ဖြစ်သည်။ ရိပေါ် ဆိုဖာခုံပေါ်မှာ ထိုင်လိုက်ပြီး ခနနေတော့ ဟောက်ရွှမ်း ကဘေးနားရောက်လာသည်။"မင်းညီတော် နှစ်ယောက် ပြန်လာနေပြီလို့ကြားတယ် ။ သူတို့ကိုရော company မှာ ထည့်မှာလား"
"ဟူတ်တယ် နောက်ထပ်ပရောဂျက်တွေအတွက် သူတို့ကိုလိုအပ်တယ်"
ရိပေါ် ဟောက်ရွှမ်းကို မကြည့်ဘဲ ပြန်ဖြေလိုက်တယ်။ ဟောက်ရွှမ်းလည်း ခနလောက်တိတ်သွားပြီး
YOU ARE READING
The 7th Prince (Yizhan)