အကြာကြီး ပျောက်သွားမိလို့ တောင်းပန်ပါတယ်..။ စောင့်နေပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်နော်..။
!!
အရာအားလုံးဟာ ဖြစ်သင့်တဲ့အတိုင်း ပြန်ဖြစ်လာပြီလို့ ရိပေါ် ခံစားလိုက်ရသည်။ ဒါပေမယ့် ရင်ဘက်ထဲတော့ နည်းနည်းနာတယ်..။
splitting ဖြစ်နေတဲ့ ကလေးငယ် အတွက်လည်း သူတို့ နည်းလမ်းရှာဖို့ လိုတာကြောင့် ရိပေါ်ဟာ နောက်အချိန်ရရင် မင်းသားငယ်တွေနဲ့အတူ စကားပြောဦးမှလို့ တွေးထားမိသည်။
မြို့တော်ကို ပြန်ရောက်လာပြီမို့ ရိပေါ်အနေနဲ့ b-o ဆေးကို ပြန်ပြီး အာရုံစိုက်ဖို့ လိုလာခဲ့ပြီ။ တကယ်တော့ သူ့မှာလုပ်ရမယ့် တာဝန်တွေမှ အများကြီး။
အပူတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ စိတ်နှလုံးသားကို အေးချမ်းစေဖို့ ရိပေါ်ဟာ အိမ်တော်ထဲက ရေကန်ကျယ်ကြီးဆီ ဒိုင်ပင်ထိုးပစ်လိုက်သည်။ ကန်ရေတဲ့ အေးမျှမှုနဲ့ ထိတွေ့မှ ဖြစ်တော့မယ့် အနေအထားရယ်..။
ရှောင်ကျန့်ရဲ့ personality တွေ ကွဲထွက်နေတာ။ omega တိုးပွားရေးအတွက် အသစ်ထုတ်လုပ်မယ့် ဆေးကိစ္စ..။ ရှောင်းဝူမင်ရဲ့ လျှို့ဝှက်တပ်..။ နောက်ပြီး မြို့တော်အသီးသီးမှာကျန်နေသေးတဲ့ မင်းသား ငယ် (၃) ယောက်ကိုလည်း ပြန်ခေါ်ဖို့ လိုပြန်သည်။
ရိပေါ်သည် သူ ပြန်ရှင်လာတဲ့အချိန် ခဏလေးအတွင်း အတော်ကြီး အိုစာသွားတယ်လို့တောင် တွေးထင်နေမိသည်အထိ..။ သူ့မှာ ပူပန်စရာတွေက အတော်လေး များလို့နေလေ၏။
"အိမ်ရှေ့စံ"
ကန်ထဲ ပက်လက်ရေစိမ်နေတဲ့ ရိပေါ်ဟာ အိမ်တော်ထိန်းရဲ့ အသံကို ကြားသည်နှင့် အတွေးတွေကို ပြန်ကောက်သိမ်းလိုက်သည်။
"မင်းသားတွေကို ကြိုဆိုဖို့ ပြင်ပေးနိုင်မလား ဦးလေး.. အထူးသဖြင့် အားကျန့်အတွက် ပိုအလေးပေးပြီး စီစဉ်ပေးပါ နောက်ပြီး ကျွန်တော့် အတွင်းရေးမှူးဆီကနေ စာရွက်စာတမ်းတွေကိုလည်း ယူပေးထားပါဦး ကျွန်တော် ဒီညအပြီးလုပ်ဖို့လိုနေလို့"
YOU ARE READING
The 7th Prince (Yizhan)