!!
"ဘာတွေ ပြောနေတာလဲ"
ရှောင်ကျန့် ရိပေါ်ကို အူကြောင်ကြောင်နဲ့ ကြည့်နေမိသည်။
"မင်း...မခံစားမိဘူးလား"
သူ ရှောင်ကျန့်ရဲ့ အောက်ဘက်ကို ကြည့်ရင်း ပြောလိုက်သည်။
ရှောင်ကျန့်ကလည်း သူ့အောက်သူ ငုံ့ကြည့်ပြီး ပြန်ဖြေလေတယ်။
"ဘာကို ခံစားရမှာလဲ"
မေးတစ်ခွန်း ဖြေတစ်ခွန်းနဲ့ တိုင်ပတ်နေတဲ့ သူတို့ နှစ်ယောက်။
ရိပေါ်၊ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်၏။
*ရှောင်ကျန့်ဆီကနေ pheromone အနံ့ တစ်ခု ထွက်နေတယ် ဆိုတာတော့ သေချာတယ်။ ဒီလောက် ပြင်းတဲ့ပုံ အရဆို အောက်ဘက်ကလည်း ကျိန်းသေပေါက် တုန့်ပြန်မှာပဲ။ ငါ ခံစားနေရတာတော့ မမှားဘူး။ ဒါပေမယ့်...*
"ကျွန်တော်က beta နော်"
"ကိုယ် သိတယ်လေ"
"အဲ့တာဆို ဘာလို့ omega လိုမျိုး ပြောနေတာလဲ"
"ကိုယ် ခံစားနေရလို့"
"....."
တစ်ခွန်းမေး တစ်ခွန်းဖြေ။ ဒါမယ့် တိကျတဲ့ အဖြေ မဟုတ်တာကြောင့် ရှောင်ကျန့် စိတ်တွေ ပူထူလာသည်။
"အဟမ်း အဟမ်း!!"
အကြည့်ချင်းစုံပြီး ကမ္ဘာ့အပြင် ရောက်နေတဲ့ နှစ်ယောက်ကို၊ ရှောင်းပိုင် အခန်းဝမှာ ရပ်လျက် အသံပြုလိုက်သည်။
မျက်လုံး တစ်ချက် အဝေ့မှာ ဘာတွေ ဖြစ်ခဲ့သလဲ သူ သိလိုက်ရကာ၊ စိတ်ထဲမှာလည်း အကြီးအကျယ် တုန်လှုပ်သွားရသည်။
*အား-အား-အား-အားကျန့်??? မင်း ပြောတော့ အိမ်ရှေ့စံကို မုန်းတယ်ဆို??? အယ်...အယ်...အယ်!!!!*
"အဟမ်း..* ဝူမင် ပြန်လာတော့မယ်နော်"
အဲ့တော့မှ ရိပေါ်ရော ရှောင်ကျန့်ရော ပုံမှန်ပြန်ဖြစ်သွားကြသည်။
ရိပေါ်ဟာ ပဟေဠိတစ်ခုကို ကျိတ်ပြီး ဖြေရှင်းနေသကဲ့သို့ ရှိကာ၊ ရှောင်ကျန့်ကတော့ သူ့ ကိုယ်သူ အပေါ်အောက် အကုန် လိုက်စစ်နေ၏။
YOU ARE READING
The 7th Prince (Yizhan)