!!
*ဒေါက် ဒေါက် ဒေါက်* (တံခါးခေါက်သံ)
"ရှောင်ကျန့်? မင်းအထဲမှာ ရှိနေလား.. ကိုယ်တို့ စကား ခဏပြောရအောင်"
ဘယ်လောက်မှ မကြာလိုက် အခန်းတံခါး ပွင့်လာခဲ့ကာ ရှောင်ကျန့်ခေါင်းလေး ပြူထွက်လာခဲ့၏။
"ပြောစရာဘာရှိ?" - ဘုဆက်ဆက် အမေးဖြင့် မေးလာသူအား ရိပေါ် အသဲယားမိသည်။
"တံခါးဖွင့်ဦးလေ"
"ကျွန်တော် အခုမှ ရေချိုးခန်းကနေ ထွက်လာတုန်းရှိသေးတယ်.. ဘာမှ မဝတ်ရသေးဘူး...။ ဒီတိုင်းပဲ ပြောပြီး လှည့်ပြန်သွားလို့မရဘူးလား"
"ရှက်နေတာလား"
"..." သူ့စကားကြောင့် အားကျန့် မျက်လုံးလေးတွေ လှုပ်ခပ်သွားသည်။ ပါးပြင်လေးနှစ်ဖက် နီရဲလာတာကို မြင်တော့ ရိပေါ် ရယ်မိသွားတယ်.။
"ဘာရှက်စရာရှိလို့လဲ မင်းခန္ဓာကိုယ်နဲ့ ပတ်သတ်ရင် ခေါင်းအစခြေအဆုံး ကိုယ်မမြင်ဖူးတာ ဘာမှမရှိဘူး ရှောင်ကျန့်"
ပြောပြီးသည်နှင့် ရိပေါ်ဟာ တံခါးကို တွန်းဖွင့်လိုက်၏။ တုန်တက်သွားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးက သူအခန်းထဲ ဝင်လိုက်တာနဲ့ ချက်ချင်း ကုတင်ပေါ် တက်ပြေးပြီး သူ့ကိုယ်သူ စောင်အောက်မှာ ဖွက်ထားလေရဲ့။
ရိပေါ်တစ်ယောက် တံခါးကို အသာလေး ပြန်ပိတ်လိုက်ပြီး ရှောင်ကျန့် ဘေးနားသို့ သွားကာ - "အဲ့တိုင်းကြီး မနေနဲ့ အအေးပတ်လိမ့်မယ် .. သွား သွား အဝတ်သွားဝတ်"
"ခင်ဗျား ရှိနေတာကို ကျွန်တော် ဘယ်လိုဝတ်ရမှာလဲ" - ဆူဆောင့်အောင့်ပြီး ပြောလာတဲ့ ရှောင်ကျန့်။
"ကိုယ်မင်းကို လက်ဖျားနဲ့တောင် မထိဘူး ဟုတ်ပြီလား" - ရိပေါ် ရယ်ချင်နေသည်။
"ကြည့်လည်း မကြည့်နဲ့!"
"အိုကေ အိုကေ..။ လိမ္မာတယ် သွား၊ အဝတ် သွားဝတ်တော့"
သူ ခေါင်းတွင်တွင်ခါရင်း ကတိပေးလိုက်ခါမှ ရှောင်ကျန့်ဟာ စောင်အောက်ကနေ ဝတ်လစ်စလစ်ဖြင့် ထွက်လာခဲ့သည်။
YOU ARE READING
The 7th Prince (Yizhan)