!!
ရှောင်ကျန့်ဟာ ရိပေါ် သူ့ကို လာခေါ်မယ်ဆိုတဲ့ စကားကို မယုံရဲသေး။
သို့သော် တစ်ရက်လောက် စောင့်ကြည့်မယ်လို့တော့ တွေးထားသည်။
အကယ်လို့ လာမခေါ်ခဲ့ရင်လည်း သူ့အနေနဲ့ အိမ်တော်ထိန်းကြီးကို လှမ်းအကြောင်းကြားပြီး သူ မြို့တော် Y ကို မဖြစ်ဖြစ်အောင်ပြန်မှာပဲ။အခုတော့ သူ့မှာ အချိန်ပို တစ်ရက်ရနေတာကြောင့် ကျန်းချန်တို့နဲ့ ချိန်ပြီး shopping သွားကာ မပြန်ခင် လိုချင်တာတွေ ရှိလိုရှိငှား သွားဝယ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
သူ အဆောင်အောက်ကို ဆင်းလာတော့ ပေါ့ပေါ့ပါးပါး shirt ကိုယ်စီနဲ့ စောင့်နေတဲ့ ကျန်းချန်နဲ့ ရှောင်ဖုန်းတို့က လက်လှမ်းပြပြီး ပြေးလာကြသည်။
"ဟူး..ငါတို့ သုံးယောက် အခုလိုမျိုး အတူတူ အပြင်မသွားဖူးဘူးလို့လား မသိ။ ငါစိတ်တွေ လှုပ်ရှားနေတယ်၊ ထူးဆန်းလိုက်တာ။"
ရှောင်ဖုန်း စကားကို ကျန်းချန်က ထောက်ခံရှာတယ်။ တကယ်လည်း ဟုတ်နေတာပဲ။"ပိုထူးဆန်းတာ ပြောပြရမလား၊ ငါ့မှာ မင်းနဲ့ငါ ဘယ်လို သူငယ်ချင်းတွေ ဖြစ်လာကြမှန်းတောင် သေချာမသိသေးဘူး၊ သေချာတာတော့ ရှောင်ကျန့်ကြောင့်ပဲ"
"ဟဟ...အဲ့တာတော့ အမှန်ပဲ"
ကျန်းချန်နဲ့ ရှောင်ဖုန်းတို့က အခုဆို စကားပြောရာမှာ အတော်လေး လွတ်လပ် လာကြကာ အဆင့်အတန်းတွေ ဘာတွေကိုလည်း စိတ်ထဲမထားကြတော့ပေ။"သွားရအောင်... ငါ တနေ့လုံး အချိန်မရဘူး၊ ပြန်ရောက်ရင် လုပ်စရာရှိတာတွေ လုပ်ထားရဦးမှာ"
ရှောင်ကျန့် ဝင်ပြောလိုက်တယ်။" ကောင်းပြီလေ၊ ဒီနေ့တော့ မင်းနဲ့ရှောင်ဖုန်းကို ငါတို့မြို့တော်ရဲ့ အကောင်းဆုံး နေရာဆီ ခေါ်သွားပေးမယ်"
"ကောင်းတယ် ကောင်းတယ်!!"
ရှောင်ဖုန်းက တက်ကြွသွားရကာ ကျန်းချန်နဲ့တောင် လက်သီးခြင်းတိုက်လိုက်သေးတယ်။သူတို့ နှစ်ယောက်ကတော့ သူတို့အတွေးနဲ့သူတို့ ဟုတ်နေပေမယ့် ရှောင်ကျန့်ကတော့ မျက်မှောင် ကြုတ်သွားသည်။
YOU ARE READING
The 7th Prince (Yizhan)