(The End)

3.8K 277 2
                                    

!!


မင်္ဂလာပွဲနဲ့ ပတ်သတ်ပြီး ရိပေါ်တို့ ဘာမှ ပြင်ဆင်စရာမလိုခဲ့ဘူး။ မင်းကြီးဝမ်က အစစအရာရာ အကုန်လုံးကို အသေးစိတ် စီစဉ်ပေးနေခဲ့တာမို့ပင်။

ဒီရက်တွေမှာ ရိပေါ်က company မှာချည်း သောင်တင်နေတယ်။ ဒီကြားထဲ ထူးခြားတာဆိုလို့ ပြန်ခေါ်ခံလိုက်ရတဲ့ မင်းသား သုံးယောက ်ပြန်ရောက်လာတာပဲရှိသည်။ 

သို့သော် ထိုသုံးယောက်သည် ရောက်ပြီး ဘယ်လောက်မှ မနားလိုက်ရဘဲ၊ အိမ်ရှေ့စံရဲ့ တစ်ချက်လွှတ်အမိန့်နဲ့အတူ company မှာ အလုပ်လုပ်နေရလေသည်။

"ကောင်းချီးမပေးဘူး ငါ့  -ီး၊ အခုမှ ပြန်ရောက်တာကို အခုချက်ချင်း အလုပ်ဝင်ခိုင်းရတယ်လို့ ငါ့  -ီး"

"ဟိုကောင် မဆဲစမ်းနဲ့" - ဝူမင် ပိတ်ဟောက်လိုက်တယ်။ (၅)ယောက်မြောက်မင်းသားလေးက အပြောအဆို နဲ့ပတ်သတ်ရင် ငယ်ငယ်ထဲက ... တစ်မျိုး။ 

"ကောတို့လည်း မြိုတော်ကို ပြန်ရောက်ပြီး မကြာဘူး၊ ဒီမှာလာသောင်တင်နေတာပဲ မလား ဟမ့်၊ အတူတူနဲ့ အနူနူကို ငါ  -ီး"

"ဟိုကောင် ငါ လှမ်းပစ်လိုက်ရ၊ မဆဲနဲ့လို ငါမင်းကို ပြောထားတယ်မလား" - ဝူမင်သည် ဘေးနာမှာ ချထားသည့် ရေဗူးအား ကောက်ကိုင်လျက်၊ လှမ်းခြိန်းခြောက်လိုက်ခါမှ မင်းသား(၅)ဟာ ဇာတ်ကလေးပုပြီး ပါးစပ်ပိတ်သွားလေသည်။

ရှောင်းဟန်သည် တခစ်ခစ် ရယ်ရင်း အခန်းပြင် ထွက်သွား၏။ သူတို့မှ မဟုတ်ပါဘူး ရိပေါ်လည်း ဒီရက်တွေ နားကို မနားရသေးဘူး။ မင်္ဂလာပွဲ ကိစ္စနဲ့ပတ်သတ်ပြီး မပူရသည့်တိုင် med အတွက်တော့ ပူနေရသည်။

ကုန်ကြမ်းတွေ ကုန်သွားတာမို့ သူတို့အနေနဲ့ မြို့တော် A ကနေ အမြန်ပြန်ရနိုင်အောင် ကြိုးစားနေရတာက တစ်ကြောင်း၊ project စခါမှ ရှယ်ယာပြန်ထုတ်ဖို့ ကြိုးစားနေတဲ့ လူတွေက တစ်ကြောင်း။

အေးပေါ့လေ...။ ယွီဖေး အင်အားနဲ့တက်လာတဲ့ အယုတ်တမာတွေဆိုတော့ ယွီဖေးနန်းကျတာနဲ့ သူတို့အတွက်ကလည်း နောက်ကျောမလုံစရာ ဖြစ်လာပြီပဲ။

အခုတည်းက ထွက်ပြေးဖို့ ကြိုးစားနေကြပြီပေါ့။

*အလွတ်ပေးမယ် ထင်နေတာလား အဟက်*

You've reached the end of published parts.

⏰ Last updated: Oct 02, 2023 ⏰

Add this story to your Library to get notified about new parts!

The 7th Prince (Yizhan)Where stories live. Discover now