Part 17

2.9K 309 0
                                    

!!

{ ဒီအပိုင်းကို ပြင်ရင်း နည်းနည်းလေး အသဲယားမိတယ်၊ ဖတ်တဲ့သူတွေတော့ ဘယ်လိုနေမလဲ မသိပေမယ့်ပေါ့နော်၊ ကိုယ့်စိတ်ထဲ  တော့ ယားကျိကျိနဲ့ရယ် }

*****

နောက်နေ့မနက် (၅) နာရီ။ ရိပေါ် အားနည်းစွာ နိုးထလာခဲ့သည်။

သူ ရှောင်ကျန့်နဲ့ တစ်ညလုံးနီးပါး စကားတွေပြောနေခဲ့တာကြောင့်ရော၊ တစ်နာရီလောက်ပဲ အိပ်ရသေးတာကြောင့်ရော လူက မလန်းဆန်းသလို ခံစားနေရသည်။

ရိပေါ် အိပ်ရာပေါ်က ဆင်းလာပြီး ရေချိုးလိုက်သည်။ ထို့နောက် ဟော်တယ်လ် ရဲ့ စားဖိုမှူးကို မနက်စာအတွက် ပြင်ဆင်ခိုင်းလိုက်ကာ သူလည်း လုပ်စရာရှိတာ လုပ်နေလိုက်သည်။

ရိ‌ပေါ် အောက်ဆင်းလာတော့ မနက်စာကအဆင်သင့်ဖြစ်နေတာမို့ သူလည်း အချိန်မဆွဲတော့ဘဲ စားလိုက်သည်။

လူက အိပ်ရေးမဝတာကြောင့် အစာစားချင်စိတ်ရှိမနေဘဲ ခေါင်းပါမူးတက်လာတယ်။ အရင်ညတွေတုန်းက company ကိစ္စတွေကြောင့် သုံးရက်လောက် မအိပ်ခဲ့ရတာတွေလည်းရှိခဲ့သလို၊ မနေ့ညကလည်း အိပ်ချိန်နည်းသွားတာကြောင့် အခုတော့ မသက်မသာ ခံစားနေရပြီ။ အိမ်တော်ထိန်းကြီးက ရိပေါ်ရဲ့ပုံစံကို တွေ့တော့စိုးရိမ်သွားပြီး

"အိမ်ရှေ့စံ နေမကောင်းဘူးလား"

ရိပေါ် ခေါင်းခါပြလိုက်သည်။

"ဒီတိုင်း ခေါင်းက မကြည်မလင် ဖြစ်နေရုံပါ"

အိမ်တော်ထိန်းက နားလည်သွားကာ  ခေါင်းကြည်လင်စေဖို့ ဖျော်ရည်တစ်ခုကို ဝန်ထမ်းတွေအား ပြင်ဆင်ခိုင်းလိုက်၏။
ခနကြာတော့ လက်ထဲမှာ သံပုရာရည်နဲ့အတူ အိမ်တော်ထိန်းက ပြန်ရောက်လာကာ

"ဒါလေးက အထောက်အကူ ပြုလိမ့်မယ် ထင်ပါတယ် အိမ်ရှေ့စံ"

ရိပေါ် အိမ်တော်ထိန်း လက်ထဲက ဖျော်ရည်ကို သောက်လိုက်ပြီး ကျန်းအနုပညာကျောင်းကို ထွက်လာခဲ့သည်။ သူ ကားပေါ်မှာ ထိုင်နေရင်း တရိပ်ရိပ်ဖြစ်လာတာကို ခံစားလိုက်ရပေမယ့် ထိုခံစားချက်က ခနအကြာမှာ ပြန်ပျောက်သွားသည်။

The 7th Prince (Yizhan)Where stories live. Discover now