💓Xiao Zhan's side story💓

2.3K 241 6
                                    

!!

ရှောင်ကျန့် : အသက် (၉) နှစ် အရွယ်၊

မြို့တော် Z ဆီ မသွားခင် နှစ်ပတ်အလို..။

မင်းသားငယ် ရှောင်ကျန့်ဟာ လက်ထဲမှာ မျိုးမတူတဲ့ ပန်းပွင့် အနည်းငယ်ကို ကိုင်ထားရင်း သူ့ရဲ့ ခြေတံ တိုတိုလေးတွေဖြင့် အိမ်တော်ထဲ ပတ်သွားနေခဲ့သည်။

ဒီနေ့က သောကြာနေ့ ။ အိမ်ရှေ့စံ အိမ်ပြန်လာမယ့် နေ့ဖြစ်၏။

ခြံဝန်းထဲမှာ စိုက်ထားတဲ့ အရောင်အသွေး စုံလင်သည့် ပန်းတွေထဲကမှ အလှပဆုံးဖြစ်သော ပန်းတွေကို တစ်ပွင့်စီ ခူးလာကာ ရှောင်ကျန့်ဟာ ပျော်ရွှင်နေခဲ့သည်။

အမုန်းတွေ အချစ်တွေ၊ သေချာ မသိသေးသည့်တိုင် တစ်စုံတစ်ယောက်အတွက် တစ်ခုခုကို ရည်ရွယ်တဲ့အခါ အလှပဆုံးကို ရွေးချယ်ရမယ် ဆိုတာကိုတော့ သိနားလည်နေခဲ့တယ်။

ရှောင်ကျန့်ဟာ အိမ်ရှေ့စံ ပြန်လာတိုင်း အမြဲတမ်း ရှိနေတတ်တဲ့ အခန်းမဲမဲကြီးဆီ သွားဖို့ ခြေလှမ်းတည့်လိုက်သည်။ အမှန်ကတော့ ရိပေါ်ရဲ့ စာဖတ်ခန်းပါ။ တစ်ခန်းလုံးမှာ မီးအိမ်တစ်ခုတည်းသာ ရှိသည်။ မီးအလင်းရောင်က ခပ်မှိန်မှိန်မို့ အမြင်အာရုံ အားနည်းတဲ့ ရှောင်ကျန့်အတွက်ကတော့ အခန်းက အမြဲ မှောင်မဲနေခဲ့တာ။

သူ ထိုအခန်းဆီ သွားနေတုန်း တံခါးဟနေတဲ့ အခန်းတစ်ခုရှေ့ ရောက်သွားခဲ့တယ်။ အခန်းထဲမှာ ‌လျှောက်လမ်းဘက်ကို ကျောပေးထားသည့် ဝမ်ဖေးကို မြင်လိုက်ရသည် ။

ပုံမှန်ဆို ဘုရင်ပဲဖြစ်ဖြစ် မိဖုရားပဲဖြစ်ဖြစ် မင်းသား (၇) ယောက်နေတဲ့ အိမ်တော်ကို လာလေ့မရှိဘူးမို့ မိဖုရားကို မြင်လိုက်ရတဲ့အခါ ရှောင်ကျန့် နည်းနည်းတော့ အံ့ဩမိသွားတယ်။

ရှောင်ကျန့် ရှေ့ဆက်မသွားဘဲ ရပ်လိုက်ကာ မိဖုရားကြီး ရှိနေတဲ့ အခန်းထဲကို လှမ်းကြည့်လိုက်သည်။

မိဖုရားကြီးက ဖုန်းထဲက တစ်ယောက် ယောက်နဲ့ စကားပြောနေတာ ဖြစ်ပြီး အပေါက်နားက သူ့ကို သတိမထားမိပေ။

ကလေးပီပီ သူ့လက်ထဲက ပန်းတွေကို အမျိုးသမီးဖြစ်တဲ့ မိဖုရားကြီးကို ပေးချင်ခဲ့တာကြောင့် အနည်းငယ် ပွင့်နေတဲ့တံခါးကို တွန်းဖယ်ပြီး အထဲဝင်သွားလိုက်သည်။

The 7th Prince (Yizhan)Where stories live. Discover now