Part 38

1.1K 69 0
                                    

!!



"အို.. မယ်မယ်လုပ်တာနဲ့ ရှင်းချန်ကောက ကျွန်တော့်ကိုတောင် မနှုတ်ဆက်ချင်တော့ဘူး..ကျစ် ကျစ် ကျစ်"

"ရှောင်ကျန့်..!! ဘယ်မှာလဲ မင်းသားတစ်ယောက်ရဲ့ အပြုအမူတွေ ဟမ်? မင်းကို မိဖုရားရှေ့မှာ ဒီလိုပြုမူရမယ်လို့ သင်ထားတာလား .. မင်းသားတစ်ယောက် ဖြစ်နေပြီး မင်းသားနဲ့တူတဲ့ အပြုအမူရှိမနေတာ မင်းညီမင်းသားတွေကို သိက္ခာချနေတာပဲ !! အစေခံတွေတောင် မိဖုရားလာရင် ခေါင်းငုံ့ရမယ်ဆိုတာ သိတယ်..။ မင်းက အစေခံလောက်တောင် အဆင့်အတန်းမရှိဘူးပဲ"

"လူ သတ် သ မား တစ်ယောက်ကိုတော့ ဒူးထောက်ပြီး အရိုအသေမပေးနိုင်ပါဘူး"

"....."

လူအုပ်တစ်ခုလုံး တိတ်ကျသွားသည်။ ယွီဖေးတစ်ယောက် တုန်တက်သွားတယ်။ ရှောင်ကျန့်ကို ကြည့်နေတဲ့ သူမရဲ့ အကြည့်တွေက စက္ကန့်ပိုင်းအတွင်းမှာတင် အမျိုးမျိုး ပြောင်းလဲနေတော့သည်။

ဝေခွဲမရဖြစ်နေတဲ့ ပုံပါပဲ။

ဟက်* ရှောင်ကျန့် ပြုံးရုံသာ ပြုံးပြီး ရိပေါ်ဘေးနားမှာ ရပ်လိုက်တယ်။

ဟုတ်တယ်။ ပြန်ရှင်သန်လာတည်းက အရင်ဘဝမှာ မေ့ဖျောက်ခံထားရတဲ့ အမှန်တရားတွေကိုရော၊ ယွီဖေးရဲ့ ယုတ်မာမှုကိုရော သူ အကုန် သိထားပြီးသား။ ရှင်းချန်ကောရဲ့ သူ့အပေါ် ကာကွယ်ပေးမှုကိုလည်း သူ မှတ်မိနေသေးတယ်။

ဒါပေမယ့် ကာကွယ်ပေးမှုက အဆုံးသတ်မလှခဲ့တော့ ရိပေါ်က သူ့ကို အဆုံးထိ နှိပ်စက်ခဲ့တယ်။ TT ။

ထားပါ အဲ့တာက အရင်ဘဝမှာ ပြီးခဲ့ပြီပဲ။ တူညီတဲ့ နှိပ်စက်မှုမျိုး ဒီဘဝမှာ ထပ်မဖြစ်တော့ဘူးမို့ ဝမ်နဲ့ပတ်သတ်ရင် သူ စိတ်ချလို့ ရနိုင်နေပြီ။

"မင်း- မင်း ရူးနေလား"

မဲမှောင်ပြီး တုန်လှုပ်နေတဲ့ ယွီဖေးမျက်နှာကို ရှောင်ကျန့်တို့ မင်းသား လေးယောက်၊ အရသာခံပြီးကြည့်နေကြတယ်။ အိုးဟိုးး.. ဒီညပွဲက စိတ်လှုပ်ရှားဖို့ ကောင်းတော့မှာပဲ။

"အမှန်တရားဆိုတာ အမြဲတမ်း ဖုံးကွယ်ထားလို့ မရဘူးလေ မယ်မယ်"

The 7th Prince (Yizhan)Where stories live. Discover now