Part 18

2.8K 305 3
                                    

!!

"ခင််များ တကယ်ပဲ ဘာရည်ရွယ်ချက်နဲ့ ကျတော့်ဆီ လာတာလဲ ။ မဟုတ်ဘူး...  ဘာအတွက် ဒီမြို့တော်ကို လာခဲ့တာလဲ "

အခန်းဟာ ရှောင်ကျန့်အော်သံကြောင့်တိတ်ဆိတ် သွားသည်။ ရိပေါ်က ဘာခံစားချက်မှမပြတဲ့ မျက်နှာနဲ့သူ့ရှေ့က ဒေါသအိုးလေးကို ကြည့်နေလိုက်တယ် ။

ပြတင်းပေါက် အပြင်ဘက်ကနေ တိုက်ခတ်သွားတဲ့ ညနေခင်းလေပြေသံက သူတို့နှစ်ယောက်ရဲ့ နားထဲကို ဝင်ရောက်လာသည်။

အိပ်တန်းတက်ဖို့ သွားနေတဲ့ ကျေးငှက်တွေရဲ့ တကျီကျီသံတွေကိုလည်း ကြားနေရသည်။

ရေချိုးခန်းထဲက တစက်စက်ကျနေတဲ့  ရေသံတွေလည်း ထွက်လာခဲ့ပြီး အဆောင်အပြင်ဘက်မှ လမ်းလျှောက်လာတဲ့လူတွေရဲ့ ခြေသံကိုလည်း ကြားလိုက်ရသည်။

~ လောကကြီးက တိတ်ဆိတ်သွားတော့လည်း အေးချမ်းလိုက်တာ ~

သို့သော် ရိပေါ်ရှေ့ကကောင်လေးရဲ့ ဒေါသမီးတွေကတော့ အရှိန်အဟုန်နဲ့ တောက်လောင်နေဆဲ။

ရိပေါ် အသက်ပြင်းပြင်းရှုနေတဲ့ ရှောင်ကျန့်ရဲ့မျက်လုံးမှာထင်ဟပ်နေတဲ့ အမုန်းတရားတွေကို ကြည့်ပြီး သူ့ရင်ထဲမှာ နာကျင်နေသည်။

ဒါတွေအားလုံးကသူလုပ်ခဲ့တာတွေရဲ့ အကျိုးဆက်ပဲမလား။ သူငြင်းလို့မရသလို ငြင်းပိုင်ခွင့်လည်း မရှိဘူး။

နောက်တစ်ကြိမ် ညနေခင်းလေပြေက တိုက်ခတ်လာပြီး အခန်းထဲ တိုးဝေ့လာတဲ့ အခါမှာတော့ ပြတင်းပေါက်ဘက်ကိုကျောပေးထားတဲ့ ရှောင်ကျန့်ရဲ့ ဆံပင်တွေဟာလေယူရာ ယိမ်းနွဲ့လို့ အနည်းငယ်ပွထ သွားခဲ့သည်။

ရိပေါ် ရှောင်ကျန့် အိပ်ရာပေါ်ကနေ ထလိုက်ပြီး ကောင်လေးရှိရာဆီသွားလိုက်သည်။ နောက်တစ်ကြိမ်ပေါ့။

နီးကပ်ခါနီး လူနှစ်ယောက်ကြားက လေထုဟာ နည်းနည်းတော့ ဆန်းကြယ်သည် ။

ရိပေါ် ရှေ့တိုးလာလေ ရှောင်ကျန့်က နောက်ဆုတ်သွားလေဖြစ်ပြီး နောက်ဆုံးတော့ ပြတင်းပေါက်နံရံနဲ့ ရိိပေါ်ကြားမှာညှပ်သွားသည်။

ရှောင်ကျန့် အသက်ရှူနှုန်းတွေ မြန်လာပြီး ချွေးစေးတွေပါ ထွက်လာသည်။ သူ့ရှေ့က လူရဲ့ အကြည့်တွေက အသူရာချောက်နက်ကြီးလိုပဲ ။

The 7th Prince (Yizhan)Where stories live. Discover now