Part 3

4.9K 495 4
                                    

!!

ရိပေါ်  သူ့လက်ထဲကစာရွက်တွေကို ပြန်ချလိုက်ပြီး ဟောက်ရွှမ်းကိုတိတ်တဆိတ်ကြည့်လိုက်တယ်။ ဟောက်ရွှမ်းမျက်လုံးထဲက ပြင်းပြနေတဲ့ သိချင်စိတ်လေးကြောင့် ရိပေါ်နောက် ပရောဂျက်အတွက် ပြောဖို့အချိန်သင့်ပြီ လို့ထင်လိုက်သည်။

"ဒီပရောဂျက်ကို ခနရပ်ထားမယ်"

"ခန....ရပ်ထားမယ် ??"

ဟောက်ရွှမ်းက တအံ့တသြ နဲ့ ပြန်ပြောသည်။ အပြီးရပ်လိုက်သင့်နေပြီမဟုတ်ဘူးလား။

"ဒါမယ့် အပြီးရပ်လိုက်တာက ပိုမကောင်းဘူးလား ရိပေါ်"

"Alpha တွေကို လိုအပ်နေတယ် ဟောက်ရွှမ်း။ beta အချို့ကို alpha မျိုးစိတ်ပြောင်းလဲနိုင်ရင် ငါတို့အတွက် အင်အားပိုတောင့်လာနိုင်ဖို့ အလားအလာပိုရှိတယ်"

"ဒါပေမယ့်...အခုလက်ရှိ ရှိနေတဲ့ Alpha တွေ အတွက်တောင် omega တွေက လုံလောက်မှု မရှိဘူးလေ ရိပေါ်။ beta တွေကလည်း ငါတို့ဒဏ်ကို ခံနိုင်ကြတာမဟုတ်ဘူး"

ဟောက်ရွှမ်း ပြောစကားကြောင့် ရိပေါ် ခေါင်းညိတ်လိုက်ပြီး

"အင်း မင်းပြောတာ မှန်တယ် ။ အဲ့တာကြောင့်နောက်ထပ်ပရောဂျက်တစ်ခုကို စဖို့ အချိန်ရောက်ပြီလို့ ငါထင်တယ်။"

"ဘာပရောဂျက်လဲ? ဖြစ်နိုင်ချေရှိလား"

"beta omega ပြောင်း‌ဆေး။ ဖြစ်နိုင်ချေရှိလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ။ နောက်ပြီး တွဲဖက် ရှယ်ယာရှင်တွေကိုလည်း ဒီစမ်းသပ်ချက်မှာ ပါလာအောင် စွယ်ဖို့လိုသေးတယ် "

ဟောက်ရွှမ်းက ရိပေါ်စကားဆုံးတော့ တိခနဲပိတ်ကျသွားတယ်။ ဆိုတော့ ရိပေါ်မှာ နောက်ထပ်ပရောဂျက်ရှိနေပြီး အဲ့တာကလည်း အခုလက်ရှိ omega နည်းပါးခြင်းကို ဖြေရှင်းပေးနိုင်မယ့် အရာပဲ။

"အင်း ဘုတ်အဖွဲ့အတွက်တော့ စိတ်ပူမနေနဲ့ ။ မင်းလိုအပ်တာတွေသာ ပြင်ထားလိုက်"

ရိပေါ်ဟာ ဘာမှပြန်မဖြေဘဲ ယုံကြည်လိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ထို့နောက် အစည်းအဝေး ကျင်းပဖို့ အတွက် အတွင်းရေးမှူးကို ပြင်ခိုင်းလိုက်သည်။

The 7th Prince (Yizhan)Where stories live. Discover now