!!
ရှောင်းဟန်က ဝူမင့်ရဲ့ အကြည့်တွေကို လျစ်လျူရှုထားတယ်။ သူ ပြောခဲ့သလိုပဲ နောက်ဖြစ်မယ့်ကိစ္စ နောက်ရှင်းဆိုသလို သူ ဟိုမှာ တကယ်တမ်း ဘာတွေသင်ယူခဲ့ရလဲဆိုတာကို ရှောင်ကျန့်မသိမခြင်း ရှောင်းဟန်က ပိပိရိရိလေး နေဖို့ တွေးထားလေတယ်။
"ဒါနဲ့ ဝမ်ကော၊ မြို့တော် ပြန်ရောက်ရင် ကျွန်တော်တို့ကို project တစ်ခုလုပ်ခိုင်းမလို့ဆို? လဲ့ကော ဖုန်းဆက်တယ်ရော ။**မင်းတို့ အိမ်ရှေ့စံမှာ အကြံကြီးနဲ့ကွ** ဆိုပြီး"
ရှောင်းပိုင် ပြောလည်းပြောရင်း၊ လဲ့မင်ရုပ်နဲ့ တစ်ပုံစံတည်းပါ လုပ်ပြလာတယ်။
"အင်း"
ရိပေါ် သိပ်ပြီး များများစားစား ပြန်မဖြေဘဲ အင်း* တစ်လုံးနဲ့ ခေါင်းတစ်ချက်ပဲ အရင် ညိတ်ပြလိုက်တယ်။
ပြီးတဲ့နောက် သူ ဆက်မပြောသေးခင် ရှောင်ကျန့်ကို လှမ်းကြည့်လိုက်ကာ
"ကိုယ်-"
"ဘာ project လဲ"
သူ ပြောမယ့်စကားကို ရှောင်ကျန့် ဖြတ်မေးလာသည်။
"beta - omega med ထုတ်မလို့"
"အဲ့တာက ဖြစ်နိုင်ချေရှိတယ်တဲ့လား? စိတ်ကူးယဉ်နေတာတော့ မဟုတ်လောက်ပါဘူးနော်...?"
ရွဲ့သလိုလို အတည်လိုလို မေးလာတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ် ဖြေဖို့ စိတ်မပါတော့။
သူ့ရှေ့မှာပြီတီတီ မျက်နှာပေးနဲ့ ထိုင်နေတဲ့ ကလေးငယ်ကို ရိပေါ် ခပ်တန်တန် စိုက်ကြည့်ပြီးတဲ့နောက် တစ်ဖက်လှည့်ကာ စိတ်ဖြေလိုက်သည်။
"ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို ကောတို့ ကြိုးစား ကြည့်ရမှာပေါ့ အားကျန့်ရဲ့.. နောက်ပြီး အရာအားလုံးက စိတ်ကူး ကနေပဲ စတင်ရတာ ဆိုတာကို အားကျန့်လည်း သိပြီးသား မဟုတ်ဘူးလား။ အိမ်ရှေ့စံကို စကားနာ ထိုးမနေပါနဲ့တော့ကွာ"
"ဟမ့်.. ဒါလေးပြောတာကို"
ရှောင်းဟန်က ရိပေါ် မျက်နှာ ပျက်သွားတာကို မြင်သည်နဲ့ ကြားဝင်ပြောကာ စကားဝိုင်းကို ဖြေဖျော့ပေးလေတယ်။
YOU ARE READING
The 7th Prince (Yizhan)