!!
နောက်တစ်နေ့ မနက်ရောက်တော့ ရှောင်ကျန့် ဖုန်းက အကြီးအကျယ်တုန်ခါလာသည်။
ရှောင်ကျန့်လည်း အိပ်ပျော်နေရင်းကနေ ဖုန်းသံကြောင့်လန့်နိုးသွားတယ်။ တစ်ပတ်လုံးမှာမှ ဒီနေ့တစ်ရက်တော့ သေချာပေါက် အိပ်ရေးဝဝအိပ်ရပြီလို့ ထင်ထားတာကို...အခုတော့နှောင့်ယှက်ခံရပြန်ပြီ။
သူ ဖုန်းကိုယူလိုက်ကာ ခေါ်သူနံပါတ်ကို ကြည့်လိုက်၏။ ကျန်းချန်?
"ဘာလဲ"
"ကျန့်ကျန့် ကျောင်းက သတင်းတင်တဲ့အဖွဲ့ထဲ ဝင်ကြည့်လိုက် အခုပဲ မြန်မြန်လေး"
ကျန်းချန်က အလောတကြီးဖြစ်နေတာကြောင့် ရှောင်ကျန့်မျက်ခုံးတွေ တွန့်ကျိုးသွားရသည်။ ဘာတွေအဲ့လောက်အရေးကြီးနေလို့ သူအိပ်နေချိန်တောင်ဖုန်းဆက်ပြောရတာလဲ။
ရှောင်ကျန့်တစ်ဖက်က ဖုန်းကိုင်ထားရင်းပဲ သူစာရှာတဲ့ အချိန်ကလွဲပြီးကျန်တဲ့အချိန်မသုံးတဲ့ လပ်တော့ပ်ကို ဖွင့်လိုက်သည်။ သူကျောင်းgroup ထဲဝင်ဝင်ခြင်း နာမည်ကြီးနေတဲ့ပို့စ်တစ်ခုကို မြင်လိုက်ရသည်။
အပေါ်ပဲဆွဲဆွဲ အောက်ပဲဆွဲဆွဲ အားလုံးက ထိုပို့စ်တစ်ခုတည်းသာ ဖြစ်ပြီး ထိုအရာက လည်း ပုံနှစ်ပုံကို ယှဉ်ပြထားတာဖြစ်၏။
ပထမပုံက ရှောင်ကျန့် နဲ့ ကျန်းချန်ကနမ်းနေတဲ့ ပုံဖြစ်ပြီး ဘေးချင်းကပ်ဖြစ်တဲ့ နောက်တစ်ပုံကတော့ သူနဲ့ရှောင်ဖုန်းက နမ်းနေတဲ့ပုံဖြစ်သည်။
ဒါဘယ်လိုတောင် လွန်လွန်းတာလဲ။ နှစ်ပုံလုံးက သူနဲ့ ဟိုနှစ်ယောက်က နမ်းနေတဲ့ရှုထောင့်ကနေ ရိုက်ထားတာဖြစ်ပြီး မြင်တဲ့သူတိုင်းကို ကျိန်းသေပေါက် သူတို့တွေပ နမ်းနေကြတယ်လို့ ထင်မှတ်သွားစေမှာအမှန်ပဲ။
ရှောင်ကျန့်ရဲ့ မျက်လုံးတွေကအေးစက်သွားပြီး လပ်တော့ပ်မျက်နှာပြင်ကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေမိသည်။
YOU ARE READING
The 7th Prince (Yizhan)