Part 36

995 65 0
                                    

!!



"မင်းနဲ့ငါ စကားပြောဖို့ လိုနေပြီ ရှောင်ကျန့်"

အိမ်တော်ကို ပြန်ရောက်ရောက်ချင်း အိမ်ရှေ့စံဟာ သူ့ကို လက်မောင်းကနေ ဆုပ်ကိုင်ပြီး အိပ်ခန်းထဲ ဆွဲခေါ်သွား၏။ 

"ခင်ဗျား လက်ကို လွှတ် စမ်း ရိပေါ်" - တစ်ဖက်လူဆီကနေ အားသုံးပြီး ချုပ်ကိုင်ခြင်း ခံလိုက်ရသည်မို့ ရှောင်ကျန့်သည် နာကျင်မှုကြောင့်၊ ဒေါသများပင် ထွက်လာခဲ့သည်။ သူ အော်လိုက်တော့ ရိပေါ်က ခပ်ဟဟ ရယ်ကာ သူ့ကို မပြီး ကုတင်ပေါ် ပစ်ပေါက်လေတယ်။

"အာ့* ခင်ဗျား ရူးနေလား။ ဘယ်လောက်ပဲ ဒေါသထွက်တယ်ဆိုဆို လူတစ်ယောက်လုံးကို ပစ်ပေါက်စရာလား" - အိပ်ရာခင်းထဲ နစ်ဝင်သွားတဲ့ပုံအရ ရိပေါ် ပစ်ပေါက်လိုက်တဲ့အားက နည်းမည်မထင်။ တော်သေးသည်က  အောက်ကမွေ့ရာက တော်တော်လေး ထူနေလို့သာပဲ။

"အဲ့တော့ ငါ ဒေါသထွက်နေမှန်း မင်းသိတယ်ပေါ့လေ .. ဒီလိုတွေ ဖြစ်မလာစေချင်ရင် မင်းငါ့စိတ်ကို အစထဲက မစမ်းသင့်ဘူး ရှောင်ကျန့်.. စိတ်ရှိလက်ရှိ လုပ်ရမယ်ဆို မင်းကို ဒီနေရာမှာတင် ဆွဲဖြဲပစ်တယ် မင်းသိလား"

"သိတယ်.. ခင်ဗျား မျက်လုံးတေါမှာ ပေါ်နေပြီးသား..တိရစ္ဆာန်တစ်ကောင်လို- ဟာ့*"  - ရိပေါ်ဟာ သူ့ကို စကားဆုံးအောင် ပြောခွင့်မပေးဘဲ အပေါ်ကနေ အုပ်မိုးလာခဲ့သည်။ ကျောပြင်မှာ မွေ့ရာ၊ မျက်နှာချင်းဆိုင်မှာ အန္တရာယ်။ သူ့နှယ် လွတ်လမ်းရယ် မရှိ။

ရင်ဘက်ထဲက အောင့်သည်။ ရိပေါ် ဒေါသထွက်တာကို မြင်ရတာဟာ သူ့အတွက် ပုံမှန်မဟုတ်။ သူ့ တစ်ကိုယ်လုံးကို အကြောက်တရားက တစ်စတစ်စ ဝါးမြိုလာ၏။ သူ့ရှေ့က လူသည် သားရဲတစ်ကောင်အလား။

ခပ်နီနီ မျက်ဆံများက သူ့အား စိုက်ကြည့်နေသည်မှာ သူ့တစ်ကိုယ်လုံးကို ထိုးဖောက်ဝင်ရောက်သွားတော့မည့် အလား။ ရိပေါ်ရဲ့ လေးလံပြိး ခက်ထန်နေတဲ့ အသက်ရှူသံတို့က၊ သူ့အား ရုန်းမထွက်နိုင်တဲ့ ဖိအားအောက်ထဲ ရောက်အောင် တွန်းပို့လို့နေသည်။ အပေါ်စီးကနေ ဖမ်းအုပ်ထားခံရသည့် ယုန်ငယ်လေးသဖွယ် ရှောင်ကျန့်ဟာ ဒီတစ်ခါတော့ အသက်အန္တရာယ်တစ်ခုကို ထိပ်တိုက်ရင်ဆိုင်နေရလေပြီ။

The 7th Prince (Yizhan)Where stories live. Discover now