!!
ရိပေါ် ဆင်းသွားပြီဖြစ်တဲ့ ရှောင်ကျန့်အကောင့်လေးကို အချိန်အတော်ကြာ ကြည့်နေမိသည်။ ထို့နောက် Fri request list ထဲမှာ ရှောင်ကျန့်အကောင့်များ ရှိမလားလို့ သွားစစ်လိုက်သည်။ ရှိမနေဘူး။ တကယ်တော့ ရှောင်ကျန့်က သူ့ကို request message နဲ့ပြောခဲ့တာ ဖြစ်သည်။
ရိပေါ်အနည်းငယ်စိတ်ပျက်သွားသည်။ သူ့ဘက်က အရင်သွားအပ်ဖို့ တွေးလိုက်ပေမယ့်ရှောင်ကျန့်က သူ့ကို မိန်းကလေးလို့ထင်နေတဲ့အပြင် သူကသာ အရင်သွားအပ်လိုက်ရင် သူ့ဘက်က လိုလားနေသလို ဖြစ်သွားမှာလဲ တွေးရပြန်သည်။
နောက်ဆုံးတော့လည်း ဘယ်သူကဘယ်သူ့ကို ချစ်နေတာလဲ...?
အဖြေအရ ရိပေါ်ဘက်ကပဲ သွားအပ်လိုက်သည်။ အပြင်မှာ မဟုတ်ရင်တောင် အွန်လိုင်းပေါ်မှာ စကားပြောနိုင်တာကိုပဲ သူကျေးဇူးတင်ရမယ်။
ထို့နောက် ရိပေါ် calender ကိုကြည့်လိုက်တော့ သူ မိန့််ခွန်းပြောရမယ့်ရက်က လိုနေသေးသည်။ သူဒီရောက်တုန်းသိလိုက်ရတာက Y city နဲ့ Z city က နေ့ညမှားနေတာပဲ။ Y city မှာ မနက်ဆို Z city မှာတော့ညဖြစ်သည်။ အဲ့လိုအချိန်ကွာခြားချက်မျိုးက မြို့တော်တိုင်းမှာ ရှိပေမယ့် အခုလို လုံးဝ ဆန့်ကျင်ဘက်မျိုးကတော့ ရှားသည်။ Y city နဲ့ K city က နှစ်နှာရီသာ ခြားပြီး M city နဲ့ လေးနာရီး ခြားသည်။ A city နဲ့ကတော့ ဆယ်နာရီလောက် ခြားပြီး Y city နဲ့လည်း တော်တော်ဝေးသည်။
နောက်ဆုံးတော့ ရိပေါ် ခနနားဖို့ ဆုံးဖြတ်လိုက်သည်။ ရှောင်ကျန့်နဲ့ မပြောခင်မှာလည်း Y city မှာ ရှိတဲ့ သူ့ company က ပရောဂျက်နဲ့ ပတ်သတ်ပြီး အတွင်းရေးမှူးချောင်နဲ့ စကားတွေ ပြောနေခဲ့သေးသည်။ ထို့ကြောင့် သူပင်ပန်းနေပြီ။ အသက် 20 သာ ရှိသေးတဲ့ သူ့ကို အသက်ပြန်ရှင်လာပြီး တစ်လအတွင်းမှာ အလုပ်ဘယ်လောက်များ ပြီးဖို့ မျှော်လင့်နေတာလဲ။ တကယ်ဆို ရိပေါ်ပြန်ရှင်လာတာ တစ်လတောင် မရှိသေးဘူး။ ဒီအတောအတွင်းမှာ သူအရင်က ခံစားခဲ့ရတဲ့ အမုန်းတရားနဲ့ ဒေါသကြီးပဲမဟုတ်တဲ့ သဝန်တိုတာ မြတ်နိုးတာ အချစ်စတဲ့ ခံစားချက် မျိုးစုံကို ခံစားခဲ့ရသည်။
YOU ARE READING
The 7th Prince (Yizhan)