ပထမဦးစွာ အနေနဲ့ ၊ ရှေ့အပိုင်းမှာ မေးထားတာကို ဖြေပေးတဲ့ ကျဲကျဲတို့ကို ကျေးဇူးအများကြီး တင်ပါတယ်နော် 🥺
အာဘွား အာဘွား 😙
!!
ရိပေါ်ဟာ အောက်နှုတ်ခမ်းကို ခပ်နာနာဖိကိုက်ရင်း ရှောင်ကျန့်ဆီက ထွက်လာနေတဲ့ pheromone တွေကို မနည်း ပြန်တွန်းလှန်နေရသည်။ သူ့ ခန္ဓာကိုယ်က ထူးဆန်းနေတယ်။
ပုံမှန်ဆို ဘယ်လောက် ပြင်းတဲ့ pheromone ပဲဖြစ်ဖြစ် ရိပေါ် ကိုင်တွယ်နိုင်ပေမယ့် အခုတစ်ခေါက်က ဘာဖြစ်မှန်းမသိ သူ့ခန္ဓာကိုယ်က ပူတက်လာသည်။
ရှောင်ကျန့်ဆီကနေ ပြန့်လွင့်လာတဲ့ အနံ့က မွှေးတယ်။ ချိုတယ်။ စားပါလို့ တောင်းဆိုနေတဲ့ စတော်ဘယ်ရီ သကြားလုံးလေးလိုမျိုးပဲ။
ရိပေါ် အာခေါင်တွေ စပြီး ခြောက်လာခဲ့ပြီ။ သူ့ လက်တွေက ရှောင်ကျန့် လည်တိုင်အနောက်ကို အုပ်ကိုင်မိတော့မယ့် အနေအထားမှာ ရှိတယ်။
ဒါပေမယ့် ထိန်းနိုင်သလောက် ထိန်းထားတာမို့ သူ အားကျန့် ကို မထိရသေးဘူး။
"ရှောင်..ကျန့်.. ဟာ့ "
လည်ချောင်း တစ်လျှောက် ပူတက်လာတဲ့ အပူငွေ့ကို ရိပေါ် ခံစားနေရသည်။ အေးမြမယ့် တစ်ခုခုကို သူ လိုချင်နေတယ်။
သူ ခေါ်လိုက်ပေမယ့် ရှောင်ကျန့်က လှည့်ကြည့်မလာသလို ပြန်လည်းတုန့်ပြန်မလာဘူး။
အပြင်ဘက်ကို အာရုံစိုက်ထားတဲ့ ရှောင်ကျန့်က သူ့အနောက်မှာ ရိပေါ် ဘာဖြစ်နေလဲ မသိ၊ ရှောင်ကျန့်ရဲ့ အာရုံစိုက်နိုင်စွမ်းက အတော်လေး အားကောင်းတယ်လို့ ပြောရမလား။
ရိပေါ်ဟာ ဖြေးဖြေးချင်း သွေးဆာနေတဲ့ ဝံပုလွေ တစ်ကောင်လိုမျိုး စပြီး တိုက်ခိုက်ဖို့ ပြင်နေမိပြီ။ သူ့ ရှေ့က ယုန်လေးကို အရသာခံပြီး စားချင်တဲ့ စိတ်တွေက ကြီးထွားလာခဲ့တယ်။
"အားကျန့်။ မင်း သိချင်တာကို အာရုံစိုက်ထားတာ ကောင်းပေမယ့် ဘေးပတ်ဝန်းကျင်ကိုလည်း သတိထားဦးလေ"
YOU ARE READING
The 7th Prince (Yizhan)