!!
"အားကျန့် ... အားကျန့်.. ဟေး... ကလေးလေး"
နားထဲမှာ ထပ်တလဲလဲ ကြားနေရတဲ့ စကားသံကြောင့် ရှောင်ကျန့် နိုးလာခဲ့သည်။ သူ့ အမြင်အာရုံတွေက ဝေဝါးနေပြီး မြင်နေရတဲ့ ပုံရိပ်တွေကလည်း နှစ်ထပ်တွေ ဖြစ်နေတယ်။
"ကော.?"
"အင်း ကောလေ.. ဝူမင်ပါ.. ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ အားကျန့်ရယ်... "
"ဘာကို ဆိုလိုတာလဲ ကော... ဘာဖြစ်ခဲ့လို့လဲ..။"
ရှောင်ကျန့်ဟာ ထိုးကိုက်နေတဲ့ ခေါင်းကို ဖိနှိပ်ထားရင်း ဝူမင့်ကို မေးလိုက်သည်။ သူ့အသံတွေက အက်ကွဲနေကာ တစ်ခွန်း ပြောလိုက်တိုင်း လည်ချောင်းကလည်း နာ သထက် နာ လာတယ်။
"ဟမ်..။"
ဝူမင် စိတ်ရှုပ်ထွေးသွားတာကြောင့် အိမ်ရှေ့စံကို ချက်ချင်းပဲ လှမ်းကြည့်လိုက်တယ်။
ရိပေါ်က ရှောင်ကျန့် အိပ်ပျော်သွား.. မဟုတ်ဘူး သတိလစ် သွားတည်းက ဘာတွေ ဖြစ်နေခဲ့တာလဲ ဆိုတာကို ထိုင်စဉ်းစားနေခဲ့တာ။
ရုတ်တရက် ထွက်ပေါ်လာတဲ့ pheromone ။ နောက်ပြီး ရေခဲစွမ်းအင်လှိုင်း နဲ့ ရှောင်ကျန့်ရဲ့ သွေးပျက်စရာကောင်းတဲ့ အပြုအမူတွေ။
ဘာတွေက ဘယ်လို ပြောင်းလဲ ကုန်တာလဲတော့ မသိပေမယ့် လက်ရှိ ဖြစ်ပျက်နေတာတွေက သူ အရင်ဘဝမှာ မကြုံဖူးတာတွေချည်းမို့ ရိပေါ်ဟာ နည်းနည်းတော့ ထိတ်လန့်နေမိသည်။
အကြည့်ချင်း ဆုံတဲ့အခါ ရိပေါ် ရှောင်းမင်ကို ခေါင်းခါပြလိုက်တယ်။ ဆက်မမေးနဲ့...။ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ရှောင်ကျန့်ကို ဆက်ပြီး မပြောနဲ့တော့ ဆိုတဲ့ အဓိပ္ပါယ်တွေ အပြည့်နဲ့။
အရိပ်အခြေ နားလည်တဲ့ ဝူမင်က ရှောင်ကျန့် အနားကနေ ခွာလိုက်ပြီး ကုတင်ဘေးက ခုံပေါ်မှာ ရှိနေတဲ့ ရေကရားကို ယူလိုက်သည်။
"ရေ နည်းနည်း သောက်လိုက်ဦး ကလေးလေး"
အစ်ကို့ဆီကနေ ထပ်ပြီး ထူးဆန်းတဲ့ မေးခွန်းတွေ ထွက်မလာတာကို ကျေးဇူးတင်ရမယ်။ ရှောင်ကျန့်မှာ တကယ့်ကို ဖြေဖို့ အားလည်း မရှိသလို သိလည်း သိမနေဘူး။
YOU ARE READING
The 7th Prince (Yizhan)