!!
သူတို့ hotel ပြန်ရောက်တော့ အထိန်းတော်ကြီးက ရိပေါ် အမိန့်အတိုင်း မင်းသား (၂) ကို ဆေးရုံခေါ်သွားခဲ့သည်။ ဝူမင်၊ လိုက်သွားချင်ပေမယ့် ရှောင်ကျန့်ကို ရိပေါ်နဲ့ ထားခဲ့ရမှာကိုလည်း သူ့မှာ စိတ်မချ။
"ကော၊ လိုက်သွားချင်ရင် လိုက်သွားလေ"
"အားကျန့်က အဆင်ပြေလို့လား"
မျက်လွှာလေး အသာချပြီး ပြေရာပြေကြောင်း ခေါင်းငြိမ့်ပြတဲ့ ရှောင်ကျန့်ကြောင့် ဝူမင် အချိန်မဆွဲဘဲ ဆေးရုံလိုက်သွားခဲ့သည်။
"ကိုယ်တို့လည်း အထဲဝင်ရအောင်"
ရိပေါ် ပြောပြီးတာနဲ့ ရှောင်ကျန့် လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။
"ဘာ၊ ဘာလုပ်တာလဲ ဝမ့်!"
နားရွက်ကလေးတွေ ရဲတက်လာတဲ့ ရှောင်ကျန့် ကို ကြည့်ပြီး ရိပေါ် ပျော်ရွှင်သွားတယ်။
ရှောင်ကျန့်ဟာ အိမ်ရှေ့စံကို ဝမ် လို့ခေါ်တိုင်း အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုကိုပါ တပါတည်း ခံစားရတယ်။
အဲ့လိုအချိန်ဆို သူ့ခန္ဓာကိုယ် တစ်ခုလုံးက ပူထူလာပြီး၊ လူလည်း နေလို့မကောင်းချင်တော့ဘူး။
သူ့ဆီမှာ ရောဂါ တစ်ခုခုများ ဖြစ်နေတာလား?။
သူ မတွေးတတ်တော့။
"သဘောကျတယ်"
"အမ်-?"
ရိပေါ်၊ ရှောင်ကျန့် လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး
"ကိုယ် ဒီလက် သေးသေးလေးကို သဘောကျတယ်၊ နမ်းချင်တယ်၊ ဆုပ်ကိုင်ထားချင်တယ်၊ ဘယ်လိုလဲ ကိုယ့်ကို ခွင့်ပြုပေးမလား"
"ဟင့်-ဟင့်အင်း "
"Ha.. ရက်စက်လိုက်တာ"
ရိပေါ် ရိသဲ့သဲ့ လုပ်ပြီးသည်နှင့် ရှောင်ကျန့် လက်ကို ဆွဲထားသည့်အတိုင်း hotel ထဲဝင်သွားတော့သည်။
ရှောင်ကျန့် မသိမသာရော သိသိသာသာရော လက်ကို ဆွဲထုတ်နေမိတယ်။ ရိပေါ်ကလည်း သိသိသာသာပဲ အတင်းအကြပ် ပြန်ဆုပ်ကိုင်ထားတယ်။
YOU ARE READING
The 7th Prince (Yizhan)