!!
တစ်ရက်ကြာ လေယာဉ်ပေါ်ခဲ့ရှိပြီးတဲ့နောက် သူတို့တွေ မြို့တော် Z ဆီ ပြန် ရောက်လာခဲ့ကြသည်။
"မင်းတို့ hotel ပြန်ပြီး နားဦးမလား"
ရိပေါ်ဟာ ပင်ပန်းနေပုံရတဲ့ သူ့ညီနှစ်ယောက်ကို ကြည့်ပြီး စိတ်မကောင်းတာကြောင့် ပြောလိုက်သည်။ သို့သော်ငြား ဟိုနှစ်ယောက်က ခေါင်းတွေ ပြုတ်ထွက်မတတ် ခါပြလာတယ်။
"ဟင့်အင်း၊ အားကျန့်ဆီပဲ တန်းသွားရအောင်"
ရှောင်းဟန်က တစ်ခုခုကို စိတ်အားထက်သန်နေသည်။
ရှောင်ကျန့်ဟာ သူနဲ့ လိုင်းပေါ်မှာ စကားပြောနေခဲ့တာက ရိပေါ် ဖြစ်တယ်ဆိုတာကို သိပြီးတဲ့နောက်၊ အိမ်ရှေ့စံကို မြင်ရင် ဘယ်လိုမျိုး တုန့်ပြန်လာမလဲ ဆိုတာနဲ့ ပတ်သတ်ပြီးတော့၊ ပိုင်းရှောင်ဟန် အတော်လေး သိချင်နေမိတယ်။
"မင်း ဘာတွေ ကြံနေပြန်ပြီလဲ"
ဝူမင်က သူ့နား၊နားကပ်ပြီး တိုးတိုးလေးပြောလာတယ်။ ရှောင်းဟန် ရယ်ပြလိုက်ပြီး ပြန်မဖြေမိဘူး။
*****
သူတို့ (၃) ယောက်ဟာ ကားပေါ်မှာလည်း ထပ်ပြီး တိတ်ဆိတ်နေပြန်ရော။ ဝူမင်ဟာ သူ ရှောင်ကျန့်ကိစ္စကို ပြောပြီးထဲက တိတ်ဆိတ်သွားတဲ့ ရိပေါ်ကို သိပ်ပြီး သဘောမကျချင်ဘူး။
အိမ်ရှေ့စံ ဘာတွေ တွေးနေတာလဲ*
အခုချိန်မှာ သူ့စိတ်ထဲ စိုးမိုးထားတဲ့ မေးခွန်းတစ်ခု။"ကောကို ဒီတိုင်း လွှတ်ထားပေးလိုက်ပါကွာ။ သူလည်း အားကျန့် ကိစ္စကြောင့် လန့်သွားမှာပဲ"
"အင်း"
*****
သူတို့ ကျောင်းအဆောင်နား ရောက်တော့ ရိပေါ် ရှောင်ကျန့်ဆီ ဖုန်းခေါ်လိုက်သည်။
တစ်ဖက်က သူ့ဖုန်းကို ချက်ချင်းကိုင်တာကြောင့် ရိပေါ် မျက်ခုံးတစ်ဖက် ပင့်တက်သွားတယ်။
"လာ၊နေပြီလား"
"အင်း၊ မျှော်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ကိုယ့်ကို အဲ့လောက်တောင် လွမ်းနေတာလား ရှောင်ကျန့်"
YOU ARE READING
The 7th Prince (Yizhan)