!!
ရှောင်ကျန့်မေးလိုက်တာကြောင့် ကျန်းချန်ရဲ့အတွေးစ က ပျက်သွားတယ်။ သူ ရှောင်ကျန့်ကို မှိုင်းမိနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပြီး
" ငါမနက်ဖြန်ဆို အိမ်တော်ပြန်ရမှာ။ နောက်ပြီး ငါ့အမေစီစဉ်ထားတဲ့ blind date လည်း သွားရဦးမယ်။ စိတ်ညစ်ပါတယ်ကွာ၊ လူကြီးတွေကလေ သူတို့ခေါင်းထဲမှာ အားအားနေ အင်အားတိုးအောင် အင်အားတိုးအောင် ဆိုပြီးသားသမီးတွေကို ထိုးကျွေးဖို့ပဲ ရှိကြတယ်။ အဲ့လောက် အင်အားကြီးတာလိုချင်ရင် သူတို့ဟာသူတို့ အချင်းချင်းယူလိုက်ကြပါလား။ "
ကျန်းချန် စိတ်လည်းပျက်နေသလို ဒေါသလည်း မဆိုသလောက် ထွက်နေတယ်။ ရှောင်ကျန့်က ကျန်းချန်ပြောတာကို ခနလောက် ဂရုတစိုက်တွေးနေပြီး
"မင်းကအခုမှ 16 နှစ်ပဲ ရှိသေးတာကို blind date တွေတောင် လုပ်ခိုင်းနေပြီဆိုတော့... လွန်တာပေါ့"
"ဟုတ်တယ် ဒါမယ့် ငါလည်း မငြင်းနိုင်ဘူး အမေစီစဉ်ထားဆိုတော့ လက်ခံရတာပဲ ။ မင်းရော ငါ့ကို သွားစေချင်လား"
"အမှန်တိုင်းပြောရရင် မင်းကငယ်သေးတယ် မသွားတာကောင်းမယ်။ ပညာရေးကိုပဲ ပိုဂရုစိုက်သင့်တာ"
ရှောင်ကျန့်က ပြောပြီးတာနဲ့ စာရေးခုံမှာဝင်ထိုင်လိုက်ပြီး စားအုပ်ထုတ်ကာ စာလုပ်နေတော့သည်။ အခန်းလေးမှာ နောက်ထပ် စကားသံတွေ ထပ်မထွက်လာတော့ဘူး။ ကျန်းချန် ရှောင်ကျန့်နောက်ကျောလေးကို ကြည့်ပြီး သဘောတကျ ပြုံးလိုက်တယ်။
"ငါ့ကျန့်ကျန့်လေးက ငါ့ကို သဝန်တိုနေတာပဲ"
ကျန်းချန်ရဲ့ စကားကြောင့် ရှောင်ကျန့် လက်ထဲက ဘောပင်လေးလွတ်ကျသွားမတတ်ဖြစ်သွားသည်။
"ဘာ ?"
"ဟုတ်တယ်လေ အဲ့တာကြောင့် ငါ့ကို ကြင်ဖက်သွားမတွေ့ခိုင်းတာမလား"
"......"
ရှောင်ကျန့် ကျန်းချန်ရဲ့ ပြီတီတီရုပ်ကို ကြည့်ပြီး ပြောစရာစကားတွေ ကျပျောက်သွားသည်။ သူဘာဆက်ပြောရမလဲ။ တကယ်တော့ ကျန်းချန်ကလည်း အဲ့လိုမဟုတ်မှန်း သိပါတယ်။ သူ့ကို ရှောင်ကျန့်ဘယ်လိုပြန်ဖြေမလဲ ဆိုတာကိုသိချင်တာကြောင့်ပဲ သက်သက် စကားစတာ။
YOU ARE READING
The 7th Prince (Yizhan)