Part 35

2.5K 258 1
                                    

!!


"လိုရင်းပဲ ပြောရအောင်..ကျွန်တော်က ဒီ project မှာ ဘယ်လိုကူညီပေးရမှာလဲ"

"ရိပေါ်.. မင်း ငါတို့ရဲ့ မျှော်လင့်ချက်လေးကို မပြောပြထားဘူးလား"

"ကျွန်တော့်ကို အဲ့လိုမခေါ်နဲ့" - ရှောင်ကျန့် တကယ် သည်းမခံနိုင်တော့။ သူ့အသံမှာ ရန်လိုမှုတွေ ပါနေသည်။ လဲ့မင်ဟာ တစ်စုံတစ်ခုကို သတိထားမိသွားသည်နှင့် ချက်ချင်း နောက်ပြန်ဆုတ်သွားတယ်။

"အာ.. ကြည့်ရတာ တစ်ခုခုကို အထင်လွဲနေပြီထင်တယ်.. အင်းးး ဘယ်လိုပြောရမလဲ.. ကိုယ်နဲ့ ရိ- အိမ်ရှေ့စံက သိတာ နှစ်ပေါင်းမနည်းတော့ဘူးမလို့ ဒီတိုင်း နာမည်တပ်ခေါ်မိတာပါ.. အိမ်ရှေ့စံကလည်း ခွင့်ပြုပေးထားတာဆိုတော့လေ.."

မီးလောင်ရာ လေပင့်လေသလား။ ရှင်းပြသည်လား၊ ရန်စသည်လား။ ရှောင်ကျန့် မသိ။ သေချာသည်က ထိုလူ့စကားကို သူမကြိုက်ပေ။

လဲ့မင် အကြပ်ရိုက်နေသည်။ သူ ရိပေါ်ကို မျက်စပစ်လိုက်ပေမယ့် ချစ်လှစွာသော အိမ်ရှေ့စံကြီးက တပြုံးပြုံးဖြစ်နေလေရဲ့။ အဲ့တာမှန်း သိရင် အိမ်ရှေ့စံကို နာမည်တပ်မခေါ်ပါဘူးကွာ။

"ထားလိုက်တော့...ဒီ project မှာ ကျွန်တော် ဘာလုပ်ရမှာလဲ"

လဲ့မင် မလွယ်ကူသလို ခံစားနေရတယ်။ စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံက သူ့ကို အလိုလိုနေရင်း တုန်လှုပ်အောင် ဖိအားတွေ ပေးနေသည်ဟုတောင် ထင်မိသည်။

ရှောင်ကျန့် အကြည့်တွေက လဲ့မင်ဆီကနေ အိမ်ရှေ့စံဘက်ကို တဖြေးဖြေးချင်း ရွေ့သွားတယ်။ ရိပေါ်ပြုံးနေသည်ကို မြင်တော့ သူ့ရင်ဘက်ကြီး တင်းကြပ်သွားသည်။

*အဲ့လူဆီကနေ နာမည်တပ်ခေါ်ခံရတာကို အဲ့လောက်တောင် သဘောကျတယ်ပေါ့* - ... ။

သူ မေးလိုက်သည်ကို ချက်ချင်းမဖြေဘဲ၊ ခေါင်းချင်းကပ်ပြီး တီးတိုးနေတဲ့ လူနှစ်ယောက်ကြောင့် ရှောင်ကျန့် မျက်ခုံတွေ ထိကပ်လုနီးပါး ဖြစ်လာခဲ့သည်။

*စကားပြောတာ အဲ့လောက်ထိ နီးကပ်စရာ လိုလို့လား ကျစ်*

သူတို့ ဘာပြောနေကြမှန်း မသိသော်လည်း စကားအဆုံးမှာ ပြုံးရယ်ရင်း ခေါင်းညိတ်လိုက်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်ဟာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်မိသွား၏။

The 7th Prince (Yizhan)Where stories live. Discover now