မြို့တော်ဘုရားကျောင်းရဲ့ ခေါင်းလောင်းတာဝါထက်မှာ ဘုရင်မဟာ ထိုင်နေရင်း သူမဖန်တီးထားတဲ့ မီးလောင်ပြင်ကြီးကို ခံစားချက်မရှိ ကြည့်နေခဲ့တယ်။ မီးတောက်တွေဟာ သူမရဲ့ မျက်ဝန်းတွေမှာ ရောင်ပြန်ဟက်နေတယ်။သူမရဲ့ ပုံစံဟာ ဘာခံစားချက်မှ မရှိနေတဲ့ လူသားတစ်ယောက်ပုံစံလိုမျိုးပဲ။သူမဟာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ညလေပြင်းရဲ့တိုက်ခတ်မှုကြောင့် သူမဆံပင်တွေဟာလည်း သူမမျက်နှာကို တချက်တချက်ရိုက်ခက်နေတယ်။
အရာအားလုံး ဒီညမှာ အဆုံးသတ်ရမယ်။ခေါင်းကိုက်ခံရမှုတွေ နာကျင်မှုတွေ အမှတ်တရတွေအားလုံးကို ဒီညမှာ ရှင်းလင်းပစ်မယ်။
"အေဒီရာ '' အလွန်အားပါတဲ့ အသံတစ်သံက မုန်းတီးစရာကောင်းစွာ သူမအာရုံကို ရယူလိုက်တယ်။
တခါက အဲ့အသံဟာ သူမအတွက် နှစ်လိုဖွယ်ကောင်းခဲ့တယ်။နွေးထွေးမှုတွေ ပြည့်ခဲ့တယ်။အချစ်တွေ ပြည့်လျှံလာအောင် ပြုလုပ်နိုင်စွမ်းရှိခဲ့တယ်။
ခုတော့ အဲ့လို မဟုတ်တော့ဘူး။
အခုတော့ အမုန်းတွေနဲ့ ပြည့်နက်နေတယ်။ ခုတော့ အဲ့အသံက သူမသေဖိုရာ ဆန္ဒရှိနေတဲ့ အသံလိုမျိုး သူမနားထဲကို မုန်းစရာ ကောင်းစွာ ဝင်ရောက်လာတယ်။
"ဘုရင်မ အေဒီရာ လို့ ခေါ်သင့်တယ်'' သူမက သူမရဲ့ ကိုယ်ပိုင် နဂါးပေါ်မှာ ရပ်နေရာကနေ သူ့ဆီကို အေးစက်တဲ့ အကြည့်တချက် ပစ်လွှတ်ပြီး ဆိုလိုက်တယ်။
သူမ ခုလို မဟုတ်ခဲ့ဘူး။သူမ ဘယ်တုန်းကမှ ခုလို မဟုတ်ခဲ့ဘူး။သူတို့ကိုယ်တိုင်ကပဲ သူမရဲ့ သည့်ခံနိုင်စွမ်းတွေကို အဆုံးထိရောက်အောင် တွန်းပို့ပြီး ခုလို ဖြစ်စေခဲ့တာ။အဲ့တော့ ခုလို ဖြစ်လာတာတွေအတွက် ဘယ်သူ့ကို အပြစ်ပြောသင့်တာလဲ။ သေချာပေါက်တော့ သူမ မဟုတ်ဘူး။ သူတို့ကိုပဲ မဟုတ်လား။ငါက မင်းတို့မျက်လုံးထဲမှာ မကောင်းဆိုးဝါး တကောင်းထက်မပိုဘူး ဆိုရင် အဆိုးဆုံး မကောင်းဆိုးဝါး အဖြစ် ငါနေပြရမှာပေါ့။
မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေကို သတိပေးတဲ့အနေနဲ့ မီးတောက်တွေကို လည်မျိုမှာထိန်းထားပြီး ငြီးနေတဲ့ နဂါးလေးရဲ့ အနက်ရောင် အကြေးခွံတွေကို ပွတ်သတ်နေရင်းရဲ့ သူမဒီလို ဖြစ်မလာခင် အရငိက သုမရဲ့ ပုံစံဘယ်လြို ဖစ်ခဲ့လားဆိုတာ တွေးနေမိတယ်။
"ငါ အရာအားလုံးကို မီးလောင်တိုက်သွင်းပစ်ပြီး ဒီကမ္ဘာကြီးကို သန့်စင်မယ်။မုန်းတီးမှုတွေ နာကျင်စရာတွေ ဝမ်းနည်းစရာ မရှိတဲ့ ကမ္ဘာသစ်တခုကို ငါတည်ဆောက်ပစ်မယ်'' ဒေါသထွက်မှုတွေဟာ ဘုရင်မ မျက်လုံးတွေထဲမှာ ပေါ်လွင်နေတယ်။
ဒီ မုန်းစရာကောင်းတဲ့ လူတွေအားလုံးကို မီးလောင်တိုက်သွင်းဖို့ရာအတွက် နဂါးလေးကို သူမရဲ့ အမိန့် ဒါမှမဟုတ် အမူအရာ ဒါမှမဟုတ် စကားလုံးလေးတလုံးသာ ပြောဖို့ လိုလေတယ်။ဒီမုန်းစရာကောင်းတဲ့ မိန်းမအတွက်လည်း ဘာဆိုဘာမှ မချန်ခဲ့တော့ပဲပေါ့။
"ဟေဇယ်, မီး.......''သူမ စကားမဆုံးခင်မှာပဲ သူမရဲ့ လက်မောင်းကြားက တဆင့် နှလုံးတည့်တည့် ကို ဖောက်ဝင်လာတဲ့ အရာတစ်ခုကို ခံစားလိုက်ရပြီး သူမဟာ ကောင်းကင်ကြီးကို မျက်နှာမူလျက် ပြုတ်ကျ လာခဲ့တယ်။
သူမ နောက်ဆုံးအနေနဲ့ မြင်လိုက်ရတာတော့ မီးတောက်တွေနဲ့ သူမရဲ့နဂါးလေး ဟေဇယ်ဟာ အကုန်းလုံးကို မီးလောက်တိုက်သွင်းပြီး ပြုတ်ကျသွားတဲ့ သူမကို
ဖမ်းဖို့ လာနေတာပဲ ဖြစ်တယ်။
အာ...နောက်ဆုံးတော့ ရှင် ကျွန်မကို မရွေးခဲ့ဘူးပဲ။ရှင်ချစ်တဲ့ သူမ ကျွန်မလက်ထဲမှာ သေရမှာထက် ကျွန်မ
သေတာကိုပဲ ရှင်ကြည့်နေခဲ့တာပဲ။
သူမ ဖန်တီးထားတဲ့ မီးတောက်တွေထဲမှာ သေရတာကပဲ သူမအတွက် အကောင်းဆုံးဖြစ်မှာပါလေ။ ထိုမိန်းမကတော့ သူမ မီးရှို့ထားတဲ့ မြို့ကလူတွေကို ကယ်တင်ပြီး
သူရဲကောင်းမလေး ဖြစ်လာလိမ့်မယ်။နယ်စားလေးက
လည်း သူရဲကောင်းမလေးကို ကာကွယ်ပေးတဲ့ သူရဲကောင်းလေး ဖြစ်လာမယ်ပေါ့။
သူတို့လက်ထက်ကြမယ်။ပြီးရင် ကလေးအနည်းငယ်လည်း ရကြမယ်ပေါ့။ သူတို့က လူဆိုးဘုရင်မကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခု လူတွေကို ပေးလိမ့်မယ်။ပြီးရင်တော့ သုတို့ ဖန်းတီးထားတဲ့ ကမ္ဘာလေးမှာ ပျော်ရွှင်စွာ နေထိုင်သွားကြပေးလိမ့်မယ်။
ဘယ်နေရာကစပြီး ငါမှားယွင်းခဲ့တာလဲ။
တကယ်လို့ ငါ့မှာသာ ပြန်လည်မွေးဖွာဖို့ အခွင့်အရေး ရှိလာမယ်ဆိုရင်တောင် အတူတူပဲ ဖြစ်နေဦးမလား။
ဘုရားသခင် ဘဝမှာ နောက်ထပ်အခွင့်အရေး ထပ်ပေးမယဆိုရင် ငါ့ကို သူတို့နဲ့ဝေးရာ ရိုးရှင်းတဲ် ဘဝလေးတခုကိုပေးပါ။
ဒါကြောင့်မို့ အကယ်လို့ ငါ ပြန်မွေးဖွားလာခဲ့မယ်ဆိုရင် ရိုးရှင်းတဲ့ ဘဝတခု ငါ့ကို ပေးနိုင်မလား။
ဟေဇယ်ရဲ့ နောက်ဆုံးဟိန်းဟောက်သံကို ကြားလိုက်ပြီးတဲ့နောက် မျက်ရည်တစက်ကျလာပြီး သူမရဲ့ မျက်လုံးတွေဟာ အပြီးတိုင် ပိတ်ကျသွားလေတော့တယ်။
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။