Rubea of the East
သူမမှာ နောက်မှာ ဘာတွေဖြစ်နေခဲ့တယ်ဆိုတာကို ဂရုမထားဘဲ ရှေ့ကိုသာဆက်ပြီး တွားသွားလိုက်တယ်။နောက်ဆုံးတော့ ရှင်းရှင်းလင်းလင်း မြင်လာရပြီ။
ဒါက အသက်ရှုမှားလောက်တယ်။
ပန်းပွင့်တွေဖူးပွင့်နေကြတဲ့အပင်တွေ စိမ်းစိုနေတဲ့ မြက်ခင်းတွေ နောက်ပြီး ရေတွေတဖွာဖွာကျနေတဲ့ ရေတံခွန်ကြီးရယ် ဒါတွေအားလုံးကို ခြုံငုံပြီးပြောရရင် နတ်ပြည်ကိုရောက်သွားသလိုမျိုး သေချာစွာရေးခြယ်ထားတဲ့ ပန်းချီကားတချပ်ထဲကို ရောက်သွားသလိုမျိုးဘဲ သိပ်ကို လှပလွန်းတယ်။
သူမက ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ဘေးမှာ လှုပ်ရှားသွားလာနေတဲ့ သတ္တဝါတွေကိုတွေ့လိုက်ရတယ်။ထူးဆန်းစွာ သူတို့က ရန်မူလိုပုံမရဘဲ သူမဒီနေရာကို ဘယ်လိုများ ၀င်ရောက်လာနိုင်လဲဆိုတာကိုသာ သိချင်နေပုံ ပေါ်နေကြတယ်။
ဒါက နှစ်တွေအများကြီးကြာမှ သူတို့တွေ့ရတဲ့ ပထမဆုံးလူသားပဲ။
ငါနေရာများမှားလာမိတာလား?ငါ ဟေဇယ်ကို တွေ့တဲ့အချိန်တုန်းက ဒီနေရာက ခုလို သာယာလှပပြီး ငြိမ်းချမ်းမနေခဲ့ဘူး။နေရာတခုလုံးက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မီးလောင်ကျွမ်းနေခဲ့တာ။
သူမက သူမခြေထောက်ကိုလှည့်ပြီး ပြန်ထွက်သွားဖို့လုပ်လိုက်တဲ့ခါမှာတော့ သူမ၀င်လာတဲ့ အခေါင်းပေါက်က ပျောက်ကွယ်သွားခဲ့ပြီ။
"အိုးနိုး ငါဘယ်လိုပြန်ရပါတော့မလဲ"
သူမရေရွတ်လိုက်သံကို ကြားတဲ့အခါမှာ သတ္တဝါကြီးတွေဟာ ထိုလူးသားငယ်လေးကို ကူညီသင့် မကူညီသင့် ဆွေးနွေးနေခဲ့ကြတယ်။
ရုတ်တရက် သူမမျက်လုံးထောင့်စွန်းကနေ ကြီးမားလွန်းသော သတ္တဝါတစ်ကောင်ရဲ့ လှုပ်ရှားမှုကို ခံစားမိလိုက်ရတယ်။
သူမက ထိုကြီးမားတဲ့ အနက်ရောင်ကြေးခွံတွေရှိတဲ့အရာကြီးကို ကြောက်တာမဟုတ်ဘဲ ထိုသတ္တဝါကြီးရဲ့ အနားယူတာကို နှောင့်ယှက်မိမှာကိုသာ ကြောက်မိခြင်းဖြစ်သည်။
"ဟေဇယ်?"သူမက ထိုသတ္တဝါကြီးကို မြင်မြင်ခြင်းမှာဘဲ ရေရွတ်လိုက်မိတယ်။ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေကို မြင်လိုက်ရချိန်မှာတော့ သူဟာ သူမချစ်လှစွာသော ဟေဇယ်မဟုတ်တာကို ချက်ချင်းသိလိုက်တယ် "ရှင်က သူမ မဟုတ်ဘူး"
"ရှင်က နေကောင်းတဲ့ပုံပေါ်နေပေမယ့် ရှင့်ကြည့်ရတာ သေလုမျောပါးခံစားနေရသလိုပဲ "သူမက သူကိုယ်ပိုင်းနဂါးငယ်လေးနဲ့ဆင်တူလှတဲ့ အနက်ရောင်နဂါးမကို ကြည့်ပြီးဆိုလိုက်တယ်။ဒီနဂါးရဲ့ မျက်လုံးတွေဟာ သူမဟေဇယ်လေးရဲ့ အပြာရောင် မျက်ဆံလေးတွေနဲ့ မတူဘဲ သွေးနီရောင် ပတ္တမြားတွေလိုမျိုးဘဲ။
သူတို့ဟာ ထင်ရှားပြီး လှပလွန်းတယ်။
နဂါးမကြီးဟာ သူမကို စိုက်ကြည့်ရုံပဲ စိုက်ကြည့်နေခဲ့တယ်။
သူမဟာ သူမကိုသူမ မိတ်ဆက်ဖို့ကြိုးစားလိုက်တယ်။ဟေဇယ်နဲ့ကတည်းက မှတ်ဉာဏ်အတိုင်းသာဆိုရင် နဂါးတွေဟာ အလွန် ဂုဏ်ယူတတ်သော ဘ၀င်မြင့်တဲ့ သတ္တဝါတွေဖြစ်တယ်။အာ့ကြောင့် သူ့တိုကို မိတ်မဆက်ဘဲ စကားပြောရန်မှာ ရိုင်းပြသည်ဟု သူမက တွေးမိလိုက်တယ်။
"ကျွန်မကိုယ်ကျွန်မ မိတ်မဆက်ဘဲရိုင်းပြမှုအတွက် ခွင့်လွတ်ပါ။ကျွန်မနာမည် အေဒီရာဆလယ်ဗားရစ်လို့ခေါ်ပါတယ် ကြီးမြတ်လှသောအရှင်မ"သူမက ဒူးညွတ်ပြီး မိတ်ဆက်လိုက်တယ်။
နဂါးကြီးဟာ တစုံတခုကိုထပ်ကြားချင်နေသေးပုံရပြီး သူမကို အမူအရာမဲ့စွာ စိုက်ကြည့်နေဆဲပါပဲ။
သူမက သူမခေါင်းကို ထပ်အလုပ်ပေးလိုက်ပြီး ဘာထပ်ပြောရဦးမလဲဆိုတာကို တွေးလိုက်တယ်။
"ရှင့်ကို တနည်းနည်းနဲ့ အနှောင့်အယှက်ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်။ကျွန်မမှာ ရှင်နဲ့တူတဲ့ တွဲဖက်တကောင် ရှိခဲ့ဖူးပါတယ်။ဒါကြောင့် ရှင့်ကို သူမနဲ့ မှားမိသွားတာပါ"
[လူသားငယ်လေး မင်းဘယ်လိုဒီနေရာကို ၀င်လာတာလဲ]
သူက စိတ်ချင်းဆက်သွယ်ကာ စိတ်ထဲကနေ သူမကို ပြောလာခဲ့တယ်။
နဂါးမကြီးရဲ့ အသံကို ကြားလိုက်ရပြီးနောက်မှာတော့ သူမက စိတ်သက်သာရာရစွာ ပြုံးလိုက်မိတယ်။သူမအသံက အားမာန်အပြည့်ပါနေတယ်။
"ကျွန်မလည်းမသိဘူး။ကျွန်မသိတာကတော့ ကျွန်မနဲ့ ရင်နီးသလိုဖြစ်နေတဲ့ တွင်းပေါက်တခုက ကျွန်မကို ဒီနေရာရောက်လာအောင် ဆွဲညို့လာတာပဲ။ဒါပေမယ့် အခု အဲဒါက မရှိတော့ဘူး ။ကျွန်မ ဘယ်လို ပြန်သွားရမလဲ မသိဘူး"
ဘယ်လိုနေနေ သူမက သိပ်ကိုလှတယ်။သူမ အကြေးခွံတွေက ဟေဇယ်ရဲ့ဟာတွေလိုမျိုးပဲ သိပ်လှတယ်။ငါ့အနေနဲ့ ဟေဇယ်ကပဲ အလှဆုံးနဂါးလို့ တွေးခဲ့မိတာ။
သူမက ပြောနေတဲ့အရာတွေကို မေ့သွားပြီး သူမရှေ့မှာရှိနေတဲ့ နဂါးကြီးရဲ့ အလှကို ချီးကျူးတွေးတောနေမိလိုက်တယ်။သူမ သူ့ကို သူမနဲ့အတူတူ ခေါ်သွားချင်စိတ်တောင်ဖြစ်မိတယ်။
နောက်ဆုံးတော့ သူမဟာ အသုံးအနှုန်းတွေကို သိပ်ဂရုမစိုက်တော့ဘဲ အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးနဲ့ တောင်းဆိုလိုက်တယ်"ရှင့်အကြေးခွံတွေကို ကိုင်ကြည့်လို့ရမလားဟင်"
သူမရဲ့ မီးခိုးရောင် မျက်ဆံတွေနဲ့ အရုပ်မလေးတွေလို ၀ိုင်းစက်နေတဲ့ မျက်ဝန်းတွေကြောင့် နဂါးမကြီးဟာ ငြင်းဆန်ခြင်းမပြုတော့ဘဲ သူမကိုင်ဖို့ရာအတွက် သူမခေါင်းကို ညွှတ်ပေးလာတယ်။
ခွင့်ပြုချက်ရပြီးတဲ့အခါမှာတော့ အေဒီရာဟာ ပျော်ရွှင်စွာအော်ဟစ်လိုက်တယ်။သူမဟာ သူမလက်တွေကို အကြေးခွံတွေကြားမှာ အသာလေးပွတ်သတ်လိုက်တယ်။အကြေးခွံတွေဟာ အေးအေးလေးနဲ့သူမအပူတွေကိုလျော့ကျစေပြီး သက်သာရာရစေတယ်။
ရုတ်တရက်သူမဟာ နဂါးမကြီးရဲ့ ၀မ်းဗိုက်နေရာကနေ တချက်တချက်ခုန်နေတာကို ခံစားလိုက်ရတယ်။သူမက အံ့သြသွားတယ်"ရှင်....ရှင် ကိုယ်ဝန်ရှိနေတာလား"
[အင်း]
"oh my god!ရှင်ဘယ်လိုလုပ်မလဲ။ရှင်က အားနည်းနေသေးတယ်မို့လား။ဒီကလေးကိုမွေးရင် ရှင်သေသွားမှာပေါ့။ဘယ်လိုလုပ် ချောချောမွေ့မွေ့မွေးနိုင်မှာလဲ။သူ့ကို ဘယ်သူက ကာကွယ်ပေးမလဲ"
[ငါ့ကလေးက...မင်းကို ရွေးချယ်ပြီးပြီ လူသားလေး]
"ရွေးချယ်တယ်။ဒါဘယ်လို ဖြစ်နိုင်မှာလဲ။မွေးတောင်မမွေးသေးတဲ့ဟာ!oh dear ငါဘယ်လိုလုပ်ရမလဲ"
[မင်းငါ့အတွက် မစိုးရိမ်ပါနဲ့။ငါက ဒီကလေးကို မွေးပြီးရင် သေကိုသေရလိမ့်မယ်။ငါမင်းကို အကူအညီတခုဘဲ တောင်းဆိုချင်ပါတယ် လူသားလေး]
"အရာအားလုံး ငါ့လုပ်နိုင်စွမ်းထဲမှာ ရှိသရွေ့ ငါ အရာအာလုံး ကူညီပေးမှာပါ"သူမက နဂါးမကြီးရဲ့ မျက်လုံးတွေကိုကြည့်ပြီး ပြောလိုက်တယ်။
နဂါးမကြီးဟာ အေဒီရာရဲ့ လေးနက်ပြီး ယုံကြည်ရတဲ့ စကားတွေကြောင့် စိတ်သက်သာရာရသွားတယ်။သူမကလေးဟာ ထိုလူသားလေး လက်ထဲမှာဆို လုံခြုံပေလိမ့်မယ်။
[ကျွန်ုပ် အရှေ့ရပ်ရဲ့အရှင်မ Rubea သည် လေးစားစွာဖြင့် လူသားငယ် အေဒီရာအား ကျွန်ုပ်၏ကလေးငယ်အား စောင့်ရှောက်ရန် တောင်းဆိုပါတယ်။ဒီကလေးငယ်သည် သင့်အားရွေးချယ်ပြီး၍ သွေးစာချုပ်ချုပ်ဆိုနိုင်သည်အထိ သင့်အား ပြဿနာ တစုံတရာ မဖြစ်စေရ]
ငါ့ကို ရွေးချယ်တယ်?
[ကျေးဇူးပြုပြီး ငါ့အစားသူ့ကို စောင့်ရှောက်ပေးပါ]
သူမဟာ ထိုလူးသားငယ်ကို ဘယ်အရာကပဲ ဆွဲခေါ်လာခဲ့ပါစေ လိုလူသားငယ်ဟာ သူမကလေးကို ကာကွယ်နိုင်မည်ဟု ယုံကြည်တယ်။
အေဒီရာကို စကားပြောပြီးနောက်မှာတော့ နဂါးမကြီးဟာ ကလေးကိုခက်ခက်ခဲခဲ မွေးဖွားပြီး မကြာခင်မှာဘဲ သေဆုံးသွားတယ်။
လွဲပြောင်းမှုကို အစအဆုံး မြင်လိုက်ရတဲ့ သတ္တဝါတွေဟာ သူတို့ရဲ့ အုပ်ချုပ်သူအသစ်ကို ဦးညွတ်ဂါရ၀ပြုလိုက်ကြတယ်။
[လူသားငယ် အေဒီရာ အသင် ကျွန်ုပ်တို့၏ ဘုရင်မအသစ်ကို နာမည်ပေးပါမည်လား]
သူမဟာ ဘယ်သတ္တဝါက သူမကို ပြောလိုက်သည်ဆိုတာကို မသိပေမယ့်သူမခေါင်းထဲမှာ အသံတခုကို ကြားလိုက်ရတယ်။
သူမကသူမလက်မောင်းကြားက နဂါးပေါက်စလေးကိုကြည့်လိုက်တယ်။
နာမည်ပေးလိုက်ရင် သူနဲ့ငါ စာချုပ်ချပ်ဆိုပြီးသလိုဖြစ်သွားမှာပေါ့။ဒီကလေးငယ်လေးက ငယ်ငယ်လေးနဲ့ သူ့သခင်ကို သေတ်မှတ်ခံလိုက်ရရင် တရားပါ့မလား။
"ကျွန်မ သူ့ကို လောလောဆယ် နာမည်မပေးသေးဘူး။ကျွန်မ သူ့အတွက် အချိန်နည်းနည်းလောက် ယူချင်သေးတယ်" သူမပြောလိုက်တဲ့အခါမှာတော့ အားလုံးက လက်ခံကြတယ်။
ဒါက သူတို့သခင်အသစ်ရဲ့ဆန္ဒပဲလေ။သူတို့ ဘာပြောဖို့ လိုဦးမှာလဲ။
[ဒါပေမယ့် လူသားငယ် အေဒီရာ ငါတို့ကို ဘယ်သူက ကာကွယ်ပေးနိုင်မလဲ။ဘုရင်မ Rubeaဟာ ကွယ်လွန်သွားပြီ။အကွယ်အကွယ်စည်းဟာ သုံးရက်အတွင်းမှာ ပျောက်ကွယ်သွားလိမ့်မယ်။]
"ဒါအတွက် စိတ်မပူပါနဲ့။ကျွန်မရှင်တို့အတွက် အကာအကွယ်စည်းကို ကျွန်မစွမ်းအားနဲ့ ထိန်းသိမ်းထားပေးပါ့မယ်။"
အေဒီရာက ပြောလိုက်ပြီး သူမလက်ပေါ်က လက်အိတ်ကိုဖယ်ကာ သူမလက်ဖဝါးကို နဂါးလေးရဲ့လက်သည်းနဲ့ ဖြတ်လိုက်ပြီး သွေးတွေကို မြေပြင်ပေါ်ကို ကျစေလိုက်တယ်။
သူမအောက်မှာ မှော်စက်ဝန်းတခုပေါ်လာပြီး သူမ အသက်ရှင်နေသရွေ့ အကာအကွယ်စည်းရှိနေဖို့ရာအတွက် မှော်စကားလုံး တချို့နဲ့ ထပ်မံကာရံလိုက်တယ်။
သတ္တဝါတွေအားလုံးဟာ ကျေးဇူးတင်စွာနဲ့ သူမအနားမှာ ၀န်းရံလိုက်ပြီး သူမနာမည်ကို ကြွေးကြော်လိုက်ကြတယ်။
သူတို့လုံခြုံနိုင်ပြီ။
သူမအနားမှာရှိနေသရွေ့ သူတို့လုံခြုံနိုင်တယ်လို အားလုံးက ခံစားလိုက်ရတယ်။
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။