သူထိထားတွေမရှိအောင်
"မင်္ဂလာညနေခင်းပါ။သခင်မလေး အေဒီရာ ဒုက္ခမများစေဘူးဆိုရင် ကျွန်ုပ်နဲ့အတူ ကပေးနိုင်မလား"
-----------
ငါငြင်းခဲ့ရမှာ။သူ့ကို တခြာလူတွေဘယ်လိုမြင်မယ်ဆိုတာကို ဂရုစိုက်ပြီး တုန့်ဆိုင်းမနေသင့်ဘူး
အေဒီရာဟာ တခြားသူတွေရဲ့ အကြည့်တွေကြားမှာ ထိုးဖောက်မတတ်ဖြစ်နေတဲ့ အကြည့်တခုကို ခံစားမိပြီး သူမကိုယ်သူမ ရေရွတ်လိုက်တယ်။
ဘယ်သူက ဒီလိုမျိုးကို စိတ်မဆိုးဘဲ နေနိုင်ပါ့မလဲ။သူမ ကြင်ယာတော်လောင်းက အခုလေးတင်ကမှ တခြားနိုင်ငံ သံတမန်တွေကို နှုတ်ဆက်ရန် ထွက်သွားခြင်းဖြစ်သည်။မိနစ်အနည်းငယ်ပဲ ကြာသေးသည်။လူပျိုလေးတယောက်က သူ၏ကြင်ယာတော်လောင်းနားရောက်လာပြီး ကဖို့ ခေါ်သွားခဲ့တယ်။
တခြားသူတွေအတွက်က ဒီလိုမျိုးဟာ ပြဿနာ မဖြစ်နိုင်ပေမယ့် သူ၏ကြင်ယာတော်လောင်းကို အမြဲတစေကြည့်နေတတ်သည့် ကေဆီမီရာ အတွက်တော့ ဒါက မတူပေ။အခန်းပူချိန်က အနည်းငယ် လျော့ကျသွားသလို အားလုံးက ခံစားလိုက်ရတယ်။
အေဒီရာဟာ ကနေစဉ်တလျှောက်လုံးမှာ ကေဆီဘက်ကို လုံးဝလှည့်မကြည့်ရဲပေ။မဟုတ်ရင် ငရဲကနေ နိုးထလာတဲ့ နတ်ဆိုးဘုရင်တကောင်ကို တွေ့ရပေလိမ့်မည်။
ကျေးဇူးပြုပြီး သီချင်းဆုံးပါတော့။မြန်မြန်လေး ကေဆီလပေါက်ကွဲမထွက်ခင်။
တုံးလိုက်တဲ့ငါ အေဒီရာ။နင်မဖြေရသေးခင် သူက ဆွဲခေါ်သွားဦးတော့ နင်ငြင်းခဲ့ရမှာလေ။နင်တုံ့ဆိုင်းနေတဲ့ ရလဒ်က ခုတော့ ခုလိုဖြစ်နေပြီ။
"အေဒီရာ"သူမက ကေဆီအတွက်တွေးနေမိသောကြောင့် ကကွက်တွေမှာ သတိလက်လွတ်ဖြစ်နေခဲ့တယ်။သူမက နွေးထွေးစွာ ကြည့်နေတဲ့ သခင်လေးရဲ့ စိုးရိမ်တဲ့အကြည့်တွေကိုတောင် သတိမမူမိခဲ့ဘူး။
"မင်း အဆင်ပြေရဲ့လား"
"အာ ဟုတ်ကဲ့ အဆင်ပြေပါတယ် သခင်လေး ဒလယ်ဗားရစ်"သူမက လူမူရေးပြုံးလေးပြုံးပြီး ဖြေလိုက်တယ်။
ကျေးဇူးပြုပြီး အဲ့လို ကြည့်မနေစမ်းပါနဲ့ ကေဆီ။ဒါက လူမှုရေးအရပါ။ရှင့်ဓားကို ဆုပ်ကိုင်ထားတာ လွှတ်ထားလိုက်ပါ။ကျေးဇူးပြုပြီး။
"သူ့ကြောင့်လား"ထရီတန်ဟာ မင်းသားလေးမျက်နှာပေါ်က သေစေနိုင်လောက်တဲ့ ပုံစံကို တချက်ကြည့်ရင်း မေးလာတယ်။
"အမ်?"
"မင်းသားလေးကြောင့် ကိုယ့်ရဲ့ စေ့စပ်ခြင်းကို ငြင်းပယ်ခဲ့တာလား"
သူက မေးရင်းနဲ့ အလွန်ဘ၀က ပုံစံနဲ့ခြားနားစွာဘဲ အလွန်စိတ်ပျက်နေတဲ့ပုံပေါ်နေတယ်။သူမက ထရီတန်ဘာလို ဒီလိုဖြစ်နေတယ်ဆိုတာကို နားမလည်နိုင်ဘူး။သူ သူမကို ချစ်ခဲ့တာမှမဟုတ်တာ။သူမက မင်းသားလေးကို ရွေးချယ်တော့ရော ဘာဖြစ်လို့လဲ။
"ဒီ အကြောင်းက ဘာကြောင့်အရေးကြီးရတာလဲ"သူမက ပြန်မေးလိုက်တယ်။တိုက်ဆိုင်စွာဘဲသီချင်းက ရပ်သွားခဲ့ပြီ။သူမက သူ့အဖြေကို စောင့်ရင်း ရပ်နေလိုက်တယ်။သူမငြင်းလိုက်တာကိုတောင် အမြဲလာနေတတ်တဲ့ ထရီတန်ကို သူမ ဘယ်တော့ကမှ နားမလည်ခဲ့ဘူး။
ပထမတော့ သူမက သူဟာသူမနဲ့ သူငယ်ချင်းအဖြစ်နေချင်တာဖြစ်မယ်ဟု တွေးခဲ့သည်။သူမအနေနဲ့လည်း ရန်သူတွေဖြစ်ရသည်ထပ် သူငယ်ချင်းဖြစ်ရတာက ပိုကောင်းသည်။နောက်ပြီး 'သူငယ်ချင်းလိုရင်းနီးပါ။ရန်သူတွေနဲ့ ပို၍ရင်နီးစွာ နေပါ'ဆိုသော ဆိုရိုးစကားလည်း ရှိသည်မဟုတ်လား။
ဒါဆို သူမလက်မခံစရာအကြောင်းမရှိပေ။
နောက်ပြီး သူမက တရီတန်ရဲ့မာနဟာ သူအငြင်းခံလိုက်ရခြင်းကို လက်မခံနိုင်တာ ဖြစ်မယ်ဟုလည်း တွေးမိသေးသည်။သူမ သူအလည်လာတာကို လက်ခံရသည့်အကြောင်းမှာ သူက မောက်မာတတ်သော စိတ်ပျက်စရာ ကောင်းသည့် လူတစ်ယောက်မဟုတ်ဟု ယုံကြည်ခြင်းကြောင့်ဖြစ်သည်။
"ဘာကြောင့်ဆို ကိုယ်က------"
"မင်းတို့ ကလို့ပြီးပြီမဟုတ်လား"
အေးစက်ပြီး သေလောက်ဖွယ် အသံတခုက အေဒီရာရဲ့နားထဲကို ၀င်ရောက်လာပြီး သူအပူချိန်တက်သွညးသလို ခံစားလိုက်ရတယ်။သူ့ရဲ့ လူသတ်လိုစိန်ကို ဖုံးထားပြီး ထူးမခြားနားတဲ့ပုံစံနဲ့ ကေဆီမီရာဟာ သူမနောက်ကို ရောက်လာခဲ့တယ်။
ထရီတန်ဟာ ရောက်လာတဲ့ ကေဆီမီရာကို စိုက်ကြည့်နေလိုက်ပြီးမှ အေဒီရာရဲ့ လက်ဖမိုးကို အနမ်းတပွင့်ပေးကာ ထွက်သွားတယ်။ဒါတွေအားလုံးကို ကေဆီမီရာ ရှေတည့်တည့်မှာတင် လုပ်သွားခြင်းဖြစ်သည်။
မင်းငါ့ကို စိန်ခေါ်တာလား ဒလယ်ဗားရစ်။ဟမ်?
အေဒီရာဟာ ထရီတန် ထွက်သွားသွားချင်းမှာဘဲ သူမနောက်နောက်မှာ ရှိနေတဲ့ ရေခဲတုံးကြီးကို ဖြန်ဖြေဖို့ရာအတွက် လှည့်လိုက်တယ်။
"ကေ--ကေဆီ"
"လိုက်လာ"
သူမ စကားမဆုံးခင်းမှာဘဲ ကေဆီဟာ သူမလက်ကို ဆွဲပြီး ကပွဲစဉ်ကနေ ထောင့်တနေရာကို ခေါ်သွားတယ်။လမ်းမှာ သူဟာ အစေခံတယောက်ဗန်းထဲက ၀ိုင်တခွက်ကိုလည်း ယူခဲ့သေးတယ်။
သူက သူမကို ထိုင်ခုံတခုမှာ ထိုင်စေလိုက်ပြီး သူက ဒူးထောက်ချကာ သူမလက်ပေါ်ကို ၀ိုင်တွေ လောင်းချလိုက်တယ်။
"ဒီလက် ဟုတ်တယ် မဟုတ်လား"သူက မေးသော်လည်း သူမအဖြေကို စောင့်နေခြင်းမရှိဘဲ စောနက လောင်းလိုက်တဲ့နေရာကို သုပ်ပေးနေပြန်တယ်။
"ကေ..ကေဆီ ရှင်ဘာတွေလုပ်နေတာလဲ"သူမက ၀ိုင်ရဲ့ အေးစက်တဲ့ အထိအတွေ့ကြောင့်ရော့ သူ့အမူအရာကြောင့်ရော လန့်သွားပြီး သူမလက်ကို ရုန်းထွက်ဖို့လုပ်လိုက်တယ်။ဒါပေမယ့် သူက တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပဲ။
ကေဆီမီရာဟာ ပြန်မဖြေဘဲ သူမလက်ကိုပဲစိုက်ကြည့်နေခဲ့တယ်။
"ကေဆီ သွားပြီး ငါ့လက်ကိုဆေးလိုက်ပါရစေ"
ကေဆီမီရာရဲ့ မျက်လုံးတွေထဲမှာ အန္တရယ်ရှိတဲ့အရိပ်တွေ ရှိနေဆဲပါ။
"ကေဆီ"သူမ သူ သူမကို ကြည့်လာဖို့ရာ ထပ်ပြီးကြိုးစားလိုက်တယ်။ထရီတန်ထွက်သွားပြီး ခုသူတို့နေရာကို ရောက်သည်အထိ သူက သူမကို တချက်လေးမှ ကြည့်မလာလေဘူး။
သူက သူမလက်ကို စိုက်ကြည့်နေဆဲပဲ။နောက်တော့ သူဟာ တစုံတခုကို စလုပ်လိုက်တယ်။သူက ၀ိုင်တွေပေကျံနေတဲ့ သူမလက်ကို စတင်နမ်းရှုံ့လာတယ်။
"ကေ..ကေဆီ..အရှင်မင်းသား ရပ်လိုက်ပါ။"သူမက ကေဆီမီရာ ကြားနိုင်လောက်အောင် အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။
"စိတ်မပူပါနဲ့။ကိုယ်က မင်းလက်ကို သန့်ရှင်းအောင်းပြုလုပ်ပေးရုံပါ"ဒါက ထရီတန်နဲ့ မျက်နာချင်းဆိုင်ပြီး သူအရှည်ဆုံးပြောတဲ့ စကားပဲ။
"ကေဆီ ကျွန်မကို ကြည့်ပါ"သူမက စွန့်စားပြီး သူ့ကို အမိန့်ပေးလိုက်တယ်။နောက်ပြီး သူမရဲ့ လွတ်နေသောလက်တဖက်နဲ့ သူ့ပါးကို ဆုပ်ကိုင်လိုက်တယ်။
နောက်ဆုံးတော့ သူက သုမကို ကြည့်လာခဲ့ပြီ။အေဒီရာရဲ့ နီရဲနေသောပါးပြင်လေးတွေကို သူသတိပြုမိလိုက်တယ်။သူမက ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိလွန်းသည်။ဒါက သူ့ရဲ့ ဒေါသတွေကို လျော့ကျသွားစေခဲ့တယ်။
"ဒါက အဆင်ပြေပါတယ်။ထရီတန်နဲ့ ကျွန်မကြားမှာ ဘာမှ ရှိမနေဘူး။ရှင်စိတ်ချထားလို့ရပါတယ်"
"ဒါဆို သူနဲ့က ဘာတွေလဲ။ဘာလို မင်းတို့နှစ်ယောက်က အရမ်းရင်းနီးပုံ ပေါက်နေရတာလဲ။ဘာလို့ မင်းသူ့ကို တွေ့တိုင်း စိတ်ရှုပ်ထွေးနေတဲ့ အမူအရာဖြစ်နေတာလဲ။ဘာလို့ သူက မင်းအနားမှာ အမြဲရောက်နေတာလဲ။ဘာလို့လဲ"
ကေဆီဟာ မေးခွန်းတွေတသီကြီး မေးမြန်းလာတယ်။
သုမကိုယ်တိုင်ကလည်း ထရီတန် ဘာတွေမှားယွင်းနေတယ်ဆိုတာကို မသိဘူး။
"ကျွန်မလည်းမသိဘူး။ကျွန်မသူ့ကို မေးနေဆဲ သူဖြေမလို့လုပ်နေတုန်းပဲ ရှင်ရောက်လာတာလေ"သူမက ပြန်ဖြေလိုက်တယ်။
ဘာကြောင့်ဆို သူက မင်းကို ဖွင့်ပြောတော့မလို့လေ။သူဖွင့်ပြောလာရင်ရော
"......မင်းဘယ်လိုလုပ်မှာလဲ"ကေဆီမီရာဟာ တိုးတိုးလေး မေးခွန်းတခုကို ရေရွတ်လိုက်တယ်။
"ငြင်းလိုက်မှာပေါ့"သူမက ကေဆီရဲ့ မေးခွန်းကို လေးလေူနက်နက် ဘဲ ပြန်ဖြေလိုက်တယ်။နောက်ပြီး သူမက သူ့ကို စိတ်ချရပါတယ်ဆိုသော အပြုံးမျိုးပြုံးပြလိုက်တယ်။
"ကေဆီ ရှင့်ရဲ့ ကြင်ယာတော်လောင်းဖြစ်ရတာရော ဘယ်လောက် စိတ်ပူပန်ရလဲ သိရဲ့လား။ဟ...ဟ ကျွန်မနေရာကို လိုချင်နေကြတဲ့ မိန်းကလေးတွေ အများကြီး ရှိတာရော သိရဲ့လား"သူမက ခပ်ဖွဖွရယ်လိုက်ပြီး သူစိတ်ပူပန်တွေ ပျောက်စေဖို့ ပြောလိုက်တယ်။
အများကြီးက ကျွန်မနေရာကို မျက်စောင်းထိုးနေတာ ရှင်ရဲ့။
ကေဆီမီရာဟာ အေဒီရာရဲ့ စကားတွေမှာ ရယ်မောလိုက်ပြီး သူမလက်ကို လက်ကိုင်ပဝါနဲ့ သေချာသုပ်ပေးကာ နောက်ဆုံးအနေနဲ့ အနမ်းတပွင့်ခြွေလိုက်တယ်။
အေဒီရာဟာ ပွင့်လင်းစွာ အချစ်ခံရခြင်းကို အသားမကျစွာ ပါးပြင်တွေဟာ နီရဲသွားပြီး သူမမျက်နှာကို လက်နဲ့ အုပ်လိုက်လေတယ်။
တချို့သော တော်ဝင်တွေဟာ သူတို့အိမ်ရှေ့စံနှင့် ကြင်ယာတော်တို့ရဲ့ အချစ်ဖော်ပြခြင်းကို မနာလိုစွာနဲ့ဘဲ ကြည့်လိုက်ရပါတော့တယ်။
Unicode
YOU ARE READING
She become a passive villainess-not(trans)
Ficción históricaOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။