Jasmine Scent
"သခင်မလေး"
အမျိုးသမီးအစေခံတစ်ယောက်ဟာ သူမအခန်းထဲကို အမောတကော ပြေးဝင်လာရင်း နှင်းဆီဆူးတွေ သတ်ချပြီး ပန်းအိုးထဲထိုးဖို့ရာ ပြင်ဆင်နေတဲ့ သူမကို ခေါ်လိုက်တယ်၊၊
အိုင်းရစ်ဟာ သူမလုပ်ငန်းစဉ်ကို နှောက်ယှက်လာတဲ့ ထိုသူမကို စိတ်ပျက်စွာ လှည့်ကြည့်လိုက်တယ်၊၊
"ဘာလဲ"
"သခင်မလေး!သခင်မလေး ဆလယ်ဗားရစ်"
"အဲ့ မိန်းမက ဘာဖြစ်လို့လဲ၊၊သူမက ငါ့ဆန္ဒအတိုင်း သေသွားပြီမို့လို့လား"
သူမက သူမရဲ့ပန်းထိုးထားမှုကို ပြင်ဆင်ရင်းက ကြောက်စရာကောင်းစွာ ပြောလာခဲ့တယ်၊၊
"သူမ....သူမ လုပ်ကြံခံရပြီး အခုထိ သတိလစ်နေဆဲဖြစ်နေတယ်၊၊"
အစေခံမလေး ပြောပြီးပြီးခြင်းမှာဘဲ အိုင်းရစ်ဟာ ထိုင်နေရာကနေ ထရပ်လိုက်တယ်၊၊
"သူမ တကယ်ကြီးလား၊၊ဘာတွေဖြစ်သွားတာလဲ"
"သူမ မြှားပစ်ခံရပြီး ပြင်းထန်တဲ့ အဆိတ်မိသွားတယ်လို့ ကြားရပါတယ်၊၊သူမ အခြေအနေက တစ်ပတ်ပဲ ခံမယ်လို့ ပြောသံကြားရပါတယ်"
အစေခံမလေး အသံဟာ စိုးရိမ်ကြောက်လန့်နေပုံရကာ သူမလက်တွေဟာ တုန်ယီနေခဲ့တယ်၊၊
သူမဟာ အိုင်းရစ်ရဲ့အစေခံဖြစ်ပြီးအလိမ်အညာတွေ နေ့တိုင်းကြားနေရပေမယ်လို့ သူမအနေနဲ့ လှပပြီးကြင်နာတတ်သော ထိုသခင်မလေးကို မမုန်းနိုင်လေဘူး၊၊သူမ အိုင်းရစ်ဆီကနေ ဖုံးကွယ်ထားတဲ့ အရာရှိလေတယ်၊၊သူမတို့ အဆောင်မှာနေရစဉ်ကသူမ မကြာခဏ ခိုးထွက်ပြီး သခင်မလေး ဆလယ်ဗားရစ်ရဲ့ အချိုမုန့်တွေ လုပ်တဲ့ဆီကို သွားလေ့ရှိတယ်၊၊
အဲ့ဒီမှာ ထိုသခင်မလေးဟာ သူမ သခင်မလေးပြောသလို မကောင်းဆိုးဝါးမဆန်တာကို သိခဲ့ရတယ်၊၊ထိုသူမလေးက လှပပြီး ထက်မြက်တဲ့ မိန်းမပျိုလေးတစ်ယောက်ပါပဲ၊၊
"မြန်မြန် ငါ့ကို အဝတ်လဲဖို့ ကူပေးစမ်း၊၊ငါ သွားပြီး ငါ့ရဲ့ဂရုဏာတရားကို ပြသရမယ်"
အစေခံမလေးဟာ သူမ သခင်မလေး ပြောတဲ့အတိုင်း အဝတ်လဲကူပေးလိုက်တယ်၊၊တကယ်တော့ သူမအနေနဲ့လည်း သခင်မလေး ဆလယ်ဗားရစ် အခြေအနေကို သိချင်နေခဲ့တာဖြစ်တယ်၊၊
'နတ်ဘုရားတို့ရေ ကျေးဇူးပြုပြီး သခင်မလေး ဆလယ်ဗားရစ်ကို ကယ်တင်ပေးကြပါ'
..............
အိုင်းရစ်ရောက်ရောက်ခြင်းမှာဘဲ သူမဟာ လီယွန်တစ်ယောက် ဥယာဉ်ဘေးက ကကော်ရစ်တာမှာ ရည်ရွယ်ချက်မဲ့ လမ်းလျှောက်နေတာကို တွေ့လိုက်ရတယ်၊၊
"သခင်လေး ရေအိုနာ"
သူမက နှုတ်ဆက်လိုက်တယ်၊၊
လီယွန်ဟာ ခေါ်သံကြောင့် ဆတ်ခနဲတုန်သွားပြီး အိုင်းရစ်ကို မြင်ကာမှ သူ့ရဲ့ မျောလွင့်နေတဲ့ စိတ် က ပြန်လည်လာခဲ့တယ်၊၊
"သခင်မလေး လက်တီဖိုလီရာ"
သူက နှုတ်ဆက်လိုက်တယ်၊၊
သူဟာ သူမကို စကားပြောနေပေမယ့် သူပုံစံဟာ အရင်ကလောက် စိတ်လှုပ်ရှားမှု ရှိမနေလေဘူး၊၊သူ့ပုံစံက လူကပဲ ဒီရောက်ရောက်နေပြီး စိတ်ကတော့ တခြားရောက်နေဟန် ဖြစ်နေလေတယ်၊၊
"ကျွန်မ အသင်ပြောတာကို စဉ်းစားပြီးပြီ၊၊သခင်လေးပြောတာ မှန်တယ်၊၊ကျွန်မအနေနဲ့ စိတ်တင်းပြီး သခင်မလေးအေဒီရာက ကျွန်မအပေါ် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို အရှင်မင်းသားဆီ ပြောပြသင့်တယ်၊၊ကျွန်မအနေနဲ့ သခင်လေးကို အရှင်မင်းသားနဲ့ကျွန်မ ရင်နီးအောင် ကူညီပေးဖို့ ပြောခဲ့တယ်၊၊ဒါပေမယ့် ခုရက်ပိုင်း ဘာကြောင့်မှန်းမသိ သူ့ကို တစ်ယောက်ထဲ မတွေ့ရတာကြာပြီ၊၊သခင်လေး ကျွန်မကို ကူညီပေးနိုင်မလား"
နောက်တော့ သူမဟာ သူ့ကို သနားစရာကောင်းသွာ မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတိုနဲ့ မော့ကြည့်လိုက်တယ်၊၊လီယွန်ဟာ ဒီလိုမျိုးနဲ့ သူမထောင်ချောက်မှာ ကျမယ်ဆိုတာ သူမသေချာနေတယ်၊၊ဘယ်နှစ်ကြိမ်ပဲ ဖြစ်ဖြစ်ပေါ့၊၊
"သခင်မလေး လက်တီဖိုလီရာ အသင် ဘာတွေပြောနေတာလဲ၊၊ သခင်မလေး အေဒီရာ ဘာဖြစ်နေတယ်ဆိုတာ အသင်သိရဲ့လား၊၊အရှင်မင်းသား အနေနဲ့ အခု စိတ်သောကရောက်နေရတယ်"
"ကျွန်မ သခင်မလေးအေဒီရာအဲ့အကြောင်းကို သိပြီးခဲ့ပါပြီ၊၊ဒါ့ကြောင့်ပဲ အခုကအချိန်ကောင်း ဖြစ်နေတာပေါ့၊၊သူမဘေးမှာ ရှိမနေမှ အရှင်မင်းသားက သေသေချာချာ စဉ်းစားတွေးခေါ်တော့မှာပေါ့် သခင်လေး ရေအိုနာ"
လီယွန်ဟာ ခဏလောက်စဉ်းစားလိုက်ပြီး ဆုံးဖြတ်ချက်တွေခိုင်မာနေတဲ့ သူမမျက်နှာကို ကြည့်လိုက်တယ်၊၊သူမပုံစံက သူမဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး လက်လျော့လိုဟန်ရှိမနေလေဘူး၊၊
လီယွန်က ခေါင်းညိတ်ပြလိုက်တဲ့အခါမှာတော့ စိတ်သက်သာရာရမှုနဲ့ ပျော်ရွှင်မှုက အိုင်းရစ်မျက်နှာမှာ အထင်းသား ပေါ်လာခဲ့တယ်၊၊သူက သူမကို အေဒီရာမေ့မြောနေတဲ့ မင်းသားရဲ့အခန်းကို လမ်းပြခေါ်ဆောင်သွားလိုက်တယ်၊၊
လမ်းမှာ သူက ရုတ်တရက် တခုခုကို မေးလာခဲ့တယ်၊၊
"သခင်မလေး အသင် အရှင်မင်းသားရဲ့ မွေးနေ့တုန်းက အသင့်ရဲ့ ခေါင်းမှာ ပန်ထားတဲ့ကလစ်လေး ညစ်ပေသွားလို့ဆိုပြီး ကျွန်တော့်ကို အကူအညီတောင်းခဲ့တာ မှတ်မိသေးလား"
အေဒိရာမရှိတုန်း မင်းသားရဲ့အာရုံကို ရဖို့ ဘယ်လို စကားမျိုးတွေပြောရမယ်ဆိုတာ စဉ်းစားနေခဲ့တဲ့ အိုင်းရစ်ဟာ များများစားစားတွေးမနေဘဲ ခေါင်းငြိမ့်ဖြေလိုက်တယ်၊၊
"မှတ်မိပါတယ် သခင်လေး"
"ဒါဆို အသင့်ဆီမှာ အဲဒီ ကလစ်လေးများ ရှိနေသေးသလား"
"အိုးး?ဘာကြောင့်လဲ သခင်လေး"
"အမ် ကျွန်တော်အနေနဲ့ ခဏလောက်ငှားပြီး ပန်းပဲဆရာကို အဲ့ဒီပုံစံတူအတိုင်းလုပ်ခိုင်းချင်လို့ပါ၊၊အဲဒါလေးက ချစ်ဖို့ကောင်းဖို့ ကျွန်တော့်အမေ ကြိုက်နှစ်သက်မယ် ထင်လို့ပါ သခင်မလေး"
"အိုးးအဲဒါဆိုရင်တော့ မရတော့ဘူး၊၊ကျွန်မ အဲဒါကို လွှတ်ပစ်လိုက်ပြီ၊၊ပါတီပွဲပြီးတော့ ပျက်စီးသွားလို့လေ"
အိုင်းရစ်က အမှုမထားဘဲ လိမ်လိုက်တယ်၊၊
"ကျွန်တော်သိပါပြီ၊၊ကျွန်တော်အနေနဲ့ အဲ့ကလစ်ကနေရတဲ့ စံပယ်ရနံ့လေးကို မမေ့နိုင်ဘူး ဖြစ်နေခဲ့တာ၊၊"
လီယွန်ဟာ ပခုံးနှစ်ဖက်ကို တွန့်ကာ ပြောလိုက်ပြီး အိုင်းရစ်ရဲ့ မျက်နှာအမူအရာကို အကဲခတ်လိုက်တယ်၊၊သူမရဲ့ မျက်နှာဟာ ခဏလောက်အေးခဲသွားပြီး စိတ်လှုပ်ရှားနေဟန်ဖြစ်သွားပြီး အချိန်တိုလေးအတွင်းမှာဘဲ ပုံမှန် ပြန်ဖြစ်သွားခဲ့တယ်၊၊
အိုင်ရစ်က ပြန်မဖြေဘဲ တိတ်တဆိတ်ပဲနေခဲ့တယ်၊၊သူမက သူ့ကို ပြုံးရုံပဲပြုံးပြကာ သူဦးဆောင်ခေါ်လာတဲ့ မင်းသားရှိရာကိုပဲ ဆက်သွားလိုက်တယ်၊၊
သူတို့ မင်းသားရဲ့ အခန်းရှေ့ကို ရောက်တဲ့ အခါမှာတော့ အခန်းစောင့်နေတဲ့ အဲလက်ဇမ်းဒါးကို တွေ့လိုက်ရတယ်၊၊သူက သူ့နားကို သွားလိုက်တယ်၊၊
"သူမ ဘယ်လိုနေသေးလဲ"
သူက စိုးရိမ်စွာ မေးလိုက်တယ်၊၊
အဲလက်ဇမ်းဒါးက အဖြေအနေနဲ့ ခေါင်းသာယမ်းပြခဲ့တယ်၊၊သူ့အနေနဲ့လည်း အေဒီရာရဲ့ အခုအဖြစ်အပျက်အတွက် သိပ်ကို ခံစားနေရလေတယ်၊၊သူသာ သူမကို အဲ့နေ့က သုမကို သေချာစောင့်ကြည့်ပြီး သူမကို ထွက်မသွားစေခဲ့ဘူးဆိုရင်၊၊သူသာ သူမ သူ့စောင့်ကြည့်မှုအောက်ကနေ လွတ်ထွက်သွားရအောင်ထိ မတုံးအခဲ့ဘူးဆိုရင်၊၊သူသာ အသုံးမဝင်ဘူး မဖြစ်ခဲ့ဘူးဆိုရင်၊၊အဲ့လိုဆိုရင် သခင်မလေးအေဒီရာဟာ အခုလို မင်းသားရဲ့ခုတင်မှာ လဲလျောင်းနေရမှာ မဟုတ်ဘူး၊၊သူမမှာ သတိလစ်နေချိန်မှာတောင် နာကျင်မှုကို ခံစားနေရမှာ မဟုတ်ဘူး၊၊အခုတော့အဆိပ်က သူမကို နားချိန်လေးတောင် မပေးလေဘူး၊၊
လီယွန်အနေနဲ့ အဲလက်ဇမ်းဒါးက သူ့ကိုယ်သူ အပြစ်တင်နေတာကို သိလေတယ်၊၊သူ့အနေနဲ့ အဲ့မျက်ဝန်းတွေကို ကောင်းကောင်းသိလေတယ်၊၊သူကိုယ်တိုင်လည်း ထိုသို့ အကြိမ်ပေါင်းများစွာ ခံစားခဲ့သည်ပဲလေ၊၊
"အရှင်မင်းသား ကရော"
"အရှင်မင်းကြီးက သူ့ကို ခေါ်လို့သွားတယ်၊၊အခုထိ ပြန်မလာသေးဘူး၊၊သူမက ဘယ်သူလဲ၊၊ ဘာလို့ ဒီလာရတာလဲ"
အဲလက်ဇမ်းဒါးဟာ အခုမှ လီယွန်နောက်မှာ ရှိနေတဲ့ ပန်းရောင်ဆံပင်ပိုင်ရှင် မိန်းကလေးကို သတိထားမိပြီး မျက်မှောင်ကြုံ့ကာ စူးစိုက်ကြည့်လိုက်တယ်၊၊
ယခု လုပ်ကြံမှုပြီးကတည်းက သူ့အနေနဲ့ အရင်လို လူတွေကို လွယ်လွယ်မယုံတော့လေဘူး၊၊အားလုံးကို သံသယ ထားရမှာက သူ့တာဝန်ပင်ဖြစ်တယ်၊၊နောက်ပြီး သူတို့အနေနဲ့ ခုချိန်ထိ နောက်ကွယ်က လူကို မသိရသေးဘူး မဟုတ်ပါလား၊၊
ဘယ်သူ ပြောနိုင်မလဲ၊၊အဲ့လူက တိတ်တိတ်
လေး ရောက်လာပြီး သူ့အလုပ်ကို အဆုံးသတ်သွားနိုင်သည်ပဲ၊၊
"အိုးးဒါက သခင်မလေး လက်တီဖိုလီရာပါ၊၊အသင် အရင်က သူမကို တခါတွေ့ဖူးပါတယ်၊၊သူမ ကျောင်းကောင်စီအခန်းကို ရောက်လာပြီး သူမနဲ့ သခင်မလေး အေဒီရာတို့ရဲ့ ပဋိပက္ခနဲ့ပတ်သတ်တဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းပေးဖို့ ပြောခဲ့တုန်းကလေ"
"သခင်မလေး အေဒီရာက မလုပ်ခဲ့ဘူး"
အဲလက်ဇမ်းဒါးက ရုတ်တရက် စကားဖြတ်ပြောလိုက်တာကြောင့် လီယွန်နဲ့ အိုင်းရစ်တို့ဟာ လန့်သွားခဲ့ရတယ်၊၊ဒါက သူ့ရဲ့ သခင်မလေး အေဒီရာ့အပေါ် ယုံကြည်မှုနဲ့ပတ်သတ်ပြီး ရိုရှင်းတဲ့ တုံ့ပြန်မှုပဲဖြစ်တယ်၊၊
"ဒါ.....ဒါပေါ့"
လီယွန်က ရုတ်တရက်ပဲ တွန့်ဆုတ်ဆုတ်ဖြစ်သွားပြီး စကားလမ်းကြောင်းကို ကေဆီမီရာရဲ့နေရာဘက်ကို ပြောင်းသွားခဲ့တယ်၊၊
"ဘာပဲဖြစ်ဖြစ် ကျွန်တော် အရှင်မင်းသားကို သွားရှာလိုက်ဦးမယ်၊၊သခင်မလေး လက်တီဖိုလီရာ အသင် အဲလက်နဲ့ ခဏလောက် ဒီမှာနေပြီး စောင့်နေပေးနိုင်မလား"
အိုင်းရစ်ဟာ နူးညံ့ယဉ်ကျေးပြီး ရှက်သလိုလိုပြုကာ ခေါင်းငြိမ့်ပြလိုက်တယ်၊၊ပုရွက်ဆိတ်တစ်ကောင်ကိုတောင် လက်မရွယ်ရဲသော သခင်မလေး တစ်ယောက်လို အလွန်ဖြူစင်ပြီး အလွန် ကြင်နာတတ်ဟန်ပေါ့၊၊
လီယွန်က ကေဆီမီရာကို ရှာဖို့ရာ ထွက်သွားခဲ့တယ်၊၊အိုင်းရစ်ဟာ အဲလက်ဇမ်းဒါးရဲ့ မျက်နှာချင်းဆိုင် မှာ ထိုင်လိုက်တယ်၊၊သူက သူမကို အထဲဝင်ခွင့် မပြုတဲ့အပြင် စကားလည်း မပြောလေဘူး၊၊ဒါကြောင့် သူမအနေနဲ့ ပျင်းလာပြီး ပင်ပန်းလာလေပြီ၊၊
သူမက သူနဲ့ စကားပြောဖို့ စကားစကြည့်ပေမယ်၊၊ကံမကောင်းစွာနဲ့ပဲ အခါတိုင်းက မအောင်မြင်လေဘူး၊၊
နောက်ပြီး ဘာမှန်းမသိဘဲ သူမအနေနဲ့ သူမနဖူးကနေ ချွေးစေးတွေကျနေပြီး သူမနှလုံးသားက တလှပ်လှပ်တုန်နေတာကို ခံစားနေရလေတယ်၊၊နောက်ပြီး သူမကျောရိုးကနေ တစိမ့်စိမ့်အေးစိမ့်မှုကို ခံစားနေရကာ သူမအနေနဲ့ မတတ်နိုင်ဘဲ စိတ်လှုပ်ရှားနေရကာ သူမထိုင်ခုံကနေ ရွှေ့ပြီး ထိုင်လိုက်တယ်၊၊
"သခင်မလေး လက်တီဖိုလီရာ"
သူမနောက်ကနေ အားလုံးက နတ်ဆိုးဘုရင်ကြီးလို့ ခေါ်တဲ့လူရဲ့ အေးစက်တဲ့ အသံကို ကြားလိုက်ရတယ်၊၊
သူမအနေနဲ့ သူ့ရဲ့ ဒီလိာ အသံကို တခါမှ မကြားဖူးတာကြောင့် တခြားသူတွေက သူ့ကို ဒီလို ခေါ်တာဟာ သူက အေးစက်ပြီး ဂရုမစိုက်တတ်တာကြောင့်လို့ ထင်ခဲ့မိတာဖြစ်တယ်၊၊
ဒါပေမယ့် အခုတော့ သူမအနေနဲ့ နောက်လှည့်ပြီး ထိုလူရဲ့ မျက်လုံးကို ကြည့်ဖို့ရာတောင် ကြောက်လန့်နေလေပြီ၊၊ဘာကြောင့်လဲ ဆိုတော့ သူမအနေနဲ့ တခုကိုပဲ ရင်ဆိုင်ရမှာကို သိနေလို့ပဲ ဖြစ်တယ်၊၊
သေခြင်းတရားပဲ၊၊
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။