Crocodile tears
အေဒီရာ သူမမြို့တော်မှာ တခြားသူတွေနဲ့ အလုပ်ရှုပ်နေသလို ကေဆီမီရာဟာလည်း ကျောင်းမှာ အလုပ်ရှုပ်နေခဲ့လေတယ်။သူအေဒီရာနဲ့အတူဟအနားယူခဲ့သောအချိန်တွေကြောင့် အလုပ်တွေဟာ တောင်လို ပုံနေလေတယ်။ဒါပေမယ့် သု့အနေနဲ့ ဒါအတွက် နောင်တမရလေဘူး။အေဒီရာနဲ့ အချိန်တွေအတွက် ဒါက အများကြီး ထိုက်တန်ပါတယ်လေ။
"အရှင်မင်းသားစီမှာ ဘာတွေများ ဖြစ်ခဲ့လို့ပါလိမ့်"လီယွန်ဟာ သူ့ကိုယ်ပိုင်ထိုင်ခုံမှာ အလုပ်ရှုပ်နေရင်းကပဲ ကေဆီမီရာကို ကြည့်ကာ ရေရွတ်လိုက်တယ်။
မင်းသားဟာ အရင်လို မပြောင်းလဲဆဲရှိနေပေမယ့် သူ့ပတ်ဝန်းကျင်မှာ အမြဲရှိနေတတ်တဲ့ အေးစက်တဲ့အရောင်အဝါတခုတော့ ပျောက်နေလေတယ်။အခု သူ့ကိုကြည့်လိုက်ရင် သူတို့နဲ့ ရင်းရင်းနီးနီးရှိလာတယ်။
"သခင်မလေး အေဒီရာကြောင့်ပဲ ဖြစ်နိုင်တာပဲ"ဒါဟာ နေထွက်လာသလို သိသာတဲ့ကိစ္စဆိုတဲ့ သဘောနဲ့ အဲလက်ဇမ်းဒါးက ပခုံးတွန့်ကာ ဆိုလိုက်တယ်။
"သခင်မလေး အေဒီရာက မင်းသာအပေါ်မှာ ဒီလောက်ထိလွှမ်းမိုးနိုင်တာ အံ့သြစရာကောင်းတယ်လို့ မင်းတို့မထင်ဘူးလား။ငါပြောချင်တာက ဘယ်လိုများ မိန်းကလေးတစ်ယောက်က တောင်တစ်တောင်လိုလူကို သူ့အလိုအတိုင်းပြုမူစေနိုင်တာလဲ" သူတို့ရဲ့ဆွေးနွေးမှုကြားမှာ ဝီလီယမ်က ပါဝင်ပြောဆိုလိုက်တယ်။သူတကယ်ပဲ နားမလည်နိုင်ဘူး။သခင်မလေးအေဒီရာက ဘယ်လိုများ မင်းသားကို သူမ လက်ခုပ်ထဲမှာ ထားနိုင်ရသလဲ။
"ရိုမန်ကတော့ သိလောက်တယ်။သူနဲ့ မင်းသားက ငယ်ငယ်ကတည်းက သိလာတာမဟုတ်လား။သူတို့က သာမန်အားဖြင့် အတူတူကြီးပြင်းလာတယ်လို ဆိုနိုင်တယ် မဟုတ်လား"လီယွန်က ပြောလိုက်တဲ့အခါမှာတော့ အားလုံးရဲ့အကြည့်တွေဟာ တိတ်ဆိတ်စွာအလုပ်လုပ်နေတဲ့ ရိုမန်ဆီကို စုပုံသွားကြလေတယ်။
"Pst,hey ရိုမန်!"ဝီလီယမ်က ညင်သာစွာခေါ်လိုက်တယ်။
ရိုမန်ဟာ စာရွက်တွေကြားက ခေါင်းပြူလာပြီး ဝီလီယမ်ကို စိတ်ရှုပ်စွာ ကြည့်လိုက်တယ်။
"ငါတို့ မင်းကို မေးစရာလေးရှိလို့"
ကောင်စီအလုပ်ကိစ္စတွေနဲ့ ပတ်သတ်ပြီး မေးမယ်ထင်တာကြောင့် သူက သူ့တို့ဆီကို အာရုံပို့ကာ ပြောလိုက်တယ်။
"ဘာမေးမလို့လဲ"
"အရှင်မင်းသားနဲ့ မင်းနဲ့က ငယ်ငယ်ကတည်းက အတူရှိလာကြတာ ဟုတ်တယ်မို့လား"ရိုမန်က ခေါင်းငြိမ့်ပြလိုက်တဲ့အခါမှာတော့ ဝီလီယမ်က ဆက်ပြောလာတယ်။
"ဒါဆို ဘယ်လိုများ သခင်မလေးအေဒီရာက အေးစက်လှတဲ့ အရှင်မင်းသားစိတ်ကို လှုပ်ခတ်သွားအောင် ပြုလုပ်ခဲ့တာလဲ မင်းသိလား"
ရိုမန်ဟာ မမျှော်လင့်ထားတဲ့ မေးခွန်းကြောင့် ကြက်သေ သေသွားခဲ့တယ်။
မှန်တယ်။မင်းသား ဆလယ်ဗားရစ်နယ်မြေကို အလည်သွားစဉ်က သူပါခဲ့ပြီး အဲ့တုန်းက သခင်မလေးဟာ အိမ်တော်တခုလုံး စစ်သည်တွေ စေလွှတ်ရသည်အထိ ဇောက်ထိုးမိုးမျော်ဖြစ်စေခဲ့ကာ အလျင်စလိုပြန်လာတာကို မတော်တဆတွေ့ခဲ့ရတာကို သူမှတ်မိသည်။
ဒါပေမယ့် သခင်မလေးက အေးစက်လှတဲ့မင်းသား စိတ်ဝင်စားလာအောင် ဘာလုပ်ခဲ့လဲမေးရင်တော့ သူပြောနိုင်တာက
"ဘာမှ မလုပ်ခဲ့ဘူး။သခင်မလေးက ဘာဆိုဘာမှ မလုပ်ခဲ့ဘူး"
လီယွန်၊ဝီလီယမ် ပြီးတော့ ဒီအကြောင်းကို အနည်းငယ်စိတ်ဝင်စားမိပြီး ရိုမန်အဖြေကို စောင့်နေတဲ့ အဲလက်ဇမ်းဒါးတို့ဟာ သူ့ကို ကြောင်တောင်တောင်ကြည့်လာကြတယ်။
ဒါက ဘယ်လိုတောင် မတိကျလိုက်တဲ့ အဖြေလဲ။
လီယွန် : "ဘာမှမလုပ်ခဲ့ဘူးဆိုတာ ဘာကိုလဲ"
ဝီလီယမ်: "ဘာမှ မလုပ်တာ ဘယ်လိုဖြစ်နိုင်မှာလဲ။သူမ တခုခုလုပ်ခဲ့မှာပါ"
အဲလက်ဇဒါးကတော့ ပြောစရာစကားမဲ့နေခဲ့တယ်။
"မဟုတ်ဘူး သူမ တကယ်ကို ဘာမှ မလုပ်ခဲ့ဘူး။ငါမှတ်မိတာသာ မှန်မယ်ဆိုရင် ငါတို့ သူမကို တွေ့တုန်းက သူမက မင်းသားကို စိုက်ကြည့်ရုံပဲ စိုက်ကြည့်ခဲ့တာ"ရိုမန်ဟည အဲာတုန်းက အဖြစ်အပျက်ကို ပြန်တွေးမိပြီး သူတို့ကို ပြန်ပြောလိုက်တယ်။
ဒါက သူတို့ကို ပိုပြီး ပဟေဠိဖြစ်သွားစေတယ်။အဖြေကို သိရလေလေ သူတို့ပိုပြီး ရှုပ်ထွေးလာလေလေပဲ။
"ဘယ်လိုဖြစ်နိုင်မှာလဲ"ဝီလီယမ်က စဉ်းစားးနေဟန်နဲ့ ရေရွတ်လိုက်တယ်။
"ဘာက ဘယ်လို ဖြစ်နိုင်မှာလဲ" သူတို့အားလုံးရဲ့ နောက်ကျောက အေးစက်တဲ့ အသံကြောင့် အားလုံးရဲ့ကိုယ်တွေဟာ တောင့်တင်းကုန်ကြတယ်။
"အ...အရှင်မင်းသား"ဝီလီယမ်ဟာ လန့်သွားပြီး သူ့နောက်မှာရှိနေတဲ့ စာရွက်တွေကိုင်ထားတဲ့ ကေဆီမီရာ ဘက်ကိုလှည့်လိုက်တယ်။
"ဘာ...ဘာများ ကိစ္စရှိလို့ပါလဲ"
"ဘာအကြောင်းတွေ ပြောနေကြတာလဲ"
"သူက အရှင်မင်းသားစိတ်ကို လှုပ်ခတ်အောင် သခင်မလေးအေဒီရာ ဘယ်လိုများ လုပ်လိုက်ပါလိမ့်လို့ သိချင်နေတာ အရှင်မင်းသား" အဲလက်ဟာ အပြစ်လွတ် ရှောင်ထွက်လိုက်ပြီး ဝီလီယမ်ကို လွှဲချရောင်စားလိုက်တယ်။
"မင်းမှာ အချိန်ပိုတွေ အများကြီးရှိနေတာပဲ"ကေဆီမီရာက ရိုးရိုးပဲပြောလိုက်ပြီး စာရွက်တွေကို ပေးလိုက်တယ်။အတိအကျဆိုရရင် ပိုများတဲ့ အလုပ်တွေပေါ့။
ဝီလီယမ်ဟာ သူ့ခေါင်းပေါ်မှာ အနက်ရောင်မျဉ်းတန်းပေါ်လာသလို ခံစားရပြီး အဲလက်ကို သစ္စာဖောက်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်တယ်။နောက်တော့ သူဟာ သူအလုပ်တွေလုပ်ဖို့ ကြံလိုက်တဲ့အချိန်မှာဘဲ ကေဆီမီရာက ထပ်ပြောလာခဲ့တယ်။
"ဒါပေမယ့် မင်းသိရမှ ဖြစ်မယ်ဆိုရင် သူမက ဘယ်လိုမှမလုပ်ခဲ့ဘူး"
ဒီလောက်တောင် ရိုရှင်းတယ်။သူ အနားကထွက်သွားတဲ့အချိန်မှာတော့ သူတို့ဟာ ရိုမန်ပြောတုန်ူကထက် ပိုပြီး ရှုပ်သွားလေတယ်။သူတို့ဟာ တိတ်ဆိတ်နေတဲ့အခန်းမှာ တံခါးခေါက်သံမကြားရသေးခင်အထိ ကိုယ်ပိုက်အတွေးထဲမှာ အသီးသီး နစ်မြုပ်နေခဲ့ကြတယ်။
အားလုံးက မော့ကြည့်လိုက်တဲ့အခါမှာတော့ မျှော်လင့်ထားတဲ့ မီးခိုးရောင်မျက်လုံးတွေမဟုတ်ဘဲ ရွှေဝါရောက်မျက်ဝန်းတွေကို တွေ့လိုက်ရတယ်။
"အမ်....တဆိတ်လောက်"အိုင်းရစ်ဟာ ချစ်စရာကောင်းစွာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြောလာခဲ့တယ်။
အားလုံးက သူတို့ရဲ့ခေါင်းထဲမှာ ???တွေအပြည့်ဖြစ်သွားတယ်။ဒီကျောင်းသူက ဘာကြောင့် ဒီကိုလာရတာလဲ။တိုင်တန်းစရာ ကိစ္စတခုရှိလို့လား ဒါမှမဟုတ် အရေးပေါ်အခြေအနေ တခုခု ဖြစ်နေလို့များလား။နောက်ပြီး ကြိုတင်ချိန်းဆိုထားတာ ဒါမှမဟုတ် အစည်းအဝေးကိစ္စတခုခုနဲ့မှမဟုတ်ရင် ကောင်စီအခန်းထဲကို ရောက်လာဖို့ရာ ဒီလောက်မလွယ်ကူဘူးလေ။
"ဟုတ်ကဲ?"တံခါးနဲ့ အနီးဆုံးမှာ ဖြစ်နေတဲ့ လီယွန်ကပဲ အပြုံးတခုနဲ့ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်တယ်။
"အမ် ကျွန်မ အရှင်မင်းသားနဲ့ ပြောစရာအနည်းငယ်ရှိနေလို့ပါ။အခုက အချိန်ကောင်းလာ မသိဘူး" သူမလေးက အချိုမြိန်ဆုံးအသံနဲ့ မေးလာခဲ့တယ်။
သူတို့ဟာ သူမလေးကို လှပကောင်းမွန် ချစ်စရာကောင်းတဲ့သူပဲဟု မှတ်ချက်ချလိုက်ရင်း သူမလေးလာရှာသူကို ကြည့်လိုက်ကြတယ်။ကေဆီမီရာက ခေါင်းငြိမ့်ပြလိုက်တဲ့အခါမှာတော့ သူမက တံခါးနောက်မှာ ရပ်နေရာကနေ အထဲကို ဝင်လာလိုက်ပြီး ကေဆီမီရာကို အရိုအသေပြုလိုက်တယ်။
"အရှင်မင်းသား ကျွန်မဒီကို ခွင့်လွတ်မှု တောင်းခံဖို့လာခဲ့တာပါ။ကျွန်တော်မျိုးမ အရှင်နဲ့ သခင်ငယ်လေးတို့ကြား ရန်ပွဲပြဿနာဖြစ်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။သခင်မလေူ ဆလယ်ဗားရစ်အနေနဲ့ ကျွန်မပြောတဲ့ စကားတွေကြောင့် နာကျင်သွားစေရဖို့လည်း မရည်ရွယ်ခဲ့ပါဘူး။အခု သခင်မလေးဆလယ်ဗားရစ် ပြောခဲ့တဲ့ စကားတွေကြောင့် ပတ်ဝန်းကျင်က ကျွန်တော်မျိုးကို အတင်းတွေပြောနေတာကြောင့် ကျွန်တော်မျိုးမအနေနဲ့ နာကျင်ရပါတယ်။ဒါပေမယ့်လည်း သခင်မလေးဆလယ်ဗားရစ်ကိုယ်တိုင်လည်း နာကျင်ခဲ့ရတာကြောင့် သူမကို ကျွန်တော်မျိုးမ အပြစ်မမြင်ပါဘူး။ကျွန်တော်မျိုးမအနေနဲ့ အရှင်တို့ သုံးယောက်ကြား ပြဿနာဖြစ်စေခဲ့မိတဲ့အတွက် ခွင့်လွတ်စေချင်ရုံပါပဲ အရှင်မင်းသား"
![](https://img.wattpad.com/cover/274392649-288-k235302.jpg)
YOU ARE READING
She become a passive villainess-not(trans)
Fiction HistoriqueOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။