Two needy animals
အေဒီရာဟာ ဒီခက်ခဲလှတဲ့ ကိစ္စရပ်ကြီးပြီးသွားချိန်မှာတော့ သက်ပြင်း ချလိုက်မိတော့သည်။သူမအနေနဲ့ ဒီနတ်ဆိုးကြီးကို ဖြောင်းဖြဖို့ရာ အချိန်အတော်ယူရမည်လို့ တွေးထားခဲ့မိတာဖြစ်သည်။ဒါပေမယ့် သူမဘာမှမလုပ်လိုက်ရပါဘဲ သူ့ရဲ့ပွေ့ဖက်မှုကြားမှာ နေလိုက်ရုံနဲ့တင် သူဟာ စိတ်ပြေသွားခဲ့သည်။
သူ့အမေရဲ့ ပေါင်ပေါ်မှာ ရောက်နေပြီဖြစ်တဲ့ ဟေဇယ်ဟာ သူ့အမေအပေါ်က လက်မောင်းတွေကို ကလော်ထုတ်လိုက်တယ်။ဒါပေမယ့် ထိုလူသားဟာ အရင်ကကဲ့သို့ ဖယ်ပေးမည့်ပုံမပေါ်တဲ့အပြင် သူနဲ့စနောက်ကစားပေးခြင်းလည်းမရှိဘူး။ဒါကြောင့် သူဟာ ငြိမ်ငြိမ်လေးပဲနေလိုက်ပြီး အေဒီရာ့လက်မောင်းတွေကြားကို တိုးခွေ့ဝင်နေလိုက်တယ်။
အဲ့အချိန်မှာ အေဒီရာဟာ သူမအနေနဲ့ ဂရုစိုက်မှုလိုအပ်နေတဲ့ တိရစ္ဆန်နှစ်ကောင်ကို မွေးထားရသလို ခံစားလိုက်ရတယ်။တစ်ကောင်ကတော့ အလွန်တွယ်ကပ်တတ်သော အနက်နဂါးနဲ့ တစ်ကောင်ကတော့ အလွန်ပွတ်သီးပွတ်သန်လုပ်တတ်တဲ့ ငွေရောင်ဝံပုလွေလိုမျိုးဖြစ်တယ်။နှစ်ယောက်စလုံးက သူမဆီက အာရုံစိုက်မှုကို ပြိုင်ဆိုင်တောင်းဆိုနေကြတယ်။
သူမဟာ သက်ပြင်းတချက်ချလိုက်ရင်း ကေဆီမီရာ့ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်တယ်။သူသက်သာရာရလိုရစေငြားပေါ့လေ။တကယ်တော့ သူမက ကေဆီမီရာအနေနဲ့ သူ့ကို ဒီလိုဖြစ်အောင် ဘာကဘယ်လိုဖြစ်သွားလဲဆိုတာ ပြောပြစေချင်မိတာဖြစ်သည်။ဒါပေမယ့် သူက ဘာမှပြောဖို့ စီစဉ်ထားပုံမရလေဘူး။ မပြောလဲ သူမက အဆင်ပြေပါတယ်။သူမက စိုးရိမ်မိရုံပါ။
ဒါပေမယ့် အခု သူမတို့က အရမ်းကိုတိတ်ဆိတ်လွန်းနေသည်။သူမက တိတ်ဆိတ်ခြင်းကို မနှစ်သက်လေဘူး။ဒါကြောင့်ပဲ အဆင်ပြေမည့် ပြောစရာတခုခုကို သူမဦးနှောက်လေးကို အလျင်အမြန်အလုပ်ပေးရှာလိုက်တယ်။
"အိုးးနောက်ဆုံးစာမေးပွဲက နောက်တစ်ပတ်နော်။ရှင့်အနေနဲ့ စိတ်မပူလောက်ပေမယ့် ကျွန်မကတော့ နည်းနည်းစိုးရိမ်မိနေတယ်"
"မင်းက ဘာကို စိုးရိမ်နေတာလဲ"
မင်းက မင်းတို့နှစ်ရဲ့ အတော်ဆုံးတွေထဲက တစ်ယောက်ပဲ။ဘာကို စိုးရိမ်ရတာလဲ။
"ကျွန်မက ထိပ်ဆုံးကိုမှန်းထားတာ။ဒါပေမယ့် သခ်ျာကို နည်းနည်းစိတ်ပူမိတယ်။ကျွန်မ သခ်ျာကို နားမလည်ဘူး"
ဒီတစ်ဘာသာလေးအတွက်နဲ့ မင်းက ထိပ်ဆုံးမရောက်မှာ စိတ်ပူတယ်ဆိုရင် အခုဒါကိုလုပ်ကြတာပေါ့။
"ရှင် ကျွန်မကို သင်ပေးမလားဟင်"
အေဒီရာဟာ ကိုယ်ကိုလူးလွန့်လိုက်ပြီး သူက ဖက်ထားတာကို ဖြေလျော့ပေးလိုက်ချိန်မှာ မျှောင်လင့်နေသောအကြည့်တွေနဲ့ မေးလိုက်တယ်။
ဒါက တကယ်လည်း အလုပ်ဖြစ်လေတယ်။
"ဟုတ်ပြီလေ"
ဒီလိုနဲ့ပဲ အေဒီရာရဲ့ညခင်းအချိန်တွေကိုပါ လက်ဝါးကြီးအုပ်ကာ စိတ်ပျော်ရွှင်မှုရသွားတဲ့ ကေဆီမီရာကြောင့် သခ်ျာသင်ကြားမှုကာ ညတိုင်းမှာ စတင်ခဲ့တော့တယ်။
![](https://img.wattpad.com/cover/274392649-288-k235302.jpg)
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။