"သခင်မလေးက သိပ်လှတာပဲ။"
"သခင်မလေးက အင်ပါယာတစ်ခုလုံးမှာ အလှဆုံးပဲ"
"သေချာတာပေါ့ သူမရဲ့ အလှကို ဘယ်သူမှမယှဉ်နိုင်ဘူး"
"သခင်မလေးက လှလှပပနဲ့ နူးနူးညံ့ညံ့လေး ကြီးပြင်းလာတာပဲ"
လီဖာနဲ့ အစေခံတွေဟာ ကလေးငယ်လေး မဟုတ်တော့တဲ့ သူတို့သခင်မလေးကို ကြည့်ပြီး မိခင်တွေလိုမျိုး ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ ပြောနေကြတယ်။
သခင်မငယ်လေး ပျောက်ဆုံးမှုကြောင့် ဆလယ်ဗားရစ် အိမ်တောဝန်းတခုလုံးဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ခြင်းမှ ဆယ်နှစ်ရှိခဲ့လေပြီ။ထရီတန်ဟာ အေရီနာကို စေ့စပ်ကြောင်းလမ်းဖို့လာခဲ့ပြီး သခင်မလေးကိုယ်တိုင်ငြင်းခဲ့သည်မှာလည်း ဆယ်နှစ်ရှိခဲ့ပြီ။နောက်ပြီး သူမ ဖခင်ဟာ သူမကို တခြားသူတယောက်နဲ့ စေ့စပ်ဖိုပ လက်ခံခဲ့သည်မှာလည်း ဆယ်နှစ်ရှိပြီဖြစ်သည်။
စောစောစီးစီး အသက်ငယ်ငယ်နဲ့ စေ့စပ်ရခြင်းအတွက် အေရီနာဟာ ဂရုမမူပေဘူး။ဒီလို ကိစ္စတွေဟာ တော်ဝင်မိသားစုတွေမှာ ထုံစံပဲ မဟုတ်ပါလား။ထရီတန်မဟုတ်သရွေ့ သူမအနေဖြင့် အဆင်ပြေပါသည်။သို့သော် သူမ မထင်ထားခဲ့မိသည်က သူမနှင့် စေ့စပ်ရမည့်သူသည် အင်ပါယာ၏ ပထမ မင်းသားဖြစ်နေမည်ဟုပင်။သူမ သူ့ကို တခါမှတောင် မတွေ့ဖူးပါချေ။
ဘယ်လောက်တောင် လှို့ဝက်ဆန်းကြယ်လိုက်သော သတို့သားလောင်းပါလဲ။
မြို့စားမင်း ဆလယ်ဗားရစ်ဟာလည်း ထိုအချိန်တုန်းက လန့်သွားခဲ့ရတာပါပဲ။သူကိုယ်တိုင်ကလည်း နန်းတော်က ထိုသို့ ကမ်းလှမ်းလာမည်ဟု မထင်ခဲ့မိပေ။သူဟာ အေဒီယာကို တွန်းအားမပေးချင်ပေ။ဒါပေမယ့် သူ၏ သမီးကိုယ်တိုင်ကလည်း ဒလယ်ဗားရစ်တုန်းကကဲ့သို့ မလိုလားချက်းမျိုး ရှိမနေပါချေ။
"မင်းကြီး.."
"Psh..အဲ့လို မပြောစမ်းပါနဲ့။မင်း ပြောနေကြပုံစံအတိုင်းပဲ ပြောပါ"ဘုရင်ကြီးဟာ တခြာသူတွေကို ထွက်သွားဖို့ရာ အမူအရာပြလိုက်ရင်း သူ့အချစ်ဆုံးသူငယ်ချင်းဘက်ကို လှည့်ပြောလိုက်တယ်။
"Mmm..အမ်နာစတေးဆီးယပ်စ် မင်းဒီကမ်းလှမ်းမှုအတွက်သေချာပြီလား။ငါဆိုလိုချင်တာက ငါရဲ့ချစ်သမီးလေးက အကောင်းဆုံးရွေးချယ်မှုဆိုတာတော့ မှန်ပါတယ်။မင်း သူ့ကို လက်လွတ်မခံနိုင်ဘူးလဲဆိုတာလည်း ငါသိတယ်။ဟက် ငါ့သမီးက မင်းတွေ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံးဖြစ်..........."
"ဟုတ်ပါပြီ...ဟုတ်ပါပြီ။မင်းသမီးကို ဘယ်လောက်မြတ်နိုးကြောင်း ကြွားမနေစမ်းပါနဲ့တော့။မင်း ဘယ်လိုလုပ် ငါ့ဒဏ်ရာကို ဆားဖြူးရက်ရတာလဲ။မင်းမှာ ချစ်စရာ သမီးလေး ရှိတယ်ဆိုပြီးတော့လေ။မင်းရဲ့ ပြဿနာက ဘာလဲဆိုတာသာ ပြောစမ်းပါ။"
"ကောင်းပြီ။ ငါ အေဒီရာကို နန်းတော်တွင်းက အာဏာအရှုပ်အထွေးကြားမှာ မရှိနေစေချင်ဘူး။သူမက မင်းတို့ရဲ့ ရှုပ်ထွေးလှတဲ့ သွေးရောင်းလွှမ်းကမ္ဘာမှာ မရှိနေသင့်ဘူး။"
မြို့စားမင်းဟာ သူ့သမီးကို အဏာအရှုပ်အထွေးတွေနဲ့ ဝေးရာမှာသာ သိမ်းဆည်းထားလိုသည်။
"ဘယ်လိုပဲနေနေ...မင်းရဲ့သမီးကတော့ အကောင်းဆုံးရွေးချယ်မှု ဖြစ်နေဆဲမဟုတ်လား"ဘုရင်ကြီးက ကိုယ်တိုင်က ဉာဏ်ကောင်းသော်လည်း သူ့ချစ်စရာ သမီးနဲ့ပတ်သတ်လာရင် အရာရာကို မေ့သွားတတ်တဲ့ တုံးအလိုက်တဲ့ ဖခင်ကြီးကို ထောင်ချောက်ဆင်ပြီး ညစ်ကျယ်ကျယ်အပြုံးနဲ့ မေးလိုက်တယ်။
ဂုဏ်ယူနေရတဲ့ ဖခင်တယောက်လိုမျိုး မြို့စားကြီးဟာ ချက်ခြင်းပဲ တန်းဖြေလာတယ်။
"သေချာတာပေါ့။ဘယ်သူကမှ ငါ့သမီးလေး အေဒီရာထက် မကောင်းနိုင်ဘူး။သူမက အကောင်းဆုံးတွေထဲက အကောင်းဆုံးပဲ"
"ကဲ မင်းတွေ့ပြီမလား။"သူ့ရဲ့ထောင်ချောက်ထဲမှာ ကျလာတဲ့ တုံးအလှတဲ့လူကြီးကို ကြည့်ပြီးပြုံးလိုက်တယ်။"မင်းမှာ ရွေးချယ်စရာ မရှိဘူး။ဒီကမ်းလှမ်းချက်ကို မင်းလက်ခံရလိမ့်မယ်။ငါကိုယ်တိုင်ကလည်း အေဒီရာကို သမီးတယောက်လို သဘောကျတယ်။ဒါမကောင်းဘူးလား။ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်ဆိုသလိုပေါ့။မင်းက နန်းတော်နဲ့ ဆွေမျိုးတော်လာပြီး အဆင့်မြင့်ဆုံး မိသားစုဖြစ်သွားမယ်။ငါလည်း လှပတဲ့ ချွေးမတယောက်ကို ရမယ်။ဘယ်လောက်တောင် ပြည့်စုံလိုက်လဲ"
"ကောင်စုတ် မင်းက ငါ့အေဒီရာလေးကို လုယူချင်နေတာပဲ"ဆေဖလ်ဟာ မှားယွင်းသလို ခံစားလိုပ်ရပြီး ဘုရင်ကြီးကို ပြောလိုက်တယ်။နောက်တော့ သူတို့ဟာ ဆယ်ကျော်သက်တုန်းကလိုမျိုး ငြင်းခုန်ကြပြန်တယ်။
အဲ့လိုနဲ့ပဲ အေဒီရာဟာ သူမ တခါမှမတွေ့ဖူးသူနဲ့ စေ့စပ်ရန် ဖြစ်လာခဲ့တာပါပဲ။ဒါပေမယ့် သူမနဲ့မတော်တဆ သူငယမချင်းဖြစ်လာခဲ့တဲ့ ကေဆီ ဆီကနေတော့ သူ့အကြောင်းတွေကို သိရသည်။
ကေဆီကတော့ မင်းသားဟာ ဉာဏ်ထက်မြက်ပြီး အရာရာကို စီမံခန့်ခွဲနိုင်သည်ဟုဆိုသည်။ထရီတန်ကတော့ မင်းသားလေးဟာ လူရှုပ်တစ်ယောက်ဟု ဆိုပေမယ့်ပေါ့။
ဟမ် ထရီတန်ဟာ ဘာကြောင့် အလည်လာနေပါလိမ့်။သူမ စေ့စပ်ခြင်းကို ငြင်းပယ်ခဲ့ပြီးပြီမဟုတ်လား။
သူမဟာ အခမ်းအနားပွဲကျင်းပတဲ့ ခန်းမကိုသွားဖို့ရာ ရထာလုံးဆီကနေ လျှောက်လာရင်း လှေကားမှာ တွေးနေမိတယ်။
ဒီနေ့ညသည် အသက် ဆယ့်ခြောက်နှစ်ပြည့်ပြီဖြစ်သော တော်ဝင်မိန်းကလေးများ သက်ပြည့်အခမ်းအနားပွဲကျင်းပမည့်နေ့ ဖြစ်သည်။အေဒီရာဟာလည်း သူတို့ထဲမှတယောက်ဖြစ်သည်။နောက်ပြီး စေ့စပ်ပြီးသော မိန်းမငယ်တိုင်းဟာ သူ့တို့၏တွဲဖက်နဲ့သာ တက်ရောက်ကြမည်ဖြစ်သည်။
ဒါပေမယ့် ခုချိန်ထိ သူမသတို့သားကို သူမ မတွေ့ရသေးချေ။
သူမက အများကြီးတွေးမနေဘူး။သူမဟာ သူမမွေးစားအကိုကို သူမပါတနာအဖြစ် လုပ်ပေးဖို့ ပူဆာလိုက်ရုံပဲလေ။
ဒီအကိုဖြစ်တဲ့ ရေမီရာ ဒရီရာဖာ အေရာ ဆလယ်ဗားရစ်ကို သူမအဖေက သူမ မင်းသားလေးနဲ့စေ့စပ်ရမည်ဆိုတာသိသိချင်း မွေးစားဖို့ဆုံးဖြတ်လိုက်တာ ဖြစ်သည်။သူကဆိုတယ်"ငါ့ရဲ့ ချစ်စရာသမီးလေး အေဒီရာကို ကောင်စုတ်လေးရဲ့သားက ယူသွားတော့မယ်ဆိုတော့ မြို့စားနေရာအတွက် တစုံတယောက်လိုအပ်လာပြီ။"
ပြီးတော့ ရိုသားစွာပဲ သူမအနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငြင်းဆိုစရာ မရှိပေ။သူမ အကိုအသစ်ကို သူမက နှစ်သက်တယ်။သူက တည်ငြိမ်ပြီးချိုမြိန်တယ်။ပြီးတော့ သူက ကြင်နာတတ်တယ်။သူက လုံးဝပြီးပြည့်စုံတဲ့ အကိုတယောက်ပဲ။
သူမကိုယ်သူမ ထိခိုက်စေမိတဲ့အခါ ဆူပူလွန်းတတ်တာက လွဲရင်ပေါ့။ဥပမာဆိုရင် သူမမြင်းပေါ်က ပြုတ်ကျတဲ့အခါတို့ လှေစီးသွားရင်း လှေပေါ်က ပြုတ်ကျတဲ့အခါတို့ အော် သူမ ဗိုက်နာလို့ ငိုနေတဲ့အခါမျိုးတွေမှာပေါ့။တခြားစကားလုံးသုံးရမယ်ဆိုရင်သူက သူမအဖေနဲ့တပုံစံတည်းပဲ။အလွန် ကာကွယ်တတ်လွန်းသည်။
"အတွေးလွန်မနေနဲ့ အေဒီရာ လှေကားပေါ်က ပြုတ်ကျလိမ့်မယ်။"သူ့ရဲ့အသံမာမာကြောင့် သူမနောက်ကျောဟာ တောင့်တင်းသွားတယ်။
"အကို....အကိုကြီး ကောင်းသောညနေခင်းပါ။"သူမက အနည်းငယ်လန့်သွားတဲ့ပုံစံနဲ့ သူ့ဘက်ကို လှည့်ပြီးနှုတ်ဆက်လိုက်တယ်။သူမက သူ့ရဲ့စည်းကမ်းတင်းကျပ်တဲ့ပုံစံမျိုးကိုမခံနိုင်ဘူး။အဲ့လို အမူအရာမျိုးကိုတွေ့တိုင်း သူမ ငိုချင်လာတယ်။
သူမရဲ့ ထိုပုံစံလေးကို မြင်လိုက်ရတဲ့အခါ သူဟာ သက်ပြင်းချမိတယ်။သဟာ သူမ သူ့ကိုတွေ့တိုင်း အဲ့လိုအမူအရာမျိုး ဖြစ်မနေစေချင်ဘူး။ဒါပေမယ့် သူမအတွက် စိုးရိမ်းစိတ် ကြီးတတ်တာကိုလည်း မထိန်းထားနိုင်ပေ။
သူဟာ သူ့လက်နဲ့ သူမခေါင်းကို ပုတ်ပေးရင်း ချော့ပြောလာတယ်။"အကို တောင်းပန်ပါတယ်။အကိုက ညီမလေးကို လှေကားပေါ်ကပြုတ်ကျပြီး တခုခုဖြစ်သွားမှာစိုးလို့ပါ။အကို မင်းကို ကူညီပေးမယ်လေ"သူဟာ သူ့လက်ကို ကမ်းပေးလာတယ်။
သူမဟာ သူမအကိုရဲ့နူးညံ့မှုမှာ ပျော်ရွှင်သွားပြီး ချွဲနွဲ့တတ်သော ကလေးငယ်လေးလို သူ့လက်မောင်းကိုချိတ်လိုက်တယ်။ပြီးတော့ သူမအကိုကို ကျေနပ်စွာပြုံးပြလိုက်တယ်။သူ့ကို ချွဲနွဲ့လာတဲ့ ညီမငယ်လေးကြောင့် သူဟာ သက်ပြင်းချပြီး ပြုံးပြရုံသာတတ်နိုင်တော့တယ်။
အာ ဘာလို့ သူမက ဟိုလူရှုပ်လေးနဲ့ စေ့စပ်ခံရတာလဲ။
သူဟာ အေဒီကို လှေကားပေါ်မှာ မချော်ဖို့ရာ ကူညီပေးရင်းနဲ့ စိတ်တိုစွာ တွေးလိုက်မိတယ်။
"ဒါနဲ့ ဟို လူ......ငါဆိုလိုတာက ပထမမင်းသားက ဘယ်မှာလဲ။မင်းကို အဖော်ပြုပေးရမှာ မဟုတ်ဘူးလား"
"ညီမလေးလည်း မသိဘူး။ညီမလေး သူနဲ့ တခါမှမတွေ့ဖူးမှန်း အကိုလည်း သိရဲ့သားနဲ့။ဒီတကြိမ်လည်း သူနဲ့တွေ့ရမယ်မထင်ဘူး။အဲ့လိုဖြစ်လာရင် အကို ညီမလေးလေးကို အဖော်ပြုပေးနိုင်မလားဟင် "သူမဟာ သူ့ကို ကူ့ညီပေးဖို့ရာ ချွဲနွဲ့တောင်းဆိုလိုက်တယ်။သူမဟာ သူမအကိုဟာ ဒီလိုချွဲမှုမျိုးမှာ အားနည်းတတ်ကြောင်း သေချာသိသည်လေ။
ရေမီရာက တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလာတယ်"သေချာတာပေါ့"ဒါက သူ့အတွက် ပျော်ရွှင်မှုပါပဲ။
ဒါပေမယ့် ညီမလေးက သူနဲ့တခါမှမတွေ့ဖူးဘူး။ဒါဆို သူမနဲ့ စကားပြောနေတတ်တဲ့ ငွေဖြူရောင်ဆံပင်နဲ့ကောင်လေးက ဘယ်သူလဲ။သူက အဲ့လူရှုပ်လေး မဟုတ်ဘူးလား။သူ့ရဲ့ စိတ်ရှုပ်ထွေးမှုဟာ အေဒီရာရဲ့ ပျော်ရွှင်စွာ အော်လိုက်မှုကြောင့် ပျောက်ကွယ်သွားသည်။
အခုတော့ သူမက တွဲဖက်မပါဘဲ ပွဲတတ်၍ အရှက်ရတော့မည် မဟုတ်ပေ။သူမအကို တယောက်လုံး ရှိနေပြီမဟုတ်ပါလား။တော်ဝင်မိသားစုမှ မွေးလာသည်မဟုတ်တာက လွဲ၍ သူမအကိုသည် တခြားသော တော်ဝင်သခင်လေးများအောက် မနိမ့်ပေ။သူရဲ့ ချောမောခန့်ညားလှတဲ့ မျက်နှာကြောင့် သူဟာ လူသိများသည်။သူ၏ သက်ပြည့် အခမ်းအနားပွဲတုန်းက ဆိုလျှင် သူ့အား စိတ်ဝင်စားမှုများ မြင့်တက်ခဲ့သည်။မွေးစားသားဆိုသည့် အကြောင်းအရာက သူ့အပေါ် မိန်းမငယ်လေးများ၏ စိတ်ဝင်စားမှုကို လျော့ကျမသွားစေနိုင်ပေ။နေ့စဉ်တိုင်းမှာ ဆလယ်ဗားရစ်အိမ်တော်တွင် စေ့စပ်ကြောင်းလမ်းစာများရရှိလေသည်။သူက တခြားသော တော်ဝင်သခင်လေးတွေ မင်းသားတွေနဲ့အတူ အင်ပါယာ တခုလုံးမှာ အလိုချင်ဆုံး စာရင်းဝင်လူပျိုတယောက်ဖြစ်သည်။
"အမ် အကိုနဲ့ မင်းသားက အသက်တူတူပဲမို့လား"အေဒီရာက ရုတ်တရက်မေးလိုက်တယ်။
"အင်း ဘာလို့လဲ"
"ဒါဆို သူ့ကို မြင်ဖူးမှာဘဲ။သူက ဘယ်လိုပုံစံရှိလဲဟင်။သူက ရုပ်ဆိုးပန်းဆိုးကြီးလား။သူ့ပါးစပ်ကလည်းနံတယ်လို့
ထရီတန်က ပြောတယ်"
တရီတန်?သူမ ငြင်းလိုက်တဲ့ကောင်မဟုတ်လား။ထပ်လာနေသေးတာလား။
"သူက အဲ့လိုပြောတယ်?"
"ဟုတ်တယ်။ဒါပေမယ့် ကေဆီကတော့ မင်းသားလေးက ချောမောခန့်ညားပြီး ဉာဏ်ထက်မြက်တယ်တဲ့။သူနဲ့ စေ့စပ်ခွင့်ရတာ ညီမလေး ကံကောင်းတယ်တဲ့"
ကေဆီ?သူကရော ဘယ်သူလဲ။ဟို ဘိုးကြီးအိုတွေလို ဆံပင်အဖြူရောင်တွေ ရှိတဲ့ ကောင်လား။
"ဘာဘဲဖြစ်ဖြစ် ညီမလေးကတော့ သူတို့ပြောတာကို မယုံပါဘူး။ညီမလေးက ကိုကြီးပြောတာကိုပဲ ယုံမှာ။"သူမလေးစကားကြောင့် သူဟာ သူမလေးရဲ့ အယုံကြည်ရဆုံး အရင်းနီးဆုံးလို ခံစားလိုက်ရတယ်။
"အားယား သူက လူရှုပ်လေးတယောက်ပါပဲ"သူက ညစ်ကျယ်ကျယ်ပြုံးရင်း ဖြေလိုက်တယ်။
"အဲ့ လူရှုပ်လေးအကြောင်းပြောတာ ရပ်လိုက်ရအောင်။အကို မင်းကို ချော်မကျအောင် ကူညီပေးမယ်။ဂရုတစိုက် သွားကြရအောင်။"သူက ချိုသာစွာ ဆိုလာတယ်။
"ချစ်အကိုကြီးက အကောင်းဆုံးပဲ"
လှေကားတ၀က်လောက် ရောက်တဲ့ခါမှာတော့ လေတိုက်ခတ်မှုကြောင့် သူမဆံပင်တွေဟာ အနည်းငယ် ရှုပ်ထွေး သွားတယ်။သူမမျက်စိရှေ့မှာ ရှုပ်နေတဲ့ ဆံပင်တွေကို ရှင်းရင်း ကိုယ်ကို အနည်းငယ် စောင်းလိုက်တဲ့ အခါမှာတော့ သူမက ရထာလုံး တခုကို တွေ့လိုက်ရတယ်။
သူမဟာ ရထာလုံးပေါ်က လူကို မြင်လိုက်ရတဲ့ခါမှာတော့ သူမနှလုံးခုန်နှုန်းဟာ မြန်သွားပြီး တချက်တောင့်တင်းသွားတယ်။
ထိုသူမဟာ အမတ်ငယ်တယောက်ရဲ့ မွေးစားခြင်းခံရပြီး သူမနဲ့ အသက်တူတူပဲဆိုတာကို မေ့ထားခဲ့မိတာပဲ။
သူမဟာ သူမကိုယ်တိုင်တောင် မသိလိုက်ဘဲ သူမအကိုရဲ့ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မိလိုက်တယ်။သူမအကိုကလည်း သူမရဲ့ အပြုအမူကြောင့် သူမလေးကြည့်နေရာဆီ ကြည့်လိုက်တဲ့အခါမှာတော့ ပန်းနုရောင်ဆံနွယ်တွေရှိတဲ့ သခင်မလေးတယောက်ဟာ သူမမွေးစားဖခင်နဲ့ အတူ ဆင်းလာတာကိုတွေ့လိုက်ရတယ်။
ထိုသူမလေးကို အေဒီရာတို့ကို ကြည့်ပြီး ကြင်နာစွာ ပြုံးပြလာတယ်။
အိုးး သူမရောက်လာပြီပဲ။
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။