Happy wife Happy life
အေဒီရာ မုန့်တွေအကုန်လုံး စားနေတာကို ကေဆီမီရာဟာ ချစ်ခင်မြတ်နိုးမှုအပေါင်းတို့ဖြင့်ကြည့်ရှုပြီးချိန်မှာတော့ သူတို့ဟာ နန်းတော်ကိုပြန်လာခဲ့ကြတယ်။
သူက သူတို့အခုသွားတွေ့မည့်သူဟာ သူမအပေါ် အန္တရယ်ပေးလာနိုင်ကြောင်း သတိပေးလိုက်တဲ့အခါမှာ သူမက ခေါင်းငြိမ့်ပြခဲ့တယ်။
အိုင်းရစ်ရဲ့တဖက်သတ်ဆန်တဲ့ တိုက်ခိုက်မှုတွေနဲ့စာရင် တခြားရန်သူက အများကြီး ခြားနားမသွားနိုင်ပါဘူးလေ။
"ရှင်က ကျွန်မနဲ့အတူရှိနေပေးမှာဘဲဟာ။ဒါဆို ကျွန်မဘာကိုမှ မကြောက်ပါဘူး။ဘယ်သူကများ ရှင်နဲ့ကျွန်မအပေါ် စိန်ခေါ်ရဲရတာလဲလို့ ကျွန်မတကယ်ပဲ သိချင်မိတယ်"
ကေဆီမီရာဟာ သူမရဲ့ ချယ်ရီရောင်နှုတ်ခမ်းပါးလေးကို ထိတွေ့လိုစိတ် တဖွားဖွားဖြစ်ပေါ်လာပေမယ့် ထိန်းချုပ်ထားလိုက်ရတယ်။အရာရာတိုင်းမှာ အချိန်မှန်နေရာမှန်ဆိုတာရှိပြီးသားမို့လား။ပြီးတော့ ဒီလိုလုပ်တာက စည်းမျဉ်းတွေနဲ့ ဆန်ကျင်နေသည်။
ပြီးတော့ အရေးကြီးဆုံးအနေနဲ့က သူအနေနဲ့ သူက အေဒီရာ့ရဲ့နှလုံးသားထဲ ဘယ်နေရာမှာရှိတယ်ဆိုတာ သူမသိဘူး။
သူတို့ စေ့စပ်ခဲ့ကြတယ်။ဒါပေမယ့် ဒါက သူလိုချင်ခဲ့လို့လေ။သူတို့ပိုရင်းနီးခဲ့ကြတယ်။သူ ဟေဇယ့်အဖေဖြစ်ခဲ့တယ်။ဒါကလည်း သူလိုချင်ခဲ့လို့ပဲ။သူမဘဝရဲ့ နေ့ရက်တိုင်း အစိတ်အပိုင်းတိုင်းမှာ သူပါဝင်ခဲ့တယ်။ဒါကလည်း သူအလိုရှိခဲ့လို့ပဲ။
ဒါပေမယ့် အေဒီရာက ဘာအလိုရှိခဲ့လဲ။
အချိန်တိုင်းမှာ သူကပဲ သူ့နည်းလမ်းတွေနဲ့ သုံးခဲ့ရတာ။သူမ သဝန်တိုတာကိုမြင်ရဖို့ သခင်မလေးလက်တီဖိုလီရာ လိုသလို ရင်းနီးဟန်နေခဲ့တာ။
ဒါပေမယ့် ဒါက အေဒီရာရဲ့စိတ်အမှန်ဘဲလား။သူကပဲ သူ့ကိုယ်သူ အရူးလုပ်မိနေတာလား။ဘာလို့လဲဆိုတော့ အေဒီရာက သူမကို အစကတည်းက သဘောကျဟန်မှ မပြခဲ့တာ။
ထိုသူမက သူ့ကိုကပ်လာလို့ သူမလေး စိတ်တိုတာလား။ဒါမှမဟုတ် ထိုသူမလေးကိုပဲ စိတ်တိုနေတာလား။
အေဒီရာနဲ့ပတ်သတ်တဲ့ကိစ္စတိုင်းရဲ့ ရလဒ်တွေမှာ သူယုံကြည်ချက်မရှိရဲဘူး။သူ့အနေနဲ့ ဒီလှပထက်မြက်လှတဲ့ နတ်ဘုရားမရဲ့စိတ်ကို မဖတ်နိုင်သလို နားမလည်ဘူး။
သူမက သူ့ရဲ့ကြိုတင်စီမံကိန်းတွေနဲ့လုပ်ရပ်တွေမှာ မသေချာမရေရာတွေဖြစ်နေခဲ့တယ်။သူမလေးက သူ့ရဲ့ ပျင်းစရာကောင်းတဲ့ကမ္ဘာမှာ ပုံမှန်မဟုတ်တဲ့ အလင်းလုံးလေးလိုပဲ။
"အေဒီရာ___"
"အိုးးးအရှင်မင်းသား ၊သခင်မလေးအေဒီရာ အရှင်တို့အတူရှိနေပြန်တာပဲ။အရှင်သိလား တခါတလေ ကျွန်တော်မျိုး အရှင်မင်းသားဟာ အရင်ဘဝက နောက်ယောင်ခံလိုက်တဲ့သူများဖြစ်ခဲ့တာလားလို့ သိချင်မိတယ်။"
သူ့ရဲ့စကားဟာ ရုတ်တရက်နှုတ်ဆက်လာတဲ့ ဝိလီယမ်ကြောင့် ရပ်တန့်သွားခဲ့ရတယ်။
သူက မင်းသားတစ်ပါးဖြစ်နေသေးတယ်နော် ဝီလီယမ်။
ပုံမှန်လိုပါပဲ ကေဆီမီရာရဲ့ ရောင်ဝါဟာ ရုတ်ချည်းအေးစက်သွားတယ်။
ဝီလီယမ်ဟာ သူ့အနေနဲ့ သူ့အတွေးကိုထုတ်ပြော စနောက်လိုက်ပေမယ့် ရယ်ခြင်း ပြုံးခြင်းဆိုတဲ့တုံ့ပြန်မှုမျိုးရှိမလာပါဘဲ သူရရှိလိုက်တာက အေးစက်စက်အကြည့်တခုသာ ဖြစ်နေခဲ့တယ်။
အေဒီရာဟာ ဝိလီယမ်ဘက်ကို လှည့်လိုက်ပြီး အရိုအသေပြုကာ နှုတ်ဆက်လိုက်တယ်။
"ကောင်းသောနေ့လေးပါ သခင်လေး ဘလက်ဝုစ်"
"အသင်တို့နှစ်ယောက် ဘယ်သွားကြမလိုပါလိမ့်"
သူက မေးလာခဲ့တယ်။
"အမ်....ကျွန်မတို့ တစ်စုံတယောက်ကိုစစ်မေးစရာရှိလို့ပါ"
အေဒီရာဟာ ကေဆီမီရာရဲ့အမူအရာကို အကဲခတ်လိုက်ပြီး အမှန်အတိုင်းပဲ ဖြေလိုက်တယ်။ဒီလူဟာ ကေဆီမီရာရဲ့လူဖြစ်ပြီး သူကမှ သူ့ကိုယုံကြည်တယ်ဆိုလျင်သူမအနေနဲ့ မယုံကြည်နိုင်စရာ အကြောင်းမရှိပေ။
"အသင် ဘာပြောစရာရှိလို့ပါလဲ"
"ဘာမှ မရှိပါဘူး။ကျွန်တော်က အသင်တို့နှစ်ယောက်ကို တွေ့လို့ လာနှုတ်ဆက်တာပါ"
"ထွက်သွားတော့"
ကေဆီမီရာက အေးစက်စွာပြောလိုက်ပြီး အရေထူလှတဲ့ ငတုံးကောင်ကို စိုက်ကြည့်လိုက်တယ်။
"ဘာလို့လဲ။ကျွန်တော်မျိုးက အရှင်တို့စစ်မေးတာအတွက် အကူအညီပေးနိုင်ပါတယ်။ကျွန်တော်မျိုးက စစ်မေးနည်းတွေ အများကြီးကို သိတယ်။ဒီနယ်ပယ်မှာဆို ကျွန်တော်မျိုးက ဆရာတဆူပဲဟာ အရှင်တို့ ကျွန်တော့်ကိုသာ သုံးမယ်ဆိုရင် သိချင်တဲ့အချက်အလက်တွေကို တစ်မိနစ်အတွင်း ရအောင်လုပ်နိုင်ပါတယ်"
ဝီလီယမ်ဟာ အေဒီရာကို ဦးတည်ပြီး သူ့ဂုဏ်ပုဒ်တွေကို ကြွားဝါပြောဆိုလိုက်တယ်။
တုံးအ မပါးနပ်စွာဘဲ သူက ဒီလိုပြောရင် သူမလက်ခံလိမ့်မယ်လို့ တွေးလိုက်တယ်။
"အခုလို ပြောတဲ့အတွက်ကျေးဇူးတင်ပါတယ် သခင်လေး ဘလက်ဝုစ်။"
အေဒီရာက ဝိလီယမ်ကို ပြောလိုက်ပြီး ကောင်လေးနှစ်ယောက်ကို ပြုံးပြလိုက်တဲ့အခါမှာတော့ နှစ်ယောက်စလုံးက သူမလက်ခံလိုက်တယ်ဟု ယူဆလိုက်ကြတယ်။တစ်ယောက်ကတော့ ဆူပုတ်သွားခဲ့ပြီး တစ်ယောက်ကတော့ စိတ်လှုပ်ရှားသွားခဲ့တယ်။
"ဒါပေမယ် ကျွန်မတို့သုံးယောက်လုံးပူးသွားပြီး အဲ့လူကို သံသယဖြစ်စေပြီး သတိပေးသလိုဖြစ်သွားမှာစိုးရိမ်မိတယ်။ကျွန်မနဲ့အရှင်မင်းသား နှစ်ယောက်တည်းနဲ့အဆင်ပြေပါတယ်။နောက်ပြီး ကျွန်မတို့နှစ်ယောက်က အမြဲတမ်းတပူးတွဲတွဲဖြစ်နေတတ်တာ အားလုံးလည်းသိပြီးသားဆိုတော့ ကျွန်မတို့နှစ်ယောက်ပဲသွားရင် သံသယမရှိတော့ဘူးလေ"
ကေဆီမီရာဟာ အေဒီရာကြောင့် ဝိလီယမ်အကြံကို ငြင်းဆန်လိုက်တဲ့စကားကြောင့် ပြုံးပျော်သွားပြီး သူ့ဘေးက အရောင်အဝါတွေကလည်း နွေးထွေးသွားခဲ့တယ်။ဝီလီယမ်ကတော့ အလိုလိုက်ခံရတဲ့ ကလေးတယောက်လို ဆူပုပ်သွားတယ်။သူက ပျော်ရွှင်စရာရှာဖွေချင်ရုံလေးပါ။သူက သူတတ်နိုင်သလောက် သူ့အရှင်တို့အတွက် နှိပ်စက်___အဲလေ ကူညီပေးချင်ရုံပါ။
ဒါပေမယ့် တကယ်တော့ သူ့မှာ မင်းသားနဲ့မင်းသားရဲ့ညာလက်လက်ရုံးကို ပယ်လိုက်ရင် သူ့အစွမ်းအင်းအားကိုမှီတဲ့သူမရှိတော့ ပျင်းပြီး သူစမ်းသပ်ဖို့တစုံတစ်ယောက်ကို လိုချင်နေခဲ့တာ။
အိုးးးးဟိုကျောက်တုံးလိုငတုံးကောင်ရှိသေးတာပဲ။ဒါပေမယ့် သူနဲ့ငါနဲ့က အမြဲသရေပဲကျနေတာဆိုတော့ ပျော်ဖို့မကောင်းဘူး။
"ဒါဆို ကျွန်မတို့သွားလိုက်ပါဦးမယ် သခင်လေး ဘလက်ဝုစ်"
အေဒီရာက အရိုအသေပေးပြောလိုက်ပြီး သူမလက်ကို ကေဆီမီရာ့လက်မောင်းမှာ ချိတ်လိုက်ကာ သွားဖို့လုပ်လိုက်တယ်။
"အိုးးးးသခင်မလေးအေဒီရာ"
ဝီလီယမ်က ခေါ်လိုက်တာကြောင့် အေဒီရာဟာ အမေးမျက်ဝန်းတို့နဲ့ကြည့်လိုက်တယ်။
"အခုကစပြီး ဝီလီယမ်လို့ပဲ ခေါ်ပါလား"
သူက အပြုံးတပွင့်နဲ့အတူ မျက်စိတဖက်မှိတ်ပြရင်းက ပြောလာခဲ့တယ်။
ကေဆီမီရာကတော့ ဒီကောင်ရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်စိတ် မနည်းထိန်းထားရလေတယ်။
"ဒါဆို အသင်လည်း အေဒီရာလို့ပဲခေါ်နိုင်ပါတယ် ဝီလီယမ်"
အေဒီရာဟာ ဝီလီယမ်ရဲ့ရွှတ်နောက်နောက်ပြောဆိုလာမှုအပေါ်မှာ ရယ်လိုက်ပြီး သူမအကြည့်တွေကို လှို့ဝှက်ဆန်းကျယ်ကာ တည်ကြည်လေးနက်ပြီး ဆွဲဆောင်မှုရှိတဲ့အကြည့်မျိုးနဲ့ကြည့်ပြီး သူ့ကို ပြန်ပြောလိုက်တယ်။
အေဒီရာရဲ့လှပပြီး ဆန်းကျယ်လွန်းတဲ့အကြည့်တွေကြောင့် ဝီလီယမ်ဟာ ရှက်သွေးဖြာသွားခဲ့တယ်။သူအခုတော့ သူ့ရဲ့မင်းသားဟာ မရူးသွပ်ရုံတမယ် နေတိုင်း သဝန်တိုနေရသလဲဆိုတာ နားလည်သွားပြီ။
ဘယ်ပုရိသကမှ ဒီလှပဆန်းကျယ်တောက်ပလွန်းတဲ့ အကြည့်တွေထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
သူ့ရဲ့နီရဲနေတဲ့မျက်နှာကို ဖုံးကွယ်ဖို့ရာအတွက် သူ့မျက်နှာကို လွှဲလိုက်မိတဲ့အခါမှာတော့ အေးစက်ပြီး ခြိမ်းခြောက်နေတဲ့အကြည့်တွေနဲ့ရင်ဆိုင်လိုက်ရတယ်။သူဟာ တံတွေးတချက်မြိုချလိုက်မိပြီး မျက်နှာတို့ကလည်း ဖြူစုတ်လာကာ တိုက်ရိုက်ထိုမင်းသားရဲ့မျက်လုံးတွေကို တိုက်ရိုက်မကြည့်မိစေဖို့ ကြိုးစားလိုက်တယ်။
ကျွန်တော် မခေါ်တာက ကျွန်တော်ကို ပိုပြီးအသက်ရှည်စေလိမ့်မယ်ထင်ပါတယ် သခင်မလေးအေဒီရာ
...........
ကေဆီမီရာဟာ အေဒီရာကို သု့ရုံးခန်းထဲခေါ်သွားပြီး ဆိုဖာပေါ်မှာ ထိုင်စေလိုက်တယ်။သူကတော့ သဘာဝတကျပဲ သူ့အပိုင်နေရာတခုလို သူမဘေးနားမှာ ထိုင်လိုက်တယ်။
"အေဒီရာ ကျေးဇူးပြုပြီး တခြားသူတွေကို ပြုံးမပြပါနဲ့လား"
သူက ရုတ်တရက် စိတ်ကောက်ပြီး အလိုမကျဟန်နဲ့ မေးလာခဲ့တယ်။ဒါပေမယ့် ဒီလိုပုံစံက သူ့ချောမောမှုကို လျော့ကျမသွားစေဘဲ အန္တရယ်များတဲ့ နတ်ဆိုးတကောင်ပုံစံဖြစ်နေခဲ့တယ်။
"ဒါဆိုရင် သူတို့က ကျွန်မကိုပိုမုန်းသွားမှာပေါ့။ကျွန်မမှာ နဂိုကတည်းက ပြဿနာဖြစ်စေနိုင်တဲ့ တည့်တံ့လွန်းတဲ့ မျက်နှာက ရှိနေပြီ။ဒါကို ရှင်က ပြုံးမပြစေချင်ဘူး။ဒါဆို သူတို့က ကျွန်မကို အိမ်ရှေ့ကြင်ယာတော်အနေနဲ့ ဘယ်နှစ်သက်ပါတော့မလဲ"
အေဒီရာဟာ အလိုလိုက်ခံရတဲာကလေးလို တမျိုး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဘုရင်မတစ်ယောက်လို ခါးထောက်ကာ ကေဆီမီရာကို တရစပ်ပြောလိုက်တယ်။
ပြောတာ ကြားဖူးသလိုဆို
ပျော်ရွှင်နေတဲ့မိန်းမက ပျော်ရွှင်ရတဲ့ဘဝတဲ့
"သူလာမယ်လို့ ထင်လားဟင်"
သူမက ရုတ်တရက် စိုးရိမ်မှုတွေနဲ့ နူးညံ့စွာ မေးလာခဲ့တယ်။
သူမအနေနဲ့ ဒီလူဟာ သူမအပေါ်ခုလိုလုပ်ရတဲ့ အကြောင်းအရင်းကို နားမလည်လေဘူး။သူမအရင်ဘဝတုန်းက ဒီလူက ဒီလိုမဟုတ်ပါဘူး။သူက အင်ပါယာအတွက်အရေးပါတဲ့သူတယောက်ဖြစ်ခဲ့တာပါ။
ဒါဆို ဘာကြောင့်များလဲ
သူမ ဒီအကြောင်းကို တွေးတော နေစဉ်မှာဘဲ တံခါးခေါက်သံက သူမအတွေးတွေကို နှောင့်ယှက်လိုက်တယ်။
"ဝင်လာခဲ့ပါ"
"အရှင်မင်းသား ကျွန်တော်မျိုးကို ခေါ်တယ်ဆိုလို့ပါ"
ထိုလူဟာ သင့်တော်တဲ့နေရာအနေအထားကနေ သူတို့နှစ်ယောက်ကို ဒူတဖက်ထောက်အရိုအသေပေးလိုက်တယ်။
"အင်းးးငါမင်းကို မေးစရာရှိနေတယ်"
ထိုလူက ရှုပ်ထွေးစွာ မော့ကြည့်လာတယ်။
သူ့ကို မင်းသားက မေးစရာရှိလို့ ခေါ်ခိုင်းသဖြင့် သူရောက်လာခဲ့တာ။မင်းသား အခုမေးတဲ့အသံမှာလည်း အရင် မတော်တဆဖြစ်တဲ့နေ့ကလို လူသတ်ချင်စိတ်တွေ ပါဝင်နေပြန်တယ်။
"မေးလိုရာမေးပါ အရှင်မင်းသား။ဒီနိမ့်ကျတဲ့အမှုထမ်းက အရှင်တို့ စိတ်ကျေနပ်စေမယ့် အဖြေပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်"
"ဟုတ်ပြီ။ငါ့လက်အောက်မှာ အမှုထမ်းနေသော အာလ်ရေအိုနာ၏မွေးစားသား လီယွန်ရေအိုနာ ငါ့ကို အခုအဖြေတခုပေးပါ။အသင် ဘာကြောင့် ငါ့ကာကွယ်မှုအတွင်းက အေဒီရာကို ဆေးခတ်ရသလဲ"
**********
Unicode
YOU ARE READING
She become a passive villainess-not(trans)
Ficção HistóricaOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။