Am I the father
ေအဒီရာရဲ႕ ေျဖာင္းျဖမႈေၾကာင့္ ေကဆီမီရာ စိတ္ေျပသြားၿပီးတဲ့ ေနာက္မွာေတာ့ သူအခန္းဆီကို ျပန္လာလိုက္တယ္။သူတို႔က နဂါးေလးကို ဘယ္သူမွ မေတြ႕နိုက္ဖို႔ရာအတြက္ ေကဆီ့အခန္းထဲမွာဘဲ ထားဖို႔ ဆံုးျဖတ္လိုက္ၾကတယ္။
ေကဆီမီရာက တစ္ေယာက္တည္းေနရတာျဖစ္၍ သူမ စိတ္သက္သာရာရသြားတယ္။
"ဒါက ကြာရွင္ထားတဲ့ လင္မယားေတြ ကြာရွင္းၿပီးတဲ့ေနာက္ သူတို႔ကေလးကို အေဖ့ဆီမွာ ထားခဲ့တာနဲ႔ တူမေနဘူးလား?"သူမ ေတြးေတြးေတာေတာနဲ႔ ေျပာလိုက္တယ္။
ေကဆီမီရာဟာ သူမစကားေတြၾကားၿပီး ထူးဆန္းသလို ခံစားလိုက္ရတယ္။သူက တခ်ိန္တည္းမွာဘဲ စိတ္ဆိုးမိၿပီး ေပ်ာ္႐ႊင္ရတယ္။
သူက လမ္းေလ်ွာက္ေနတာကို ရပ္လိုက္တာေၾကာင့္ ေအဒီရာက သတိထားမိၿပီး ေမးလိုက္တယ္။
"ဘာျဖစ္လို႔လဲ"
"ကိုယ္တို႔ ကြာရွင္းမွာမဟုတ္ဘူး"
အတည္ႀကီး!ရွင္က ဒါအတြက္ စိတ္ဆိုးတယ္ေပါ့။
သူမ ျပာယာခက္သြားတယ္။သူမ အခုေလးတင္ကမွ သူ႔ကို နာရီဘယ္ေလာက္ၾကာေအာင္ ေျဖာင္းျဖထားခဲ့ရသလဲ။
"ဒါက ဟာသတခုပါပဲ ေကဆီ။အတည္ႀကီး မယူစမ္းပါနဲ႔။ဒါက...ဘယ္လိုေျပာရမလဲ...နႈိင္းယွဥ္ခ်က္တခုပါပဲ"
"ဒါဆို ကိုယ္က အေဖလား"
"ဘာကို?"
"အမည္းေလးရဲ႕ အေဖ!"
အမ္ သူက ရွင္ေရာ ကြၽန္မေရာရဲ႕ ကေလးမဟုတ္ဘူးေလ။ဟုတ္ၿပီလား။သူကနဂါးတေကာင္ေနာ္ ဟုတ္ၿပီလား။ငါ့ကို လွန္႔့ေနတာ ရပ္ပါေတာ့ ေကဆီမီရာ ေအသီနာဆီးယပ္စ္ ရုိဇန္ ဗာဆိုင္းလူးယပ္စ္။
"ေသ...ေသခ်ာတာေပါ့"ေအဒီရာက သူ႔ကို ထပ္ၿပီး စိတ္ဆိုးေစမိမည့္အစား ခ်ီတံုခ်တံုျဖစ္စြာ ျပန္ေျဖလိုက္တယ္။
ကံေကာင္းစြာနဲ႔ ေကဆီဟာ သူမရဲ႕ခ်ီတံုခ်တံုျဖစ္ေနမႈနဲ႔ပတ္သတ္ၿပီး ျငင္းဆိုမေနေတာ့ဘဲ ေပ်ွာ္႐ႊင္စြာၿပံဳးျပလာတယ္။ဒါက သူမေတြ႕ဖူးေနၾက အၿပံဳးမ်ိဳးနဲ႔ ေတာ္ေတာ္ျခားနားတယ္။ဒီအၿပံဳးက ဖခင္တေယာက္က သူ႔မိ္န္းမကို ကေလးတေယာက္ ေမြးဖြာေပးလို႔ ေက်းဇူးတင္တဲ့ အၿပံဳးမ်ိဳးဘဲ။
သူ တကယ္အတည္ၿပီး အဲ့လိုေတြးေနတာလား
"ကဲ ကြၽန္မေရာက္ၿပီ။ကြၽန္မကို ျပန္ပို႔ေပးလို႔ ေက်းဇူးပါေကဆီ"သူမ သူ႔အၿပံဳးကို မၾကည့္ရဲစြာ ၿငိမ္ေနျခင္းကေန ေျပာလိုက္တယ္။
သူက သူမ၀င္သြားဖို႔ကို ေစာင့္ေနပံုရကာ ေခါင္းကို ၿငိမ့္ယံုသာ ၿငိမ့္ျပၿပီး ထြက္မသြားေသးဘူး။သူမကသူ႔ရဲ႕ စိုက္ၾကည့္ေနတာကေန ျမန္ျမန္လြတ္နိုင္ဖို႔အတြက္ လ်ွင္ျမန္စြာပဲ တံခါးကို ေခါက္လိုက္တယ္။
ခဏအၾကာမွာေတာ့ ည၀တ္အက်ၤီ၀တ္ဆင္ထားတဲ့ အိုင္းရစ္ဟာ တံခါးလာဖြင့္ခဲ့တယ္။သူမ ပံုစံၾကည့္ရတာ ေအဒီရာ သူမအိပ္ေနတာကို ေနွာင့္ယွက္မိသြားပံုပါဘဲ။သူမ ဆံပင္ေတြက ရႈပ္ဖြာေနတယ္။
သူမက ေအဒီရာကို ျမင္ျမင္ခ်င္းမွာဘဲ သူမမ်က္လံုးထဲမွာ စိတ္ပ်က္မႈအနည္းငယ္ ျဖက္ေျပးသြားတယ္။ေအဒီရာဟာ တိုတိုေတာင္းေတာင္း ေတာင္းပန္စကားတခ်ိဳ႕ကို ဆိုလိုက္ၿပီး သူမေနာက္မွာရွိေနတဲ့ လူငယ္ေလးဘက္ကို တဖန္လွည့္လိုက္တယ္။
"ေက်းဇူးတင္ပါတယ္ အရွင္မင္းသား"ေအဒီရာကလအိုင္းရစ္ေရွ႕မွာ သူမအသံနဲ႔ စကားလံုးေတြကို ေတာ္၀န္ဆန္စြာ ေျပာင္းလဲၿပီး ေကဆီကို နႈတ္ဆက္လိုက္တယ္။
ေကဆီမီရာဟာ ေအဒီရာကို ေက်ာ္လြန္ၿပီး ထူးျခားတဲ့ပန္းေရာင္ဆံပင္ေတြရွိတဲ့ သိပ္နာမည္မႀကီးတဲ့ သခင္မေလးကို ၾကည္႕လိုက္ၿပီးတဲ့ေနာက္ သူမ အသံုးအနႈန္းဘာေျကာင့္ေျပာင္းသြားလဲဆိုတာကို နားလည္လိုက္တယ္။
သူက ေခါင္းကို တခ်က္ၿငိမ့္ျပၿပီး သူ႔အခန္းဆီကိုျပန္ဖို႔ ေျခဦးလွည့္လိုက္တယ္။
သူမရဲ႕ ကပိုကရုိပံုစံကို မင္းသားက ျမင္သြားတာေၾကာင့္ အိုင္းရစ္ဟာ အေတြးေတြ ဂေယာက္ဂယက္ျဖစ္သြားခဲ့ရတယ္။သူမက မင္းသားကို နႈတ္ဆက္စကား တစံုတခုေျပာခ်င္ေပမယ့္ ပိုပိုၿပီးေ၀းသြားတဲ့ ေက်ာျပင္ကိုသာၾကည့္ၿပီး မေျပာျဖစ္ခဲ့ေလဘူး။
သူမတို႔ မ်က္လံုးခ်င္းဆံုခဲ့ၾကတယ္။
ဒါက သူငါ့ကို စိတ္၀င္စားေနတယ္လို႔ သေဘာရလား။ငါဆိုလိုခ်င္တာက ေအဒီရာရဲ႕ ေရွ႕မွာေတာင္ သူက သူမကိုေက်ာ္ၿပီး ငါ့ကို ၾကည့္တယ္။ၿပီးေတာ့ သူမရဲ႕ နႈတ္ဆက္စကားကိုေတာင္ ျပန္ေျဖမသြားဘူးေလ ဟုတ္တယ္မို႔လား။
အာ...မင္းတို႔ဘာသိလို႔လဲ။ႀကီးျမတ္လွတဲ့ သခင္မေလးေအဒီရာေတာင္ မင္းသားရဲ႕ မ်က္စိထဲမွာ ငါ့ကို မယွဥ္နိုင္ဘူး။ငါ မင္းတို႔ကို ေျပာပါတယ္ဒါက သိအ္ၾကာမွာ မဟုတ္ပါဘူးလို႔။
"အသင္ အနားယူေနတာကို ေနွာင့္ယွက္မိလို႔ ေတာင္းပန္ပါတယ္။ငါတို႔မနက္က ေတာသြားတုန္းက ေသာ့ယူဖို႔ ငါ ေမ့သြားခဲ့လို႔"ေအဒီရာက ေနာက္တဖန္ ေတာင္းပန္လိုက္တယ္။
အိုင္းရစ္က အဆင္ေျပပါတယ္ဆိုတဲ့ အၿပံဳးမ်ိဳးနဲ႔ သူမကို ေခါင္းရမ္းကာ ျပန္ေျဖလာတယ္။
"ဒါက အဆင္ေျပပါတယ္ သခင္မေလး ဆလယ္ဗားရစ္။ဒါေပမယ့္ အသင္အခုခ်ိန္ထိ အျပင္မွာရွိေနတာကိုသာ အေဆာင္မွဴးႀကီးမိသြားခဲ့ရင္ ျပႆနာေတြ ရွိလာနိုင္တယ္"သူမက ေအဒီရာအတြက္ စိုးရိမ္မိသလိုပံုစံမ်ိဳးနဲ႔ ေျပာလာခဲ့တယ္။
ေအဒီရာကေတာ့ ထိုသူမေလးကို ဒီလိုၿပံဳးေစနိုင္ေလာက္ေအာင္ ဘယ္အရာက ျပဳလုပ္ခဲ့မွန္းမသိေပမယ့္ ဒီအၿပံဳးေတြရဲ႕ ေနာက္ကြယ္က အေတြးေတြကေတာ့ ေကာင္းတဲ့အရာ ျဖစ္မလာနိုင္ဘူးလိုခံစားမိေလတယ္။
သူမကငါ့ကို အေဆာင္မွဴးက႔ေနတဆင့္ ျပႆနာဖန္တီးခ်င္ေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။
ေကာင္းၿပီေလ မင္းက ငါ့ကို ေကဆီနဲ႔အျပင္မွာရွိေနျခင္းကို အသံုးခ်ၿပီး ငါ့ကို ျပႆနာရွာခ်င္ေနတာဆိုရင္ေတာ့ ငါကလည္း မင္းကို အဲ့လို ေတြးလို႔မရေအာင္ ျပန္ေျဖရတာေပါ့။
"ေသခ်ာေပါက္ မရွိလာနိုင္ပါဘူး။ကြၽန္မက မင္းသားနဲ႔ အလုပ္ကိစၥတခ်ိဳ႕အတြက္ ေရာက္ေနရတာျဖစ္ၿပီး ဒါကို မင္းသားကလည္း အာမခံေပးနိုင္ပါတယ္။အေဆာင္မွဴးကလည္း ဒါကို နားလည္ေပးမယ္လို႔ ကြၽန္မထင္တယ္"
ေအဒီရာက ေျပာၿပီးတာနဲ႔ အနားယူဖို႔ရာအတြက္ သူမ အိပ္ရာဆီကို သြားလိုက္တယ္။ႀကီးျမတ္လွတဲ့ နတ္ဆိုးႀကီးကို ေျဖာင္းျဖရတာက တကယ္ပင္ပန္းတယ္။ၿပီးေတာ့ မနက္ျဖန္မွာလည္း လုပ္စရာေတြရွိေနေသးတယ္မို႔လား။သူမ ထိုသူမေလးနဲ႔ စကားအမ်ားႀကီးေျပာၿပီး စြမ္းအင္ေတြ ျဖဳန္းမပစ္ခ်င္ေလဘူး။
--------
မနက္ခင္း လုပ္ငန္းစဥ္ေတြဟာ အၿပိဳင္အဆိုင္လုပ္ေနၾကတဲ့ ေကဆီနဲ႔ ထရီတန္တို႔ေၾကာင့္ လ်င္လ်င္ျမန္ျမန္ဘဲ ၿပီးသြာၿပီး ဒီေန႔လည္း သူတို႔ဟာ ေန႔တစ္၀က္ေလာက္အားလပ္ခ်ိန္ ရျပန္တယ္။
ေကဆီမီရာဟာ ေအဒီရာ႕ကို သူ႔အခန္းဆီကို ဖိတ္ၾကားခဲ့ရတယ္။ဘာလို႔လဲဆိုေတာ့ သတၲဝါရုိင္းေလးဟာ စိတ္ေကာက္ေနၿပီး သူေကြၽးသမ်ွအစာတိုင္းကို မစားေသာေၾကာင့္ျဖစ္သည္။
သူ႔ အေမရဲ႕ ရင္းနီးေနတဲ့အနံ႔ေၾကာင့္ နဂါးေလးဟာ ေအဒီရာ တံခါးဖြင့္ဖြင့္ျခင္းမွာဘဲ သူမရင္ခြင္ထဲကို ေျပး၀င္လာတယ္။
"ဟယ္လို အေသးေလး,ေကဆီက မင္းဒီေန႔ အစာမစားဘူးေျပာတယ္။ဒါက မေကာင္းဘူးေနာ္။ကေလးေလးေတြက အစာစားမွ ေကာင္းေကာင္းႀကီးထြားသန္မာမွာေပါ့"
ေအဒီရာဟာ ကေလးတစ္ေယာက္လ္ို နဂါးေလးကို ျငင္သာစြာေျပာလိုက္ၿပီး ထိုနဂါးေလးက သူမလက္ေမာင္းၾကားမွာ တိုးေခြ႕လာတဲ့အခါမွာေတာ့ သူမက ရယ္လိုက္တယ္။
သူမက ေကဆီအခုနကေကြၽးထားတဲ့အသားကိုပဲ သူ႔ကိုေကြၽးလိုက္တယ္။ေကဆီမီရာတုန္းနဲ႔ ျခားနားစြာဘဲ နဂါးေလးက ေပ်ာ္႐ႊင္စြာ အစာစားလာခဲ့တယ္။
"ဒါမွ အေမ့ကေလးေလး။ေကာင္းေကာင္းစားၿပီး ေကာင္းေကာင္းႀကီးျပင္ရမယ္ေနာ္ ဟုတ္ၿပီလား"
သူတို႔ေရွ႕မွာထိုက္ေနတဲ့ ေကဆီမီရာကေတာ့ နဂါးေလးကို မေက်နပ္စြာ ၾကည့္ေနခဲ့တယ္။ဒီအေသးေလးက သု႔ၾကင္ယာေတာ္ေလာင္းရဲ႕ ဂရုစိုက္မႈေတြကို လုယူသြားၿပီး သူ႔မွာ ဒါနဲ႔ ပတ္သတ္ၿပီး ဘာမွ မလုပ္နိုင္ေလဘူး။
ဒါေပမယ့္ ဒါက အဆင္ေျပပါသည္။သူက အခု ေအဒီရာကို သူ႔အခန္းဆီ ဖိတ္ေခၚဖို႔ အေၾကာင္းျပခ်က္မ်ားစြာရခဲ့သည္ေလ။သူမနဲ႔ ထိုနဂါးေလးေ၀းေနခ်ိန္မွာ သူတို႔နွစ္ေယာက္တည္း စကားေျပာရင္း အခ်ိန္ျဖဳန္းနိုင္သည္ေလ။
"သူ႔နာမည္ေပးေတာ့မွာလား"
ေအဒီရာက ေကဆီကို ၾကည့္လိုက္ၿပီး အနက္ေရာက္ေရာင္ နဂါးေလးကို ေျမႇာက္ကာ ၾကည့္ၾကည့္လိုက္တယ္။အခု သူ႔ရဲ႕ သြင္ျပင္ေတြက ေျပာင္းလဲစျပဳေနၿပီး ထင္ရွားစျပဳေနၿပီျဖစ္သည္။
သူ႔ရဲ႕ မီးခိုးေရာင္ မ်က္လံုးေလးေတြက အျပာေရာင္မ်က္ဆံေလးလို ေျပာင္းလဲစျပဳေနၿပီ။ခနၶကိုယ္ ေဘးပိုင္းမွာလည္း ေ႐ႊာင္မ်ဥ္းတန္းေတြကိုေတြ႕ေနရၿပီ။
သူမက နဂါေလးရဲ႕ ပံုစံအစစ္အမွန္ကို သိလိုက္ၿပီးတဲ့ေနာက္ ေပ်ာ္႐ႊင္စြာ ရယ္ေမာလိုက္တယ္။သူေလးက ေသခ်ာေပါက္ သူမ ကေလးေလး ေဟဇယ္မွ ေဟဇယ္ပဲ။
"ေဟဇယ္ မင္းနာမည္ေဟဇယ္ျဖစ္လိမ့္မယ္ ငါ့ကေလးေလး"
သူမက ေျပာလိုက္ၿပီး နဂါးငယ္ေလးကို သူမလက္ေမာင္းေတြၾကားမွာ ေပြ႕ဖက္လိုက္တယ္။နဂါးငယ္ေလးအတြက္ကေတာ့ သူ႔နာမည္ဟာ ဘာပဲျဖစ္ျဖစ္ သူ႔အေမကိုယ္တိုင္မွည့္ေပးတာျဖစ္သေ႐ြ႕ အဆင္ေျပေလသည္။
"ေဟဇယ္ အင္း"ေကဆီမီရာက တိုးတိုးေလး ေရ႐ြတ္လိုက္ၿပီး ေအဒီရာ မ်က္နွာေပၚက အၿပံဳးေတြကို ၾကည့္လိုက္တယ္။
သူမေပ်ာ္႐ႊင္မႈေတြက ကူးစက္လာၿပီး သူပါ လိုက္ၿပံဳးလိုက္မိတယ္။သူက သူတို႔အနားကို ေလ်ွာက္သြားလိုက္ၿပီး သူမရင္ခြင္ထဲမွာရွိေနတဲ့ ေဟဇယ္ရဲ႕ေခါင္းကို ပုတ္ေပးရင္း ေျပာလိုက္တယ္။
"ဟယ္လို ေဟဇယ္။ငါက မင္းအေဖပါ။"
Unicode
Am I the father
အေဒီရာရဲ့ ဖြောင်းဖြမှုကြောင့်ကေဆီမီရာ စိတ်ပြေသွားပြီးတဲ့ နောက်မှာတော့ သူအခန်းဆီကို ပြန်လာလိုက်တယ်။သူတို့က နဂါးလေးကို ဘယ်သူမှ မတွေ့နိုက်ဖို့ရာအတွက်ကေဆီ့အခန်းထဲမှာဘဲ ထားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ကေဆီမီရာက တစ်ယောက်တည်းနေရတာဖြစ်၍ သူမ စိတ်သက်သာရာရသွားတယ်။
"ဒါက ကွာရှင်ထားတဲ့ လင်မယားတွေ ကွာရှင်းပြီးတဲ့နောက်သူတို့ကလေးကို အဖေ့ဆီမှာ ထားခဲ့တာနဲ့ တူမနေဘူးလား?"သူမ တွေးတွေးတောတောနဲ့ ပြောလိုက်တယ်။
ကေဆီမီရာဟာ သူမစကားတွေကြားပြီး ထူးဆန်းသလို ခံစားလိုက်ရတယ်။သူက တချိန်တည်းမှာဘဲ စိတ်ဆိုးမိပြီး ပျော်ရွှင်ရတယ်။
သူက လမ်းလျှောက်နေတာကို ရပ်လိုက်တာကြောင့်အေဒီရာက သတိထားမိပြီး မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"
"ကိုယ်တို့ ကွာရှင်းမှာမဟုတ်ဘူး"
အတည်ကြီး!ရှင်က ဒါအတွက်စိတ်ဆိုးတယ်ပေါ့။
သူမ ပြာယာခက်သွားတယ်။သူမ အခုလေးတင်ကမှ သူ့ကို နာရီဘယ်လောက်ကြာအောင်ဖြောင်းဖြထားခဲ့ရသလဲ။
"ဒါက ဟာသတခုပါပဲ ကေဆီ။အတည်ကြီး မယူစမ်းပါနဲ့။ဒါက...ဘယ်လိုပြောရမလဲ...နှိုင်းယှဉ်ချက်တခုပါပဲ"
"ဒါဆို ကိုယ်က အဖေလား"
"ဘာကို?"
"အမည်းလေးရဲ့ အဖေ!"
အမ်သူက ရှင်ရော ကျွန်မရောရဲ့ ကလေးမဟုတ်ဘူးလေ။ဟုတ်ပြီလား။သူကနဂါးတကောင်နော်ဟုတ်ပြီလား။ငါ့ကို လှန့့်နေတာ ရပ်ပါတော့ ကေဆီမီရာ အေသီနာဆီးယပ်စ်ရိုဇန်ဗာဆိုင်းလူးယပ်စ်။
"သေ...သေချာတာပေါ့"အေဒီရာက သူ့ကို ထပ်ပြီး စိတ်ဆိုးစေမိမည့်အစား ချီတုံချတုံဖြစ်စွာ ပြန်ဖြေလိုက်တယ်။
ကံကောင်းစွာနဲ့ ကေဆီဟာ သူမရဲ့ချီတုံချတုံဖြစ်နေမှုနဲ့ပတ်သတ်ပြီး ငြင်းဆိုမနေတော့ဘဲ ပျှော်ရွှင်စွာပြုံးပြလာတယ်။ဒါက သူမတွေ့ဖူးနေကြ အပြုံးမျိုးနဲ့ တော်တော်ခြားနားတယ်။ဒီအပြုံးက ဖခင်တယောက်က သူ့မိ်န်းမကို ကလေးတယောက်မွေးဖွာပေးလို့ ကျေးဇူးတင်တဲ့ အပြုံးမျိုးဘဲ။
သူ တကယ်အတည်ပြီး အဲ့လိုတွေးနေတာလား
"ကဲ ကျွန်မရောက်ပြီ။ကျွန်မကို ပြန်ပို့ပေးလို့ ကျေးဇူးပါကေဆီ"သူမ သူ့အပြုံးကို မကြည့်ရဲစွာ ငြိမ်နေခြင်းကနေ ပြောလိုက်တယ်။
သူက သူမ၀င်သွားဖို့ကို စောင့်နေပုံရကာ ခေါင်းကို ငြိမ့်ယုံသာ ငြိမ့်ပြပြီး ထွက်မသွားသေးဘူး။သူမကသူ့ရဲ့ စိုက်ကြည့်နေတာကနေ မြန်မြန်လွတ်နိုင်ဖို့အတွက်လျှင်မြန်စွာပဲ တံခါးကို ခေါက်လိုက်တယ်။
ခဏအကြာမှာတော့ ည၀တ်အင်္ကျီဝတ်ဆင်ထားတဲ့ အိုင်းရစ်ဟာ တံခါးလာဖွင့်ခဲ့တယ်။သူမ ပုံစံကြည့်ရတာ အေဒီရာ သူမအိပ်နေတာကို နှောင့်ယှက်မိသွားပုံပါဘဲ။သူမ ဆံပင်တွေက ရှုပ်ဖွာနေတယ်။
သူမက အေဒီရာကို မြင်မြင်ချင်းမှာဘဲ သူမမျက်လုံးထဲမှာ စိတ်ပျက်မှုအနည်းငယ်ဖြက်ပြေးသွားတယ်။အေဒီရာဟာ တိုတိုတောင်းတောင်း တောင်းပန်စကားတချို့ကို ဆိုလိုက်ပြီး သူမနောက်မှာရှိနေတဲ့ လူငယ်လေးဘက်ကို တဖန်လှည့်လိုက်တယ်။
"ကျေးဇူးတင်ပါတယ်အရှင်မင်းသား"အေဒီရာကလအိုင်းရစ်ရှေ့မှာ သူမအသံနဲ့ စကားလုံးတွေကို တော်၀န်ဆန်စွာ ပြောင်းလဲပြီး ကေဆီကို နှုတ်ဆက်လိုက်တယ်။
ကေဆီမီရာဟာ အေဒီရာကို ကျော်လွန်ပြီး ထူးခြားတဲ့ပန်းရောင်ဆံပင်တွေရှိတဲ့ သိပ်နာမည်မကြီးတဲ့ သခင်မလေးကို ကြည့်လိုက်ပြီးတဲ့နောက်သူမ အသုံးအနှုန်းဘာကြောင့်ပြောင်းသွားလဲဆိုတာကို နားလည်လိုက်တယ်။
သူက ခေါင်းကို တချက်ငြိမ့်ပြပြီး သူ့အခန်းဆီကိုပြန်ဖို့ ခြေဦးလှည့်လိုက်တယ်။
သူမရဲ့ ကပိုကရိုပုံစံကို မင်းသားက မြင်သွားတာကြောင့်အိုင်းရစ်ဟာ အတွေးတွေ ဂယောက်ဂယက်ဖြစ်သွားခဲ့ရတယ်။သူမက မင်းသားကို နှုတ်ဆက်စကား တစုံတခုပြောချင်ပေမယ့်ပိုပိုပြီးဝေးသွားတဲ့ ကျောပြင်ကိုသာကြည့်ပြီး မပြောဖြစ်ခဲ့လေဘူး။
သူမတို့ မျက်လုံးချင်းဆုံခဲ့ကြတယ်။
ဒါက သူငါ့ကို စိတ်၀င်စားနေတယ်လို့ သဘောရလား။ငါဆိုလိုချင်တာက အေဒီရာရဲ့ ရှေ့မှာတောင်သူက သူမကိုကျော်ပြီး ငါ့ကို ကြည့်တယ်။ပြီးတော့ သူမရဲ့ နှုတ်ဆက်စကားကိုတောင်ပြန်ဖြေမသွားဘူးလေ ဟုတ်တယ်မို့လား။
အာ...မင်းတို့ဘာသိလို့လဲ။ကြီးမြတ်လှတဲ့ သခင်မလေးအေဒီရာတောင်မင်းသားရဲ့ မျက်စိထဲမှာ ငါ့ကို မယှဉ်နိုင်ဘူး။ငါ မင်းတို့ကို ပြောပါတယ်ဒါက သိအ်ကြာမှာ မဟုတ်ပါဘူးလို့။
"အသင်အနားယူနေတာကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ငါတို့မနက်က တောသွားတုန်းက သော့ယူဖို့ ငါ မေ့သွားခဲ့လို့"အေဒီရာက နောက်တဖန်တောင်းပန်လိုက်တယ်။
အိုင်းရစ်က အဆင်ပြေပါတယ်ဆိုတဲ့ အပြုံးမျိုးနဲ့ သူမကို ခေါင်းရမ်းကာ ပြန်ဖြေလာတယ်။
"ဒါက အဆင်ပြေပါတယ်သခင်မလေး ဆလယ်ဗားရစ်။ဒါပေမယ့်အသင်အခုချိန်ထိ အပြင်မှာရှိနေတာကိုသာ အဆောင်မှူးကြီးမိသွားခဲ့ရင်ပြဿနာတွေ ရှိလာနိုင်တယ်"သူမက အေဒီရာအတွက်စိုးရိမ်မိသလိုပုံစံမျိုးနဲ့ ပြောလာခဲ့တယ်။
အေဒီရာကတော့ ထိုသူမလေးကို ဒီလိုပြုံးစေနိုင်လောက်အောင်ဘယ်အရာက ပြုလုပ်ခဲ့မှန်းမသိပေမယ့်ဒီအပြုံးတွေရဲ့ နောက်ကွယ်က အတွေးတွေကတော့ ကောင်းတဲ့အရာ ဖြစ်မလာနိုင်ဘူးလိုခံစားမိလေတယ်။
သူမကငါ့ကို အဆောင်မှူးက့နေတဆင့်ပြဿနာဖန်တီးချင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။
ကောင်းပြီလေ မင်းက ငါ့ကို ကေဆီနဲ့အပြင်မှာရှိနေခြင်းကို အသုံးချပြီး ငါ့ကို ပြဿနာရှာချင်နေတာဆိုရင်တော့ ငါကလည်း မင်းကို အဲ့လို တွေးလို့မရအောင်ပြန်ဖြေရတာပေါ့။
"သေချာပေါက်မရှိလာနိုင်ပါဘူး။ကျွန်မက မင်းသားနဲ့ အလုပ်ကိစ္စတချို့အတွက်ရောက်နေရတာဖြစ်ပြီး ဒါကို မင်းသားကလည်း အာမခံပေးနိုင်ပါတယ်။အဆောင်မှူးကလည်း ဒါကို နားလည်ပေးမယ်လို့ ကျွန်မထင်တယ်"
အေဒီရာက ပြောပြီးတာနဲ့ အနားယူဖို့ရာအတွက်သူမ အိပ်ရာဆီကို သွားလိုက်တယ်။ကြီးမြတ်လှတဲ့ နတ်ဆိုးကြီးကို ဖြောင်းဖြရတာက တကယ်ပင်ပန်းတယ်။ပြီးတော့ မနက်ဖြန်မှာလည်း လုပ်စရာတွေရှိနေသေးတယ်မို့လား။သူမ ထိုသူမလေးနဲ့ စကားအများကြီးပြောပြီး စွမ်းအင်တွေ ဖြုန်းမပစ်ချင်လေဘူး။
--------
မနက်ခင်း လုပ်ငန်းစဉ်တွေဟာ အပြိုင်အဆိုင်လုပ်နေကြတဲ့ ကေဆီနဲ့ ထရီတန်တို့ကြောင့်လျင်လျင်မြန်မြန်ဘဲ ပြီးသွာပြီး ဒီနေ့လည်း သူတို့ဟာ နေ့တစ်၀က်လောက်အားလပ်ချိန် ရပြန်တယ်။
ကေဆီမီရာဟာ အေဒီရာ့ကို သူ့အခန်းဆီကို ဖိတ်ကြားခဲ့ရတယ်။ဘာလို့လဲဆိုတော့ သတ္တဝါရိုင်းလေးဟာ စိတ်ကောက်နေပြီး သူကျွေးသမျှအစာတိုင်းကို မစားသောကြောင့်ဖြစ်သည်။
သူ့ အမေရဲ့ ရင်းနီးနေတဲ့အနံ့ကြောင့်နဂါးလေးဟာ အေဒီရာ တံခါးဖွင့်ဖွင့်ခြင်းမှာဘဲ သူမရင်ခွင်ထဲကို ပြေးဝင်လာတယ်။
"ဟယ်လို အသေးလေး,ကေဆီက မင်းဒီနေ့ အစာမစားဘူးပြောတယ်။ဒါက မကောင်းဘူးနော်။ကလေးလေးတွေက အစာစားမှ ကောင်းကောင်းကြီးထွားသန်မာမှာပေါ့"
အေဒီရာဟာ ကလေးတစ်ယောက်လ်ို နဂါးလေးကို ငြင်သာစွာပြောလိုက်ပြီး ထိုနဂါးလေးက သူမလက်မောင်းကြားမှာ တိုးခွေ့လာတဲ့အခါမှာတော့ သူမက ရယ်လိုက်တယ်။
သူမက ကေဆီအခုနကကျွေးထားတဲ့အသားကိုပဲ သူ့ကိုကျွေးလိုက်တယ်။ကေဆီမီရာတုန်းနဲ့ ခြားနားစွာဘဲ နဂါးလေးက ပျော်ရွှင်စွာ အစာစားလာခဲ့တယ်။
"ဒါမှ အမေ့ကလေးလေး။ကောင်းကောင်းစားပြီး ကောင်းကောင်းကြီးပြင်ရမယ်နော်ဟုတ်ပြီလား"
သူတို့ရှေ့မှာထိုက်နေတဲ့ ကေဆီမီရာကတော့ နဂါးလေးကို မကျေနပ်စွာ ကြည့်နေခဲ့တယ်။ဒီအသေးလေးက သု့ကြင်ယာတော်လောင်းရဲ့ ဂရုစိုက်မှုတွေကို လုယူသွားပြီး သူ့မှာ ဒါနဲ့ ပတ်သတ်ပြီး ဘာမှ မလုပ်နိုင်လေဘူး။
ဒါပေမယ့်ဒါက အဆင်ပြေပါသည်။သူက အခု အေဒီရာကို သူ့အခန်းဆီ ဖိတ်ခေါ်ဖို့ အကြောင်းပြချက်များစွာရခဲ့သည်လေ။သူမနဲ့ ထိုနဂါးလေးဝေးနေချိန်မှာ သူတို့နှစ်ယောက်တည်း စကားပြောရင်း အချိန်ဖြုန်းနိုင်သည်လေ။
"သူ့နာမည်ပေးတော့မှာလား"
အေဒီရာက ကေဆီကို ကြည့်လိုက်ပြီး အနက်ရောက်ရောင်နဂါးလေးကို မြှောက်ကာ ကြည့်ကြည့်လိုက်တယ်။အခု သူ့ရဲ့ သွင်ပြင်တွေက ပြောင်းလဲစပြုနေပြီး ထင်ရှားစပြုနေပြီဖြစ်သည်။
သူ့ရဲ့ မီးခိုးရောင်မျက်လုံးလေးတွေက အပြာရောင်မျက်ဆံလေးလို ပြောင်းလဲစပြုနေပြီ။ခန္ဓကိုယ်ဘေးပိုင်းမှာလည်း ရွှောင်မျဉ်းတန်းတွေကိုတွေ့နေရပြီ။
သူမက နဂါလေးရဲ့ ပုံစံအစစ်အမှန်ကို သိလိုက်ပြီးတဲ့နောက်ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။သူလေးက သေချာပေါက်သူမ ကလေးလေး ဟေဇယ်မှ ဟေဇယ်ပဲ။
"ဟေဇယ်မင်းနာမည်ဟေဇယ်ဖြစ်လိမ့်မယ်ငါ့ကလေးလေး"
သူမက ပြောလိုက်ပြီး နဂါးငယ်လေးကို သူမလက်မောင်းတွေကြားမှာ ပွေ့ဖက်လိုက်တယ်။နဂါးငယ်လေးအတွက်ကတော့ သူ့နာမည်ဟာ ဘာပဲဖြစ်ဖြစ်သူ့အမေကိုယ်တိုင်မှည့်ပေးတာဖြစ်သရွေ့ အဆင်ပြေလေသည်။
"ဟေဇယ်အင်း"ကေဆီမီရာက တိုးတိုးလေး ရေရွတ်လိုက်ပြီး အေဒီရာ မျက်နှာပေါ်က အပြုံးတွေကို ကြည့်လိုက်တယ်။
သူမပျော်ရွှင်မှုတွေက ကူးစက်လာပြီး သူပါ လိုက်ပြုံးလိုက်မိတယ်။သူက သူတို့အနားကို လျှောက်သွားလိုက်ပြီး သူမရင်ခွင်ထဲမှာရှိနေတဲ့ ဟေဇယ်ရဲ့ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်တယ်။
"ဟယ်လို ဟေဇယ်။ငါက မင်းအဖေပါ။"
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆံုး ဘာသာျပန္ျခင္းမို႔ အမွားပါရင္ နားလည္ေပးပါ ။ ဖတ္ရအဆင္မေျပျဖစ္ခဲ့ရင္ ယခုဘာသာျပန္သူရဲ႕ ညံ့ဖ်င္းမႈပါ။မူရင္းဝတၳဳက အလြန္ ဖတ္ေကာင္းပါတယ္။