I'm telling mommy

378 30 0
                                    

           I'm telling mommy

          "ကေဆီမီရာ တို့တွေ အဲ့ကလေးမကို လက်လွတ်လိုက်လို့မဖြစ်ဘူး
          "အဖေ....ကျွန်တော့်ကို တွန်းအားပေးလို့မရဘူးဆိုတာ အဖေသိပါတယ်..."

      သူ့သားက တကယ်ပြောနေတာကို နားလည်လိုက်မိပြီး ဘုရင်ကြီးက သက်ပြင်းချလိုက်မိတယ်၊၊ငရဲပြည်က မီးတွေသာ ရေခဲရင်ခဲသွားမယ်...သူ မကြိုက်တဲ့အရာကိုလုပ်ဖို့ ကေဆီမီရာကို တွန်းအားပေးနိုင်မှာ မဟုတ်ဘူး...အထူးသဖြင့်...အေဒီရာနဲ့ပတ်သတ်လာရင်ပေါ့...၊၊

            "ငွေလင်ပန်းပေါ်မှာ အရန်သင့်တင်ထားတဲ့ မင်းအတွက် စွမ်းအားအကြီးဆုံးဆိုတဲ့အရာကို မင်းဒီလို လက်လွတ်လိုက်တာ ငါ မယုံနိုင်ဘူး..."
             "ဘယ်စွမ်းမျိုးကမှ ကျွန်တော့်ဘဝမှာ အေဒီရာရဲ့အရေးကြီးမှုမျိုးနဲ့ ယှဥ်မရဘူးဆိုတာ အဖေသိပါတယ်၊၊အဖေ အမေ့ကို ပိိုင်ဆိုင်ရဖို့ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကျွန်တော်သိတယ်ဆိုတာ အဖေ မေ့မနေသင့်ဘူး..."

       ကေဆီမီရာရဲ့ မျက်ဝန်းတွေဟာ ဖခင်ဖြစ်သူကို လက်လျော့ဖို့ပြောရင်း တလက်လက်နဲ့ စူးရှတောက်ပနေခဲ့တယ်၊၊ဘာကြောင့်လဲဆိုတော့ အကြိမ်ပေါင်းများစွာ သူ့မှာရွေးချယ်ခွင့်ရှိနေရင်တောင် သူ မလိုချင်တဲ့ စွမ်းအား အာဏာတွေထက် အေဒီရာကိုပဲ ထပ်ခါထပ်ခါရွေးချယ်သွားမယ်ဆိုတာ သူ့အနေနဲ့ သေချာခဲ့တယ်၊၊
       နောက်ပြီး သူ့အနေနဲ့ အင်ပါယာရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းပေးဖို့ရာ သူ့စွမ်းအားတွေနဲ့တင် လုံလောက်နေပြီသားပင်၊၊ဘယ် အကူစွမ်းအားမျိုးကိုမှ လိုအပ်မနေဘူး၊၊
.....................
  
       အဲ့အချိန်မှာပဲ သူမ နယ်မြေထဲမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာ စိတ်ညစ်ညစ်နဲ့ထိုင်ရင်း လက်ဖက်ရည်ခွက်ထဲက ဇွန်းကို ဟိုလှည့်ဒီလှည့်လုပ်နေတဲ့ အိုင်းရစ်ဟာ တစ်စုံတစ်ခုကြောင့် လန့်သွားခဲ့ရတယ်၊၊
       သူမအနေနဲ့ အဲဒီအရာက ဘယ်အချိန်ကတည်းက ဘယ်ကနေဘယ်လို သူမနောက်မှာရောက်နေမှန်း မသိလိုက်ပေမယ့် သူမအနောက်ကနေ ထွက်လာတဲ့ အသံကို ကြားလိုက်ရတယ်၊၊

            "မင်္ဂလာပါ.... သခင်မလေး လက်တီဖိုလီရာ...ငါ့မှာ မင်းပြဿနာကို ဖြေရှင်းဖို့ အဖြေရှိတယ်"

She become a passive villainess-not(trans)Where stories live. Discover now