Save Daddy's soul
အခုတော့ အေဒီရာက အိမ်ပြန်ဖို့ကို အလျင်မလိုတော့လေဘူး၊၊ အေသနာဆီးယပ်စ်က သူမတို့သားအဖကို ညစာအတွက်နေခိုင်းတယ်လေ၊၊ကလေးငယ်ကို လက်ထဲက မချတဲ့ ဆေလ်ဖာဟာ ဟေဇယ်ကို ပခုံးပေါ်မှာ တင်ထားရင်းနဲ့ ဘုရင်ကြီးရဲ့ဖိတ်ခေါ်မှုကို လက်ခံလိုက်တယ်၊၊
ဒါက အားလုံးအတွက် ပုံမှန်ဟုတ်မနေခဲ့ဘူး၊၊ဘာလို့ဆို ဆေလ်ဖာက ပုံမှန်ဆို ဘုရင်ကြီးနဲ့ အငြင်းခုံလုပ်ရတာကို နှစ်သက်လွန်းသူတစ်ယောက် ဖြစ်တယ်၊၊အေဒီရာကတော့ ဒါဟာ ဟေဇယ်ကြောင့် ဖြစ်ပြီး သူ့ရဲ့ မြေးလေးအပေါ်အချစ်ကြောင့်ဆိုတာကို နားလည်လိုက်လေတယ်၊၊
အေဒီရာဟာ စောနက တောင့်တင်းပြီး ဗလာလိုဖြစ်နေတဲ့ ကေဆီမီရာရဲ့ မျက်နှာပေါ်မှာ စိတ်သက်သာမှုရသွားတာကို မြင်လိုက်ရတာကြောင့် မကူနိုင်ဘဲ ရယ်မိသွားလေတယ်၊၊'ချစ်စရာ သားလေးရေ....မင်းကတော့ မင်းဖေဖေရဲ့ စိတ်ဝိဉာဥ်ကို ကယ်တင်နိုင်လိုက်တာပဲ.....သိပ်ကောင်းတာပဲ.....'
..............
ဟေဇယ်ငယ်လေးက ဘုရင်ကြီးနဲ့မြို့စားကြီးရဲ့ ဂရုစိုက်မှုနဲ့ များပြားလှတဲ့ ချစ်ခြင်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အေဒီရာကတော့ လူကြီးတွေက ကလေးငယ်ကို ဖိအားတွေသိပ်မပေးဖို့ရာ ဂရုစိုက်ရင်းနဲ့ အလုပ်ရှုပ်နေရလေတယ်၊၊အဲ့အချိန်မှာဘဲ ကေဆီမီရာက တစုံတခုကို လုပ်ဖို့ရာ အလစ်မှာထွက်သွားလေတယ်၊၊
အေဒီရာက သူထွက်သွားတာကို မျက်လုံးထောင့်ကနေမြင်လိုက်ပြီး သူ့လက်ဖက်ရည်ကို ချလိုက်တယ်၊၊သူတို့က အစာစားပြီးကတည်းက အချိုတည်းဖို့ရာ ဥယျာဥ်ဆီရောက်နေပြီး လူကြီးနှစိယောက်ကတော့ ဟေဇယ်လေးဟာ ဘယ်လောက်စားသင့်ကြောင်း ငြင်းခုံနေခဲ့ကြတာဖြစ်တယ်၊၊
အေဒီရာကလည်း လျင်လျင်မြန်မြန်ဘဲ ကေဆီမီရာ့နောက်ကို လိုက်သွားလိုက်တယ်၊၊ကေဆီမီရာက သူမကို သူ့တစ်ယောက်တည်း အတွက်လိုချင်သလို သူမလည်း အတူတူပဲ၊၊သူကပဲ သူမအချိန်တွေကို လက်ဝါးကြီးအုပ်ချင်တာမဟုတ်ဘူး သူမလည်းပဲ သူ့အချိန်တွေကို သူမတစ်ယောက်တည်းအတွက်ပဲ ဖြစ်စေချင်တာပင်၊၊
YOU ARE READING
She become a passive villainess-not(trans)
Ficción históricaOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။