Cold water,Ice,You

819 130 0
                                    

    Cold water,Ice,You

       ကေဆီမီရာအနေနဲ့ သူ့ဂျတ်ကပ်ကို သူမလေးအပေါ် လွှမ်းခြုံနိုင်ဖို့ရာအတွက် အကြောင်းပြချက်ရှာတွေ့ခဲ့ပြီ။သူက အဲလိုခြုံပေးတာတင်မကပဲ သူ့အပေါ် ဝတ်ရုံရှည်ကို ခြုံပေးပြီး သူမအား ပြောင်းဖူးထုပ်လေးတခုလိုကို ထုတ်လိုက်တယ်။
       ခုတော့ ဘယ်သူမှ သူမမျက်နှာလေးကလွဲပြီး သူမခန္ဓာကိုယ်အသားအရေကို မြင်ရမှာ မဟုတ်တော့ဘူး။
           "မင်း ကိုယ့်ဘာသာကိုယ် ဘာလို စိုအောင်လုပ်ရတာလဲ"
           "ကေဆီ....  ကျွန်မ..အရမ်းပူတာပဲ။ကျွန်မကို ကူပါ။ကျွန်မကို ဒီအပူကနေ လွတ်အောင် ကူပါ"
       ကေဆီမီရာက သူမကိုသူ့အနားဆွဲကပ်ထားတာကြောင့် သူမအသံက သူ့နားထဲကို လေပူတခုကို ကပ်ပြီး ဖြတ်ဝင်လာတယ်။
        သူမအပေါ်မှာရှိတဲ့ သူဆန္ဒတွေကို သူမလေးကို ဘယ်လောက်ချစ်ချစ် ဖိနှိပ်ထားနိုင်တယ်ဟု ကေဆီမီရာအနေနဲ့ အမြဲ ယုံကြည်ခဲ့တာဖြစ်သည်။ဒါပေမယ့် သူမရဲ့အခုလို ပုံစံကို မြင်ရတာက ဒီလိုလုပ်ရတာက ခက်ခဲကြောင်း သက်သေပြနေသည်။ သူ့သည်းခံနိုင်စွမ်းက စမ်းသပ်ခံနေရပြီ။
              "Shit!ငါ ဘယ်လိုလုပ်ရပါ့မလဲ"
       သူက တိုးတိုးလေး ရေရွတ်လိုက်မိတယ်။သူကိုယ်တွင်းက အမြဲသူ့ကို စောင့်ကြည့်နေခဲ့သော သားရဲကောင်ကြီးက ဖောက်ထွက်လာချင်နေပြီ။
        နောက်ထပ်ခုလို ကိုယ့်နားနားကပ်မပြောပါနဲ့တော့။ကိုယ့်နှလုံးသားက ခံနိုင်ရည်မရှိဘူး။
                "ရေအေး..ရေခဲ.....ရှင်"
       သူမက နာကျင်မှုကြောင့် သူမမျက်ခုံးတွေကိုကြုံ့ မျက်တော်တွေကို မှေးစင်းကာ တိုးတိုးလေး ထပ်ပြောလာတယ်။
                "ရေခဲလား  ဟုတ်ပြီ"
       သူက ပြောလိုက်ပြီး သူမအပေါ်ထပ်ထားတဲ့ သူ့ဝတ်ရုံရှည်ကို သူ့မှော်အစွမ်းနဲ့ အေးစေလိုက်တယ်။
        သူတို့တွေ ဘယ်လိုများ သူပိုင်ဆိုင်တဲ့အရာကို ထိရဲရတာလဲ။ဒါပေမယ့် သူတို့ကို ငရဲရောက်အောင်မပို့ခင် သူမလေးရဲ့ခုလိုပုံစံအတွက် ကျေးဇူးတင်ရမယ်။
                "ကျေးဇူးပါ ကေဆီ"
       သူမကပြောရင်း တုန်ယင်လာသောခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲမှာ ထည့်လိုက်တယ်။
      ကေဆီမီရာအနေနဲ့လုပ်နိုင်တာဆိုလို့ သူမလေး ဆေးအရှိန်သက်သာတာကို စောင့်နေရုံပဲဖြစ်သည်။ဒါပေမယ့် သူမလေးခုလို နောက်တကြိမ်ထပ်ဖြစ်လာရင်တော့ သူကိုယ်သူ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။
               "အေးအေးဆေးဆေး နားနေပါ။ကိုယ်မင်းအနားမှာရှိတယ်"
              "ကျွန်မယုံတာပေါ့။ကေဆီက ကျွန်မအနားမှာပဲ အမြဲရှိနေပြီး ကျွန်မဘေးနားမှာဘဲ အမြဲရှိနေမယ်ဆိုတာ။ဒါကြောင့်လဲ ကျွန်မသူ့ကို ကာကွယ်ပေးချင်ခဲ့တာ"
        ကေဆီဟာ သူ့စိတ်သူငြိမ်အောင်း ဥယျာဉ်ထဲက ပန်းတွေကို ကြည့်ရေရင်း သူ့လေ့လာခဲ့တဲ့ ဥပဒေတွေအကြောင်းကို တွေးနေလိုက်တယ်။
        ဒါပေမယ့် သူ့အနေနဲ့ သူ့ရဲ့ ချစ်စရာကာင်းလှတဲ့ ကြင်ယာတော်ကို ခုလို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုး လုပ်လိုက်တာကို တွေးမိပြီး ပို၍ ဒေါသ ထွက်လာတယ်။
      သူက ဓားရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး ဓားကို မြေကြီးမှာ စိုက်လိုက်တယ်။
      သူ့ရဲ့ရုတ်တရက်ဒေါသထွက်လာခြင်းကြောင့် အေဒီရာဟာ လန့်သွားတယ်။
              "အမ်...ကျွန်မတောင်းပန်ပါတယ်?"
      သူမက သူဘာလို့ စိတ်ဆိုးသွားမှန်း မသိပေမယ့် ရုတ်ရက်လန့်ကာ တောင်းပန်မိလိုက်တယ်။
      ဒါက(ဆန္ဒတွေကို ထိန်းချုပ်ရတာ) သူ့အတွက် ခက်ခဲနေနိုင်တယ်။
                "မင်း!"
      ကေဆီမီရာက သူတို့ဘေးနားမှာရှိနေသူဘက်လှည့်လိုက်ပြီး ဒေါသသံပြင်းပြင်းနဲ့ အံကိုကြိတ် လက်သီးဆုပ်ကာ အမိန့်ပေးလိုက်တယ်။
             "ငါ့အမိန့်ကို ဝီလီယမ်နဲ့ ရိုမန်တို့အပြင် သက်တော်စောင့် စစ်သည်တွေကိုသွားပြောချည်။ ဒီည ဘယ်သူမှ ခန်းမအပြင် ထွက်လို့မရဘူး။အေဒီရာကို ဒီလိုဖြစ်အောင်လုပ်တဲ့သူကို ငါကိုယ်တိုင်စီရင်မယ်လို့ သွားပြော"
         ထရီတန်က ကေဆီမီရာက သူ့ကို ခုလို အမိန့်ဆန်ဆန်ပြောတာကို မနှစ်သက်ပေမယ့် အေဒီရာကို တစ်စုံတစ်ယောက်က ခုလို ဖြစ်အောင် တမင်လုပ်တာဟု ကြားလိုက်ရတဲ့အခါမှာတော့ သူက ဒါအတွက် စိတ်မရှိတော့လေဘူး။သူကိုယ်တိုင်လည်း ထိုလူကို ကေဆီမီရာ့အရင် သတ်ပြီး ငရဲ ပို့ချင်လာပြီ ဖြစ်တယ်။
             "ကေဆီ အဲ့လူကို မသတ်လိုက်နဲ့။ကျွန်မ အဲ့လူနဲ့ စကားပြောကြည့်ဖို့သေးတယ်။မသတ်လိုက်နဲ့နော် ကျေးဇူးပြုပြီး"
     ဒါပေမယ့် အေဒီရာ့စကားသံကို ကြားပြီးနောက်မှာတော့ ကေဆီမီရာနဲ့ ထရီတန်တို့ဟာ ထိုလူကို သတ်မယ့်အတွေးတွေကို လျော့ချလိုက်တယ်။
        ဒါပေမယ့် သူမက မနှိပ်စက်နဲ့လို့တော့ မပြောဘူးလေ
      ထရီတန်ဟာ အလျင်အမြန်ဘဲ ကေဆီမီရာ့အမိန့််ကို ရိုမန်တို့ကို သွားပြောပြီး ချက်ခြင်းပဲ ကေဆီမီရာတို့ဆီကို ပြန်လာလိုက်တယ်။သူ့အနေနဲ့ အေဒီရာ၏ခုလိုအခြေအနေနဲ့ ကေဆီမီရာဟာ သူမကို ဘာမှမလုပ်နိုင်အောင် သေချာစောင့်ကြည့်ရမည်။
        သူက မင်းသားတပါးဘဲ။ဘာကိုလုပ်သင့်တယ်မလုပ်သင့်ဘူး သူသိမှာပါ။
...........
       အဲ့အချိန် ခန်းမထဲမှာတော့ ကေဆီမီရာရဲ့အမိန့်ကြောင့် ဘုရင်ကြီးတို့အပါအဝင် အားလုံးဟာ  ရှုပ်ထွးကုန်ကြတယ်။
       ကိုယ်ရံတော်စစ်သည်တွေဟာ ခန်းမရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားပြီး အားလုံးကို ခန်းမထဲမှာဘဲ ရှိနေစေလိုက်တယ်။
       ကေဆီမီရာဟာ ခန်းမထဲကိုရောက်လာပြီး သူ့ရဲ့ အေးစက်ပြီး တိမ်တိုက်ဖုံးနေတဲ့အရောင်အဝါတွေနဲ့အတင် စင်မြင့်ပေါ်မှာ ရပ်လိုက်တယ်။
       သူက ကြောက်ရွံ့စေနိုင်သော ဖိအားအပြည့်နဲ့ ပြောလိုက်တယ်။
                "သခင်မလေး အေဒီရာ ရေမီရာ အေရာ ဆလယ်ဗားရစ်။သူမ ဘယ်သူလဲဆိုတာ အားလုံးသိကြတယ်မဟုတ်လား"
      သူရဲ့ဖိနှိပ်ထားတဲ့ အရောင်အဝါတွေအောက်မှာ ဘယ်သူကမှ အဖြေပေးဖို့ မဝံ့ရံကြဘူး။
     အားလုံးက ဖြေမလာတဲ့အခါမှာတော့ ကေဆီမီရာက စကားကိုဆက်ပြောလိုက်တယ်။
           "သိရဲ့သားနဲ့ မင်းတို့ထဲက တစ်စုံတစ်ယောက်က သူမကို ထိခိုက်စေခဲ့တယ်"
      သူက ပြောပြီးတာနဲ့ သူ့အမိန့်ကိုစောင့်နေသော ဝိလီယမ်ကို ခေါင်းငြိမ့်ပြလိုက်ပြီး အမိန့်ပေးလိုက်တယ်။
             "အားလုံးကို ရှာကြစမ်း"
      စစ်သည်တွေအားလုံးဟာ ဘာကိုရှာဖွေရမယ်ဆိုတာ သိထားပြီး ဖြစ်တာကြောင့် သူတို့ဟာ ချက်ခြင်းပဲ ရှာဖွေလိုက်ကြတယ်။သူတို့ကံကောင်းရင်တော့ ဆေးသယ်လာသူကို ချက်ခြင်းတွေ့မှာပင်။
       ဒါပေမယ့် လူအားလုံးကို အကြမ်းဖျင်းရှာပြီးချိန်ထိ သူတို့ဟာ ဘာကိုမှမတွေ့ရလေဘူး။
      အာလုံးဟာ ခုချိန်မှာတော့ သူတို့အသက်တွေအတွက် အလွန်ကြောက်ရွံ့နေကြလေတယ်။သူတို့ဟာ ခုလိုလုပ်ခံရတာနဲ့ပတ်သတ်ပြီး စောဒကတက်လိုပေမယ့် ဘယ်သူကမှ မပြောရဲလေးဘူး။
             "အရှင်မင်းသား အားလုံးကို ရှာပြီးပါပြီ။ဘယ်သူကမှ ဆေးသယ်မလာပါဘူး"
       ဝိလီယမ်က ဒါကိုပြောလာတဲ့အချိန်မှာ ကေဆီမီရာက ဒီအတွက် ကောက်ချက်ချနှင်နေပြီး ဖြစ်တယ်။
       ဆေးခတ်သူဟာ ဆေးခတ်ပြီးပြီးချင်မှာ ထွက်သွားတာလား ဒါမှမဟုတ် ဆေးကို လုံခြုံတဲ့တနေရာမှာ ဖွက်ထားတာလား ဆိုတာ မသေချာပေမယ့် ဒါက သူထိုလူကို မဖမ်းနိုင်တော့ဘူးလို့ မဆိုလိုပေ။
         ကြည့်ရတာ တရားခံက ထင်တာထက် ပိုထက်မြက်တာပဲ။
         "အသင်တို့အားလုံးက ရိုသားမှုကို သက်သေပြခဲ့ပြီးဆိုတော့ ကျနော်က ဒီမှာ ရှိတဲ့လူအားလုံးကို တောင်းပန်ပါတယ်"
      သူက ပြောပြောဆိုဆိုပဲ အစေခံတွေကို ဒီမှာရှိတဲ့ လူအားလုံးကို ရှန်ပိန်တခွက်စီ လိုက်ပေးစေလိုက်တယ်။
       သူက တောင်းပန်တယ်ဆိုပေမယ့် သူ့ပုံစံက အဲ့လိုလည်း မဟုတ်နေဘူး။သူတို့က ဘယ်လို ဒီသောက်စရာကို စိတ်အေးလက်အေး သောက်နိုင်မှာတဲ့လဲ။
             "ကျနော့်အနေနဲ့ အားလုံးကို အရှင်မင်းကြီးရဲ့ အနှစ်သက်ဆုံးတွေထဲက တခုနဲ့ တောင်းပန်ပါရစေ။အားလုံးပဲ တစ်ငုံစီဖြစ်ဖြစ် သောက်လိုက်ကြပါဦး။အရသာအတွက်တော့ ကျနော်အာမခံပါတယ်။"
      Damn!သူတို့အတွက်တော့ ကေဆီမီရာ ပြောတာဟနားထောင်မိလေလေ ပိုပြီးလန့်လာလေလေပါပဲ။ဒီည သူက စကားအများကြီး ပြောနေပြီး စကားလုံးတိုင်းကလည်း တမျိုးဆောင်နေပြန်တယ်။
      ဒီရှန်ပိန်ထဲမှာ အဆိပ်တွေများ ခပ်ထားသလား။
      ဒါပေမယ့် မငြင်းဆန်နိုင်စွာဘဲ အားလုံးက သူ့စကားအတိုင်း သောက်လိုက်ကြတယ်။သူတို့အနေနဲ့ တောင့်တင်းပြီး ကြောက်လန့်နေတာကြောင့် ရှန်ပိန်ရဲ့အရသာကိုတောင် မခံစားမိလေဘူး။သူတို့ရဲ့ လျှာတွေက နာကျင်ပြီး ထုံနေသလိုမျိုးပဲ။
          ကျေးဇူးပြုပြီး သူ့မိန်းကလေးကို နာကျင်စေသူရေ
          ကျေးဇူးပြုပြီး ငါတို့တောင်းပန်ပါတယ်  ထွက်လာလိုက်ပါ
      သူ့တို့နှလုံးသားတွေထဲကနေ ဒါကို တောင်းဆိုမိလိုက်ကြတယ်။သူတို့အနေနဲ့ ဒီဖိအားက ဆလယ်ဗားရစ်မိန်မပျိုကလေးကို ထိခိုက်အောင်လုပ်သူကို မတွေ့မချင်း လျော့ကျသွားမှာ မဟုတ်တာကို သေချာသိနေလေတယ်။
     ဘယ်ငတုံးကများ ဒီလို အားလုံးကချစ်ခင်ထားသူကို နာကျင်စေရဲတာလဲ။အဲ့သူက အင်ပါယာရဲ့ အင်အားအကြီးဆုံး မိသားစုကိုသာမက မထိသင့်သော လူတယောက်ကိုပါ ရန်စလိုက်တာပဲ။သူက နောက်တစ်ရက် နေထွက်တာကို မမြင်ချင်တော့ဘူးပဲ။
        ကေဆီက အားလုံးသောက်စရာရှိတာ သောက်လိုက်တာကိုသေချာစောင့်ကြည့်ပြီး အမူအရာတွေကို အကဲခတာလိုက်ပေမယ့် ထူးခြားတဲ့အမူအရာမျိုး ရှိမလာလေဘူး။
         ဟင်း  ကောင်းကောင်းပုန်းနေသားပဲ
         "အားလုံးကို လန့်သွားစေမိလို့ တောင်းပန်ပါတယ်"
       သူက အားလုံးကို ငရဲခေါ်သွားမည့် နတ်ဆိုးတစ်ကောင်လို ပြုံးကာ ပြောလိုက်တယ်။
       အားလုံးကတော့ သူဒီလို ထပ်မပြုံးဖို့ ဆုတောင်းမိလိုက်တယ်။
       ကေဆီမီရာဟာ စစ်သည်တွေကို တံခါးကို ပြန်ဖွင့်စေလိုက်တယ်။အဆင့်မြင့်တွေဟာ အဲ့အချိန်ထိ သူ့ဆီကနေ အကြည့်မလွှဲရဲဘဲ တချက်မှ မလုပ်ရဲလေဘူး။ခုချိန်မှာ သူ့တို့ရဲ့ အသက်ရှုသံပြင်းပြင်းကတောင် သူ့တို့အသက်ကိုယူသွားနိုင်တယ်လို့ အားလုံးက ခံစားနေရလေတယ်။
        ကေဆီမီရာဟာ စင်မြင့်ပေါ်ကနေဆင်းလာပြီး အဆင်မြင့်တစ်ယောက်ကို လက်ဆွဲနှုတ်ဆက်ရင်းက ပြောလိုက်တယ်။
             "အားလုံးပဲ လွတ်လွတ်လပ်လပ်သွားနိုင်ပါတယ်"
        နှုတ်ဆက်ခံရတဲ့ အဆင့်မြင့်ဟာ လန့်ပြီး သူ့ကိုယ်သူ ဆဲမိတော့မလို့။ဆဲမိလိုက်ရင်တော့ သု့ဘဝကြီး သွားတော့မှာဘဲ။သူကတော့ လုံးဝသေပြီပဲ။
       ကေဆီမီရာဟာ အဆင်မြင့်တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်ပြီး တံခါးဆီကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလေတယ်။
          အစပိုင်းမှာတော့အားလုံးဟာ လန့်နေကြသေးပေမယ့် လူအနည်းကို အဲ့လိုလုပ်ပေးပြီးချိန်မှာတော့ စိတ်အေးလက်အေး ဖြစ်သွားကြပြီး ကပွဲကနေ ထွက်ခွာခဲ့ကြတယ်။
     ဘုရင်ကြီးနဲ့ဆလယ်ဗားရစ်မိသားစုဟာ ကေဆီမီရာ၏လုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး ရှုပ်ထွေးသွားကြပေမယ့် ဘာမှတော့ ဝင်မပြောကြလေဘူး။ဒါကို သူ့ဆီမှာ အပြည့်အဝလွှဲထားလို့ ရတယ်ဆိုတာ သူတို့သိတယ်။
        လူအတော်နည်းသွားပြီး ကေဆီမီရာဟာ ဒီအတိုင်းပဲ လက်ဆွဲနှုတ်ဆက်လိုက်နေခဲ့တယ်။
        ကိုယ်ပေါ်ကနေ ထူးခြားနေသော အနံ့တခုရှိနေသော လူတစ်ယောက်ကို နှုတ်ဆက်မိချိန်ထိပေါ့။
             "မင်းကို မိပြီ''

She become a passive villainess-not(trans)Where stories live. Discover now