ကြမ္မာဆိုးတစ်ခုလို

2.7K 269 4
                                    

ကဲ အရားအားလုံးပြန်တွေးကြည့်ရအောင်
ငါက ခြောက်နှစ်ကလေးအရွယ်ကိုပြန်ရောက်လာတယ်။အဲ့အခိျန်မှာ ဘာမှကြီးကြီးမားမား ပြသာနာ မရှိသေးဘူး။ငါမှတ်မိတာ မမှားဘူးဆိုရင် နောက်ရက်အနည်းငယ်အတွင်းမှာ ငါ့မိဘတွေဟာ ထိုမကောင်းဆိုးဝါးမိသားစုရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို လက်ခံလိမ့်မယ်။
သူမအနှစ်သက်ဆုံး အစေခံမလေးဖြစ်တဲ့ လီဖာကိုယ်တိုင် နှပ်ပေးထားတဲ့ သူမအကြိုက်ဆုံး ခယ်လ်မိုလလ်
လက်ဖက်ရည်ကို သောက်ရင်း အရာရာကိုတွေးနေမိတယ်။ဒီရှုပ်ထွေးလှတဲ့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်လာပြီးနောက်မှာ အရာရာကို စိုးရိမ်ကြီးပြီး ကြောက်လန့်လွယ်တဲ့ လီဖာကို မှတ်မိဖို့ အချိန်အတော် ယူလိုက်ရတယ်။
"သခင်မလေး ခယ်လ်မိုလလ် ကိုနှစ်သက်ပါသလား''လီဖာဟာ သူမရှေ့ကို အချိုပွဲတွေ ချပေးရင်းနဲ့ မေးလာတယ်။အေဒီရာဟာ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ကြင်နာစွာ ပြုံးပြလိုက်တယ်။ထိုအပြုံးက အရင်က ဆိုးသွမ်းလှတဲ့ အေဒီရာ ငယ်လေးရဲ့ပုံစံကို လုံးဝပျောက်ကွယ်သွားစေနိုင်လောက်တယ်။
သူမရဲ့ ဒုတိယအကြိမ် ပြန်လည်ရှင်သန်လာပြီးနောက် တစ်ပတ် ဒုတိယအကြိမ် အဖျားတတ်တဲ့ချိန်ကနေ ရက်အနည်းငယ်ရှိသွားပြီ ဖြစ်တယ်။သူမဟာ သူမခေါင်းထဲမှာ အရင်အချက်အလက်အားလုံးကို ပြန်လည်သုံးသပ်ရင်း ဒီစေ့စပ်ပွဲ စီစဉ်မှုကနေလွဲအောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေခဲ့တယ်။သူမဟာ စိတ်ပိုင်းတည်ငြိမ်မှုရှိအောင်လည်း ကြိုးစားနေရသေးသည်။
ဆယ်လ်ဗားရစ်အိမ်တော်ဝန်းရဲ့ အစေခံတွေ ဟာလည်းသူတို့သခင်မလေးရဲ့ ရုတ်တရက်ပြောင်းလဲမှုတွေကြောင့် အံသြကုန်ကြတယ်။သူမက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူတို့ရဲ့ ဆိုးသွမ်းလှတဲ့ သခင်မလေးနေရာမှာ ကြင်နာတတ်တဲ့ နတ်သမီးတစ်ပါး အစားထိုးဝင်ရောက်လာသလို ခံစားနေရတယ်။
လွန်ခဲ့လှသော တစ်ပတ်ကပဲ သူမအား အစေခံတချို့ကို သူတို့လုပ်ထားတဲ့ အမှားလေးကြောင့် ကြာပွတ်နဲ့ ရိုက်ခဲ့သေးသည်။ဒါ့အပြင် သူမဟာ သူမရဲ့ဦးနှောက်လေးနဲ့အဓိပ္ပါယ်မရှိတဲ့ အရာတွေကို လုပ်ခိုင်းတတ်သေးသည်။ သူမက အခွင့်ရေးရရင်ရသလို အစေခံတွေအပေါ်မှာလည်း နှိပ်ဆက်တတ်သေးသည်။
ဒါပေမယ် ခုတော့ သူမက ကြင်နာပြီး တည်ငြိမ်တယ်။သူမရဲ့ဟန်ပန်ဟာ ရင့်ကျက်နေတယ်။ သူမဟာ အစေခံတွေကို တွေ့တိုင်းမှာ ပြုံးပြနှုတ်ဆက်တတ်သေးသည်။သူတို့ကို ကျေးဇူးတင်ပြီး တောင်းပန်မှုတွေတောင် ပြုလုပ်လာတယ်။
"အဖျားရောဂါက သူမခေါင်းထဲက မကောင်းဆိုးဝါးစိတ်လေးကို ပြောင်းလဲလိုက်တာများလား။''သူမသခင်မလေးရဲ့ ပြောင်းလဲမှုကို အံ့သြနေတဲ့ အစေခံတစ်ယောက်ဟာ သူ့ရဲ့ အဖော်ဖြစ်တဲ့ အစေခံတစ်ယောက်ကို တိုးတိုးလေးပြောလိုက်တယ်။
"ရှုး ဘယ်ချိန်မှာ သုူမဟာ ထပ်ပြီးဆိုးဝါးလာလိမ့်မယ်ဆိုတာမသိဘူး။သတိထားနေတာ ငါတို့အတွက်အကောင်းဆုံးပဲ''ထိုအစေခံမလေးက သူတိုသခင်မလေး ယခုပုံစံလေးအတိုင်းပဲ အမြဲတမ်းရှိနေစေဖို့ ဆုတောင်းရင်း ပြန်ပြောလိုက်တယ်။
အေဒီရာဟာ သူမအကြောင်းကို ပြောနေတဲ့ အစေခံလေးတွေဘက်ကို အကြည့်တချက်ပို့လိုက်တယ်။အဲ့ချိန်မှပဲ သူတို့ဟာ သူတို့သွားမယ့်လမ်းကို ဆက်သွားကြတယ်။သူတို့သခင်မလေးက သူတို့ဘဝကို မနှုတ်ယူခင်ပေါ့။
လီဖာဟာလည်း သူတို့ဖက်ကိုတချက်ကြည့်ပြီး လက်ဖက်ရည်ကိုသာ အေးအေးဆေးဆေး သောက်သုံးနေတဲ့ သူမ သခင်မလေးဘက်ကို လှည့်ပြီး ပြောလိုက်တယ်။
"သခင်မလေး သူတို့ကို စိတ်ထဲမထားပါနဲ့။သခင်မလေးက ကမ္ဘာပေါ်မှာ အကောင်းဆုံး သခင်မလေးပါ။ကျွန်မ ကျိန်ပြောရဲပါတယ်'' လီဖာဟာ သူမလက်သီးဆုပ်ကို ရင်ဘက်မှာ ထုရင်း ပြောတယ်။
သူမအစေခံမလေးရဲ့ ယခင်ဘဝမှာရော အခုဘဝမှာရော ရှိနေတဲ့ သစ္စာတရားနဲ့ သူမအပေါ်ထားတဲ့ ယုံကြည်မှုကြောင့် ပြုံးရယ်ရယ်လိုက်တယ်။အားလုံးက အေဒီရာကို စွပ်စွဲနေကြချိန်မှာတောင် ကမ္ဘာတခုလုံးက သူမသခင်မလေးကို ဆန့်ကျင်နေချိန်မှာ သူမဟာ အပြည့်အဝယုံကြည်ပေးခဲ့တယ်။
"ငါယုံပါတယ် လီဖာ။ကျေးဇူးပါပဲ''သူမဟာ သူမရဲ့ ကျေးဇူးတင်မှုကိုဖော်ပြလိုက်တယ်။ ဒါဟာ လီဖာရဲ့ ပေးဆပ်ရမှုတွေအတွက် လုံလောက်မှုမရှိနိုင်ပေမယ့် သူမရဲ့ စိတ်ရင်းကတော့ လီဖာဆီရောက်သွားဖို့ မျှော်လင့်မိတယ်။နွေးထွေးလှတဲ့သခင်မလေးရဲ့ စကားကြောင့် လီဖာဟာ မငိုမိအောင် မျက်နှာကြက်တွေကို ကြည့်ရင်း ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းထားလိုက်တယ်။ သူမ သခင်မလေးရဲ့ရှေ့မှာ မျက်ရည်တွေကျပြီး အရှက်မရချင်ပေ။
"ကျွန်မက သခင်မလေးအပေါ်မှာ အမြဲထာဝရ သစ္စာရှိသွားမှာပါ''သူမက နောက်တကြိမ် ထပ်ပြောလိုက်တယ်။အေဒီရာဟာ လီဖာပုံစံကြောင့် နောက်တကြိမ်ရယ်မိသွားတယ်။လီဖာဟာ လုံးဝပြောင်းလဲသွားခြင်းမရှိဘူးပဲ။
ဒီနေ့လည်ဟာလည်း အေဒီရာ ကြိုက်နှစ်သက်တဲ့ တိတ်ဆိတ်ပြီး ငြိမ်းချမ်းလှတဲ့ နေလည်ခင်းလေးပါပဲ။ ဒီငြိမ်းချမ်းမှုလေးဟာ အတိတ်ဘဝက သူမရဲ့ မိုက်မဲမှုတွေကြောင့် လျစ်လျူရှုခဲ့တဲ့ အရာတစ်ခုပဲ။ဒီတကြိမ်မှာတော့ ဒီအေးချမ်းမှုလေးကို ထိန်းသိမ်းဖို့ရာအတွက် သူမ အစွမ်းကုန်ကြိုးစားရမယ်။
အဲ့အချိန်မှာပဲ အစေခံမလေးတယောက်ဟာ သူမနဲ့ လီဖာရှိရာဆီလာပြီး စိတ်လှုပ်ရှားစွာနဲ့ သူမအတွက် ကြမ္မာဆိုးတခုလို သတင်းကို ပို့ဆောင်လာလေတယ်။'''သခင်မလေး ဒလယ်ဗားရစ် မြို့စား ''
ထိုမိသားစုရဲ့ နာမည်ကို ကြားကြားချင်းပဲ အေဒီရာဟာ သောက်လက်စ လက်ဖက်ရည်ခွက်ကို ကိုင်ရင်နဲ့ အေးခဲသွားတယ်။ပြီးတော့ သူမဟာ လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပြီး စိတ်ငြိမ်အောင် ပြုလုပ်လိုက်တယ်။ လက်ဖက်ရည်မှာပါတဲ့ဓာတ်တွေက သူမအပေါ် အကျိုးသက်ရောက်မှု ရှိစေဖို့မျှော်လင့်ရတာပဲ။
သူမထိုင်ခုံကနေ အိနြေ္ဒရရနဲ့ ဖြည်းဖြည်းထလိုက်တယ်။သူမ သတ္တိရှိရှိနဲ့ ရင်ဆိုင်ရမယ့်ချိန်မဟုတ်လား။အခုမဟုတ်ရင် မဟုတ်တော့ဘူး။
လီဖာနဲ့အတူ အေဒီရာဟာ သူမရဲ ကိုယ်ပိုင်ဧည့်ဆောင်ကို ထွက်လာလိုက်တယ်။အမျိုးသမီးအစေခံတွေဟာလည်း ဒလယ်ဗားရစ်ရဲ့ ကိုယ်စားလှယ်ကို ဧည့်ခံဖို့ အတူလိုက်ပါလာကြတယ်။
အရင်ဘဝကအတိုင်း ဖြစ်မယ်ဆိုရင်တော့ ဒလယ်ဗားရစ် ရဲ့ အိမ်တော်ထိန်းမှူးဟာ ဒလယ်ဗားရစ်ကို ကိုယ်စားပြုပြီး ရောက်လာလိမ့်မယ်။မြို့စားမင်းဟာ အကြောင်းအမျိုးမျိုးကြောင့်မလာနိုင်ကြောင်း ဆင်ခြေတွေနဲ့ပေါ့။ဘယ်လိုပဲ နေနေ အေဒီရာဟာ ထိုစေ့စပ်ပွဲဟာ အစကတည်းက စုတ်ပြတ်နေခဲ့ပြီး ဘယ်နတ်ဘုးရားတွေရဲ့ ကောင်းချီးပေးမှုမှ မပါဘူးဆိုတာ ကောင်းကောင်း သိနေလေတယ်။
သူတို့မိသားစုဝင်တွေကိုယ်တိုင်ကမှ သူမနဲ့ သူမမိဘတွေကို ကိုယ်တိုင်လာမတွေ့နိုင်ရင် ငါလည်းအတူတူပဲ လုပ်ရလိမ့်မယ်။ ငါလည်းအဖေနဲ့အမေကို သူတို့နဲ့ ထွက်မတွေ့စေရဘူး။ခြောက်နှစ်အရွယ် ငါတယောက်တည်းနဲ့ လုံလောက်ပါတယ် ။
လေးလံလှတဲ့ တံခါးကြီးကိုဖွင့်ပေပြီးတဲ့နောက်မှာ လီဖာနဲ့ ကျမ်အစေခံတွေဟာ အေဒီရာ ဝင်နိုင်ဖို့ရာအတွက် ဘေးမှာရပ်ပေးလိုက်ကြတယ်။အေဒီရာဟာ ကလေးတစ်ယောက်မှာရှိရမယ့် ဟန်ပန်တွေအစား ခေါင်းကိုမော့ကာ ယုံကြည်မှုမှုရှိရှိ ရင့်ကျက်တဲ့အသွင်နဲ့ အခန်းထဲကို ဝင်လိုက်တယ်။
"ကောင်းသောနေ့လည်ခင်းပါ။ကျွန်မက အေဒီရာ ရေမီရီရာ အေရာ ဆလယ်ဗားရစ်ပါ။တွေ့ရတာ ဝမ်းသာပါတယ်။''သူမဟာ တွန်းအားပေးခံရတာမျိုး နေရခက်နေတာမျိုးမရှိဘဲ အိနြေ္ဒရစွာ နှုတ်ခွန်းဆက်လိုက်တယ်။သခင်မတစ်ပါးမှာ ရှိရမယ့်ဟန်ပန်မုရာမျိုး အပြည့်နဲ့ပေါ့။
"တွေ့ရတာ ဝမ်းသာပါတယ် သခင်မလေး အေဒီရာ''ကလေးဆန်တဲ့ အမြင့်သံနဲ့ ကောင်ငယ်လေးတစ်ယောက်က ဖြေကြားလာတဲ့ခါ သူမဟာ ရုတ်တရက် တောင့်တင်းသွားတယ်။သူမ နှုတ်ဆက်စဉ်က ခေါင်းကိုပြန်မမော့နိုင်ဘူးဖြစ်တယ်။
သူမ မော့မကြည့်ရဲ့တော့ဘူး။သူမက ဝင်လာကတည်းက သူတို့ဘက်ကို မကြည့်ခဲ့ဘူး။ခုပြန်လာတဲ့ အချိန်ထိပေါ့။
ဒါ မဖြစ်နိုင်ဘူး။ဒါပေမယ့် ခုဖြစ်လာနေတယ်။ကောင်စုတ်လေးက သူကိုယ်တိုင် ရောက်ချလာတယ်။
"ကျေးဇူးပြုပြီး ခေါင်းကို မော့ပါဦး သခင်မလေး''အေဒီရာရဲ့ မလှုပ်မယှက်အမူအရာကြောင့် သူက ထပ်ပြော လိုက်တယ်။
သူမ ကြောက်သည်။
သူ့ကိုထပ်တွေ့ရင် အရာအားလုံး အရင်ဘဝကအတိုင်း ပြန်ဖြစ်သွားမှာကို ကြောက်မိသည်။အရင်က အမှားတွေ ထပ်လုပ်မိမှာကိုလည်း ကြောက်မိသည်။
သူမဟာ သူမကိုသူမ အရာအားလုံးခုကစ ပြောင်းလဲနိုင်မှာပါလို့ အပြန်ပြန်သတိပေးရင်း သက်ပြင်းတချက် တိုးတိုးချလိုက်တယ်။အတိတ်က အတိုင်ပြန်မဖြစ်လာအောင် လုပ်ရမည်။ သူ့အပေါ် သုမအချစ်တွေက အရင်ဘဝကတည့်ကုန်ဆုံးခဲ့ပြီ။အခု သူမ အဆင်ပြေသင့်ပါပြီ။
သူနဲ့ မျက်နှာချင်းဆိုင်ဖို့အတွက် သူ့ဆီကို အကြည့်ပို့လိုက်မိစဉ်မှာပဲ အရင်ဘဝတုန်းက သူ့အပေါ်ကို ရူးရူးမူးမူး စွဲလမ်းစေနိုင်တဲ့ ကြင်နာမှုတွေပျော်ဝင်နေတဲ့ အကြည့်တချက်ကို တွေ့လိုက်ရတယ်။
"မင်္ဂလာပါ သခင်မလေး အေဒီရာ ကျွန်တော်က ထရီတန် အူရေလီယမ် ဂေလယ် ဒလယ်ဗားရစ်ပါ။ဒလယ်ဗားရစ် မြို့စားကြီးရဲ့ ပထမဆုံးသာကြီးဖြစ်ပြီး အသင်နဲ့ စေ့စပ်ကြောင်းလမ်းဖို့ရာအတွက် သင့်မိဘတွေဆီကနေ ခွင့်ပြုချက် လာတောင်းခံခြင်းဖြစ်ပါတယ်''သူက ပြုံးတယ်။
ဘာ.....ဘာကြောင့် သင်က ဒီမှာရှိနေတာလဲ

She become a passive villainess-not(trans)Where stories live. Discover now