To Conquer him

735 111 2
                                    

     To conquer him

          "အရှင်မင်းသမီး ,ပထမမင်းသားရဲ့ ရထားလုံးရောက်လာပါပြီ"
      သူမနဲ့အတူ အင်ပါယာကိုလိုက်လာခဲ့တဲ့ အစေခံက လာရောက်သတင်းပို့လာတဲ့အခါမှာတော့ သူမမျက်နှာပေါ်မှာ ပေါင်ဒါမှုန့်အနည်းငယ်ကိုပုတ်လိုက်ပြီး ခေါင်းငြိမ့်ဖြေကြားလိုက်တယ်။
           "ဒီနေ့တော့ အလှလေးကို တွေ့ရမယ်လို့ ငါလောင်းရဲတယ်"
       သူမက တိုးတိုးလေး ရေရွတ်လိုက်ပြီး အစေခံမလေးနောက်ကနေ လိုက်ထွက်လိုက်တယ်။
        ကေဆီမီရာက သူမကို မနေ့ကတုန်းကအတိုင်း အေးစက်တဲ့ အငွေ့အသက်တွေနဲ့အတူ နှုတ်ဆက်အရိုအသေပြုလိုက်ပြီး ရထားလုံးပေါ်တက်ဖို့ ကူပေးလိုက်တယ်။
             "ဒီနေ့တော့ ဘယ်တွေကို သွားမှာပါလဲ အရှင်မင်းသား ကေဆီမီရာ"
       သီရာက သူတို့နှစ်ဦးကြားက အေးစက်တိတ်ဆိတ်နေမှုကိုဖြိုခွင်းဖို့ရာ စပြီးမးလိုက်တယ်။
              "အသင့် ခရီးကိုဆက်ရမှာပေါ့ မင်းသမီး။ကျွန်ုပ်တို့ မနေ့က ရပ်ခဲ့တဲ့နေရာကနေ ဆက်သွားကြမှာပါ"
      ကေဆီမီရာက လိုရင်းတိုရှင်းနဲ့ဖြေလာခဲ့တယ်။သူ့ပုံစံက စိတ်မကြည်သလို ဖြစ်နေဆဲပါပဲ။
             "အမ် ...မင်းသားက ဒီနေ့လည်း မင်းသားရဲ့ကြင်ယာတော်ငယ်လေးကို ခေါ်ဆောင်မလာပါ့လား။ဘာကြောင့်များပါလိမ့်"
       သူမက မျက်ခုံးတဖက်ပင့်ကာ အပြုံးတပွင့်နဲ့အတူ ထပ်မေးလိုက်တယ်။သူမက ကေဆီမီရာ အမှန်အတိုင်းဖြေလာဖို့ တွန်းအားပေးပြီး စနောက်လိုဟန် ဖြစ်နေခဲ့တယ်။
             "သူမက ဒီနေ့အလုပ်ရှုပ်နေလို့ပါ။သူမမှာ အရင်ချိန်းဆိုထားတာတွေရှိနေလို့ပါတဲ့။မင်းသမီးကို တောင်းပန်ကြောင်း စကားအမှာပါးလိုက်ပါတယ်။"
      မင်းသမီးက နားလည်ကြောင်း ခေါင်းငြိမ့်ပြပြီးတဲ့အချိန်မှာတော့ သူတို့ဟာ တဖန်တိတ်ဆိတ်သွားခဲ့တယ်။ကေဆီမီရာဟာ တကယ်ကို စကားအများပြီးပြောတဲ့သူမဟုတ်တာကြောင့် သူနဲ့ဆက်ဆံစကားပြောဖို့ရာက အတော်ခက်ခဲလေတယ်။
      သူမအနေနဲ့ သူဟာ အိမ်ရှေ့စံတပါးအနေနဲ့ တာဝန်အရ သူမကို အဖော်ပြုပေးနေတာမဟုတ်ဘူးလို့ မခံစားရတဲ့အချိန်မရှိခဲ့လေဘူး။
      ဒါကပဲ သူမ သူ့ကို သိမ်းပိုက်လုယူလိုချင်စိတ်ပေါ်လာလေတယ်။
     လမ်းပေါ်မှာရှိနေတဲ့ ရှုခင်းတွေကို ကြည့်ပြီးအတွေးလွင့်နေသော သူကို ကြည့်ရင်း သူမနှုတ်ခမ်းမှာ မဲ့ပြုံးတချက်က တွဲခိုလာခဲ့တယ်။
       ..........
      သူတို့နေ့လည်စာစားပြီးချိန်မှာတော့ ကေဆီမီရာနဲ့ သီရာတို့ဟာ မုန့်ချိုတွေရောင်းတဲ့ဆိုင်ကို ဝင်လိုက်ကြတယ်။မင်းသမီးက မြည်းစမ်းကြည့်ပြီး တချို့ကို သယ်ဆောင်သွားလိုကြောင့်ဖြစ်သည်။
      ကေဆီမီရာက သီရာအတွက် တံခါးဖွင့်ပေးတဲ့အခါမှာတော့ ခေါင်လောင်းသံ မြည်လာပြီး ချစ်စရာကောင်ငယ်လေးတစ်ယောက်က သူတို့ကို နှုတ်ဆက်လာလေတယ်။
           "ကြိုဆိုပါ..အင်မ်"
            "ဟမ်?"
      ထိုကောင်ငယ်လေးကသူတို့ကို စိုက်ကြည့်ပြီး အဓိက    သူမဘေးနားက လူကို ကြည့်ကာ နှုတ်ဆက်ခြင်းကို ကမန်းကတန်းဖြစ်စွာ ရပ်တန့်သွားတာကြောင့် သီရာက မျက်ခုံးပင့်ကာ အသံပြုလိုက်တယ်။
             "အ...အရှင်မင်းသားနဲ့. အမ်..."
             "သူမက အင်ပါယာရဲ့ဧည့်သည် သီရာ ရိုဇယ်ဗာ ဘေရာ အယ်လ်လယ်သီပါ"
        'ဒီလို ဆိုင်အကူကို သူမကို ဒီလိုနှုတ်ဆက်ပေးနေဖို့ လိုအပ်လို့လား'
             "ဟယ်လို  ကျွန်မက သီရာပါ ရှင်က___?"
             "ကျွန်တော့်နာမည်ကို သိဖို့ မင်းသမီးအချိန်တွေကို အလာကားအဖြစ်မခံပါနဲ့။ဒါနဲ့ မုန့်တွေအတွက် မင်းသမီး ကြိုက်နှစ်သက်တဲ့ အရသာများအမျိုးအစားများ ရှိပါသလား"
       ကောင်ငယ်လေးက သူ့နောက်မှာ ပန်းတွေပန်းတွေပွင့်နေသလို အပြုံးတခုနဲ့အတူ ချောမွေ့စွာ သူတို့ကို ဆိုင်အတွင်းကို လှည့်လည်ပြသပြီး သွက်လက်စွာ မုန့်တွေကို မိတ်ဆက်ပေးကာ ဟိုဟိုဒီဒီ သူ အကြံပြုတဲ့မုန့်အမျိုးအစားတွေကိုပါ ပြောပြလေတယ်။
       သူက သူချစ်ရတဲ့မုန့်တွေအတွက် သူ့ရဲ့အရာအားလုံးကို ပုံအောထားပုံ ပေါ်နေလေတယ်။
       သီရာက ချောမောလှတဲ့ကောင်ငယ်လေးကြောင့် ချစ်ခင်ဖွယ် ရယ်မောလိုက်တယ်။သူက မင်းသားတပါး မဟုတ်ဘူး အဆင့်မြင့်မျိုးနွယ်က ဖြစ်ရင်တောင် သူမ သူ့ကို လက်ထပ်ဖို့ ရွေးချယ်မိမှာပင်။
       ထိုကောင်လေးက သူရဲ့တည်ရှိမှုတခုလုံးရဲ့ သူ့တစ်ကိုယ်လုံးရဲ့အပေါက်ငယ်လေးတွေကစ တစိမ့်စမ့်ထွက်ကျနေတဲ့ သူ့မုန့်တွေအပေါ် ချစ်ခင်နေမှုကို ကြည့်ရင်းက တွေးလိုက်မိတယ်။
           "ရှင်က အချိုမုန့်တွေကို ချစ်တတ်ဟန် တူပါရဲ့ ဟင်"
           "အိုးးအမ်..ဟုတ်မယ် ထင်ပါရဲ့"
           "ရှင့် အသားအရေကကောင်းလိုက်တာ။ပြောစမ်းပါဦး။ရှင်ဘာတွေကိုများ အသုံးပြုလဲဟင်"
        သီရာက သူ့ရဲ့ ကြွေထည်လို ဖြူစင်နေတဲ့ အသားအရေကို သတိပြုမိပြီး မိန်းကလေးတစ်ယောက်လိုကို နူးညံ့ပြီး ပျော့ပြောင်းနေတဲ့ အသားအရေတို့ကို တို့ဆိတ်ကြည့်ရင်းက မေးလိုက်တယ်။
             "ကျွန်.. ကျွန်တော့်အနေနဲ့ ဘာမှ ထူးထူးခြားခြား သုံးလေ့မရှိပါဘူးမင်းသမီး။ကျွန်တော့်အသားအရေက အထိမခံမို့ ပေါင်ဒါတွေနဲ့ ဓာတ်တည့်လေ့မရှိပါဘူး"
        သီရာက သူ့တစ်ကိုယ်လုံးကို ကြည့်ပြီး ထိလိုက်ကိုင်လိုက် သူ့ပါးကို တို့ထိကြည့်လိုက်လုပ်နေတာကို ခံစားလိုက်မိရင်းက သူကဖြေလိုက်တယ်။
             "ရှင်က ယောင်္ကျားလေးတစ်ယောက်နဲ့ လှလွန်းလိုက်တာ။ရှင်သာ မိန်းကလေးတစ်ယောက်ဆိုရင် အတော်ချစ်စရာကောင်းတဲ့မိနိးကလေး ဖြစ်မှာ"
          'ရှင်သာ အမတ်ငယ်တို့ဘာတို့ဆို ပိုပြည့်စုံသွားမှာ'
       သူမက ကောင်ငယ်လေးရဲ့အသားအရေကို မနာလိုဖြစ်မိရင်း ချီကျူးစကားဆိုလိုက်တယ်။နောက်တော့ သူမတို့က လာရင်းကို ပြန်ရောက်သွားပြီး သူအကြံပေးတဲ့အထဲက မုန့်တချို့ကို ယူခဲ့လိုက်တယ်။
         အစကအဆုံးတိတ်ဆိတ်နေခဲ့တဲ့ ကေဆီမီရာက နောက်ဆုံး မင်းသမီး ပြန်ထွက်ဖို့ရာ မိန်းကလေးကို အလေးထားသည့် ရိုးရာ အတိုင်း တံခါးဖွင့်ပေးလိုက်ပြီး အပြင်ရောက်ကာမှ သူ၏ကြင်ယာတော်အတွက်လည်း အနည်းငယ်ဝယ်ချင်သည်ဟု မင်းသမီးကို ပြောကာ ဆိုင်အတွင်းကို ပြန်ဝင်ခဲ့လိုက်တယ်။
            "ကြိုဆို__ရှင်ဘာလို့ ပြန်လာတာလဲ"
            "မင်းက ဒီမှာ ဘယ်လိုရောက်နေတာလဲ။ဒီအဝတ်အစားတွေနဲ့လေ"
      သူက သူ့ကို နှုတ်ခမ်းစူကာ ကြည့်နေသည့်ကောင်ငယ်လေးကို ရင်ဘက်ကိုကော့ လက်နှစ်ဖက်ကို ပိုက်ထားရင်းက တင်းကျပ်သည့်ဟန် စိုက်ကြည့်ကာ မေးလိုက်တယ်။
          'တကယ်ကိုပဲ။ဒီလူကြီးရဲ့မျက်လုံးထဲကနေ ဘယ်လို အယောင်ဆောင်တာမှ မလွှတ်ထွက်သွားနိုင်ဘူးပဲ"
             "ကျွန်...ကျွန်မ ဒီဆိုင်ရှင်နဲ့ ကတိထားတာ ရှိတယ်။ကျွန်မ သူ့ကို ကူလုပ်ပေးရင် သူအသစ်လုပ်ထားတဲ့ မီးနူးကို ကျွန်မကို ပထမဆုံးမြည်းစမ်းခွင့်ပေးမှာ"
      သူက တိုးတိုးလေးဖြေလာပြီး သူ့အသံက တဖြည်းဖြည်းနဲ့ မိန်းကလေးဆန်လာလေတယ်။
            "ကိတ်လေးတခုနဲ့အတွက်ပေါ့လေ?"
            "ဒါက ကိတ်တစ်ခုပဲ မဟုတ်ဘူး။ဒါက ချောကလက်အလွှာလေးတွေနဲ့အတူ အပေါ်မှာလည်း ချောကလက်မှုန့်လေးတွေဖြူးထားတဲ့ချောကလက်ကိတ်။ဒါက ချောကလက်တွေနဲ့ပဲ လုပ်ထားတဲ့ ချောကလက်နန်းတော်ကြီးရှင့်"
       အေဒီရာဟာ ဈေးဝယ်သူကို သူမရဲ့ ထုတ်ကုန်အသစ်အကြောင်း ပြောနေသော ဈေးရောင်းသူလို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောလိုက်တယ်။
       ကေဆီမီရာဟာ နောက်ဆုံးတော့ သူ့ဇနီးလောင်းလေးရဲ့ ရွှတ်နောက်နောက်လုပ်ရပ်ကို အရှုံးပေးသလို သက်ပြင်းတချက်ချလိုက်ပြီး သူမခေါင်းကို အသာပုတ်ပေးလိုက်တယ်။
            "ဂရုစိုက်နော်ဟုတ်ပြီလား"
      နောက်တော့ သူက အပြင်မှာစောင့်နေတဲ့ မင်းသမီးကို မှီဖို့ရာ ပြန်ထွက်ဖို့ လှည့်လိုက်တယ်။
             "ကေဆီ"
        ကေဆီမီရာက သူမ သူ့ကိုခေါ်တာကိုကြားလိုက်မိပြီး ပြန်လှည့်မကြည့်မိခင်မှာဘဲ သူ့ကိုယ်ဟာ အောက်ကို အဆွဲခံလိုက်ရပြီး နွေးထွေးတဲ့နှုတ်ခမ်းတစုံရဲ့ ထိတွေ့မှုကို သူ့ပါးပေါ်ကနေ ခံစားလိုက်ရတယ်။
             "ကျွန်မအပေါ် မဖောက်ပြန်နဲ့နော်"
       သူမက ရှက်စိတ်ကြောင့် မီးခိုးထွက်တော့မတတ်ပူလောင်မှုကြောင့် နီရဲနေသော မျက်နှာနဲ့အတူ သတိပေးစကားဆိုလိုက်တယ်။
        ကေဆီက ပြောစရာစကား မဲ့နေခဲ့တယ်။သူက တောင့်တောင့်ကြီး အဲ့နေရာမှာ ရပ်နေမိလေတယ်။အေဒီရာဟာ သူမရဲ့ နီရဲနေတဲ့ မျက်နှာကို ဖုံးကွယ်နိုင်ဖို့ သူ့ကို ဆိုင်အပြင်ကို တွန်းထုတ်လိုက်တယ်။
       တံခါးပိတ်သံနဲ့အတူ သူအသိဝင်လာချိန်မှာတော့ အထဲကို ပြန်ဝင်နိုင်ဖို့ရာ တံခါးကို ဖွင့်လိုက်တယ်။ဒါပေမယ့်နောက်ကျစွာနဲ့ဘဲ  သူ့မိန်းမလေးဟာ သူ့ဆီကနေ ပုန်းကွယ်ဖို့ရာ တံခါးကို လော့ချထားနှင့်ပြီးသား ဖြစ်နေခဲ့တယ်။
         'Damn it!အေဒီရာ ဒါကတော့ ကိုယ့်အပေါ် မတရားလုပ်တာပဲ"
            "အရှင်မင်းသား ဘာများဖြစ်လို့ပါလဲ"
             "ဘာမှမဟုတ်ပါဘူး မင်းသမီး။ကြောင်ဆိုးလေး တစ်ကောင်ပါပဲ။ကျွန်တော်က ကိုယ်တိုင်ဖမ်းမလို့လုပ်ပေမယ့် ဆိုင်ဝန်ထမ်းလေးက သူ့ဘာသာလုပ်လိုက်မယ်တဲ့"
      သူက ဆိုင်တံခါးကို တချက်ကြည့်လိုက်ရင်းက သူ့ရဲ့မင်းသားဆန်တဲ့ပုံစံကို ပြောင်းလိုက်ကာ မင်းသမီးကို ပြန်ခေါ်ဆောင်သွားလိုက်တယ်။
          'အချစ်လေး မင်းက ကိုယ့်ကို အာရုံလွင့်စေတာပဲ"
       သူ့နံရိုးအိမ်က အဆက်မပြတ်ခုန်နေမှုကို ခံစားမိရင်း တွေးလိုက်မိတယ်။ချိုမြိန်တဲ့ အချိန်တခဏလေးကြောင့် သူ့ကိုယ်တွင်းမှာ လိပ်ပြာပေါင်းများစွာဟာ ပွဲတော်ကျင်းပနေသလို ခံစားနေလေတယ်။
       သူတို့ကိုစောင့်နေတဲ့ ရထာလုံးဆီသွားရာတစ်လျောက်မှာ ကေဆီမီရာဟာ အေဒီရာရဲ့ ရုတ်တရက်အပြုအမူနဲ့ပတ်သတ်ပြီး အာရုံပျံ့လွှင့်နေတာကြောင့် သူဟာ သူ့ဆီကို ဦးတည်လာနေတံ့ မြားတစ်စင်းကို သတိမထားမိ ဖြစ်သွားခဲ့တယ်။
       ကေဆီမီရာကို စားစရာတချို့ပေးဖို့ရာ အပြင်ပြန်ထွက်လာတဲ့ အေဒီရာဟာ မြားပျံလာတာကို သတိပြုမိသွားကာ မစဉ်စားနိုင်တော့ဘဲ သူမခန္ဓာကိုယ်ဟာ အလိုအလျောက်ရွေ့သွားပြီး ကေဆီမီရာကို ကာပေးလိုက်တယ်။
       မြှားက သေစေနိုင်တဲ့နေရာတွေကိုတော့ မထိသွားလေဘူး။ဒါပေမယ့် ကေဆီမီရာ,သူက  သူ့နောက်ကနေ အလျင်လိုနေတဲ့ ခြေသံတွေကြောင့် လှည့်ကြည့်လိုက်စဉ်မှာဘဲ သူ့မိန်းမလေးဟာ သူမပခုံးပေါ်မှာ မြားတစင်းနဲ့စိုက်ဝင်လျက်သားနဲ့ သူ့ရင်ခွင်ထဲ ထိုးကျလာခဲ့တယ်။
       သူ့ကိုယ်ထဲက ဒေါသမီးက အလျင်အမြန်ဘဲ ကြီးထွားလာပြီး သူက မြားပစ်လိုက်သူကို ရှာဖွေလိုက်တယ်။
သူ့အတွက်အချိန်အများကြီး မလိုဘဲ ထိုလူကို ရှာတွေ့လိုက်တယ်။သူက အဲ့လူကို သူ့ရဲ့ကြီးမားပြီး ပြင်းထန်တဲ့ရေခဲမှော်နဲ့ပစ်လိုက်ပြီး မလှုပ်နိုင်အောင် လုပ်ထားလိုက်တယ်။
      အေဒီရာဟာ နာကျင်မှုကြောင်း ငြီးငြူလိုက်ပြီး သတ္တိရှိစွာ သူမနောက်ဘက်က မြှားကို ဆွဲနှုတ်လိုက်ကာ ကေဆီမီရာ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ ကမ်းပေးလိုက်တယ်။
            "အေဒီရာ!မင်း ဘာလို့ ဒီလို လုပ်ရတာလဲ!"
            "ကေဆီဆိုရင်လည်း ကျွန်မအတွက် လုပ်ပေးမှာဘဲ။ကျွန်မကရောဘာလို့ လုပ်မပေးနိုင်ရမလဲ"
       သူမက နာကျင်မှုကြောင့် ကေဆီမီရာ့လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်းကပဲ အပြုံးတခုကို ကြိုးစားဖန်တီးရင်း ဖြေလိုက်တယ်။
             "ငတုံးမလေး!ယောက်ျားကပဲ မိန်းမကို ကာကွယ်ပေးရမှာပေါ့!မိန်းမက မလုပ်ရဘူး!"
             "နှစ်ဘက်စလုံးက လုပ်လို့ရပါတယ် ငတုံးကြီးရဲ့"
      သူမက သူမခန္ဓာကိုယ်ထဲက အားအင်တွေ အကုန်ဆုပ်ယူခံလိုက်ရသလို ခံစားလိုက်မိပြီး သူမအသက်ရှုသံတွေက ပြင်းလာခဲ့တယ်။
      ကေဆီမီရာက လုံးဝ စိတ်ပူပြီး သူမကို မျက်စိမမှိတ်လိုက်ဖို့ရာ တောင်းဆိုနေခဲ့တယ်။သူက စစ်သည်တွေကို ထိုလူကို ဖမ်းခေါ်ခဲ့ပြီး အကျဉ်းထောင်ထဲ ထည့်ထားဖို့ အမိန့်ပေးလိုက်တယ်။
          သူ ထိုလူနဲ့ နောက်မှ စာရင်းရှင်းရမယ်။
               "စိတ်အေးအေးးထားး....ကေဆီ.... ကျွန်မ ...အဆင်ပြေပါတယ်.....သေစေနိုင်လောက်တဲ့....နေရာတွေ...ထိတာမှ. မဟုတ်ဘဲ...အဆင်ပြေပါတယ်....ရှင်...ပြည်သူတွေကို.. ထိတ်လန့်စေမိတော့မှာဘဲ....ကျွန်မ ...ပင်ပန်းနေလို့...တခဏ....အိပ်ချင်နေတာပါ...."
       ဘယ်သူထင်မလဲ။အဲ့စကားကို ပြောပြီးပြီးချင်းမှာဘဲ  သူ့ကမ္ဘာကို အလင်းပေးနိုင်ခဲ့သော သူမရဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေဟာ တဖြည်းဖြည်းချင်း မှိတ်ကျသွားခဲ့မယ်လို့လေ။
          
       'ရှင် လုပ်ကြံခံရတဲ့ အနီးအနားမှာ ကျွန်မရှိနေနိုင်လို့ ကျွန်မ အရမ်း ဝမ်းသာမိတာပဲ ကေဆီ'

She become a passive villainess-not(trans)Where stories live. Discover now